ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မောင်တောနှင့် ဘူးသီး တောင်ဒေသများသို့ ကိုယ်တိုင် သွားရောက်ရန် ကုလသမဂ္ဂကပန် ကြားခဲ့ကြောင်း သတင်းရရှိ သည်။
ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေနမ် ဘီးယားက ဒီဇင်ဘာ ၈ ရက်စွဲ ဖြင့် ကြေညာချက်ထုတ်ပြန်ရာ တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်း ၏ စိုးရိမ်မှုများကို ကြားသိနား လည်မည်ဟု ယုံကြည်ကြောင်း နမ်ဘီးယားက ဆိုသည်။
‘‘ဒါ့အပြင် အရပ်သားတွေအ ကာအကွယ်ရဖို့အတွက် ဒေါ် အောင်ဆန်းစုကြည်အနေနဲ့မောင် တောနဲ့ ဘူးသီးတောင်ဒေသတွေ ကို သွားရောက်ဖို့ပန်ကြားလိုပါ တယ်’’ဟု နမ်ဘီးယားက ပြော ကြားသည်။
ထို့အပြင် ကောလာဟလ သတင်းများနှင့် စွပ်စွဲပြောဆိုမှု များကို သတိကြီးစွာထား၍ ကိုင် တွယ်ဖြေရှင်းဆောင်ရွက်ရန် အား လုံးတွင်တာဝန်ရှိကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့်ပတ်သက်၍ သက် ဆိုင်သည့် အဖွဲ့အစည်းအားလုံး အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရန် ၎င်းက တိုက်တွန်း တောင်းဆိုခဲ့သည်။
သမ္မတရုံးဝန်ကြီးဌာနပြော ခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကမစ္စတာ နမ်ဘီးယား၏ ထုတ်ပြန်ပြောကြား ချက်သည် ပကတိအခြေအနေမှန် များ မပါဝင်ဘဲ မျှတမှုမရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအရ ကုလ သမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပြီး ဆက်လက်၍လည်း ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ် မည်ဖြစ်ကြောင်း ၎င်းက ဆို သည်။
ဆက်လက်၍ ‘‘နံပါတ်(၂) အချက်က နမ်ဘီးယားရဲ့စတိတ် မန့်မှာ လက်တွေ့ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့အခြေအနေမှန်တွေ၊ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေ ကို ဖော်ပြဖို့ပျက်ကွက်တယ်’’ ဟု ဦးဇော်ဌေးက မောင်တောနှင့် မူ ဆယ်ဒေသ တိုက်ခိုက်ခံရမှုအခြေ အနေများကို ရည်ညွှန်း၍ပြော သည်။
‘‘နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မောင်တောသွားပါ၊ ဘာလုပ်ပါ ၊ ညာလုပ်ပါဆိုတာ နိုင်ငံ့ခေါင်း ဆောင်တစ်ယောက်က သူ့အချိန် ဇယားနဲ့သူ။ ကျွန်တော်တို့ကပြည် တွင်းအခြေအနေအကုန်သိတယ်’’ဟု ဦးဇော်ဌေးကတုန့်ပြန်သည်။
သမ္မတရုံးဝန်ကြီးဌာနပြော ရေးဆိုခွင့်ရှိသူက ‘‘နိုင်ငံ့ခေါင်း ဆောင်တစ်ယောက် မောင်တော ကိုသွားပါ၊ မသွားပါ။ ဒီလိုတိုက် တွန်းတယ်ဆိုတာက ဒီဘက်ကို စွပ်ဖက်ရာကျတယ်။နိုင်ငံတကာ တိုက်တွန်းချက်တွေ၊ ထုတ်ပြန် ချက်တွေက မျှတဖို့လိုတယ်။ နမ် ဘီးယားရဲ့ ထုတ်ပြန်ချက်မှာ ခုန ပြောတဲ့ ဖြစ်စဉ်တွေမပါဘူး။ အပြုသဘော ဆောင်ရွက်ချက် တွေမပါဘူး’’ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။
http://www.7daydaily.com/story/83131
Post a Comment