0


ဆိုင်ကလုန်းမုန်တိုင်း ‘ဗာဒတ်ရှ်’ (VARDAH) သည် ပိုအားကောင်းလာကာ အိန္ဒိယနိုင်ငံကမ်းခြေသို့ ၀င်ရောက်နိုင်သော်လည်း ကမ်းရိုးတန်းဒေသများ လေပြင်းသတိပြုရန် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။ ဒီဇင်ဘာ ၈ ရက် နေ့လယ်တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်ညနှင့် ၁၃ ရက် နံနက်အစောပိုင်း၌ အိန္ဒိယနိုင်ငံ ကမ်းခြေသို့ ၀င်ရောက်နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။

ဒေါက်တာထွန်းလွင်က ‘‘မုန်တိုင်းဟာ ဗဟိုချက်မှာ လောလောဆယ် လေတိုက်နှုန်း မိုင် ၄၀ လောက်ပဲ ရှိတာ။ နောင် ၂ ရက် လောက်ဆို မိုင် ၇၀ လောက်အထိ အားကောင်းလာနိုင်တယ်။ အိန္ဒိယ ကမ်းရိုးတန်းကိုပဲ ၀င်မယ်လို့ ခန့်မှန်းထားတယ်။ ကမ်းရိုးတန်းဒေသနဲ့ ပင်လယ်ပြင်အတွက်တော့ လေပြင်းသတိပြုဖို့လိုမယ်’’ ဟု ဒီဇင်ဘာ ၉ ရက်တွင် ပြောသည်။
http://www.7daydaily.com/story/83125

Post a Comment

 
Top