ပြည်တွင်းကားဈေးကွက်အတွင်း မူဝါဒအပြောင်းအလဲများ တည်ငြိမ်မှု မရှိသေးခြင်းကြောင့် ယာဉ်အရောင်း အ၀ယ် ရပ်တန့်သည့် အနေအထား ဖြစ်ပေါ်နေသည်ဟု ကားအရောင်းအ၀ယ် လုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။
“ကားဈေးကွက်ထဲ အပြောင်းအလဲတွေ ဖြစ်မယ်ဆိုပြီး ကောလာဟလတွေ ထွက်နေတော့ ဈေးကွက်အေးပြီး အရောင်းအ၀ယ် ပါးနေတယ်၊ ဒေါ်လာပေါက်ဈေးတွေကလည်း အတက်ဘက် ရောက်နေတယ်၊ အခွန်တွေကများလာပြီး မကျဘူးဖြစ်နေတော့ အရောင်းအ၀ယ်ရော လုပ်ရကိုင်ရတာပါ ခက်နေတယ်၊ ရန်ကုန်လိုင်စင်အတွက်ကလည်း ပါကင်ပါမစ်ပိတ်ထားတယ် ဆိုတော့ ပိုဆိုးတာပေါ့” ဟု ကားဝယ်ရောင်းတစ်ဦးဖြစ်သူ ကိုဇေယျာက The Ladies သို့ပြောသည်။
လတ်တလောအခြေအနေတွင် ပြည်တွင်းကားဈေးကွက် အရောင်းအ၀ယ် ငြိမ်သက်နေပြီး ဈေးနှုန်းတည်ငြိမ်မှု မရှိဖြစ်နေကြောင်း ၊ ကားရောင်းဝယ်သူများကလည်း တင်သွင်းမှုစရိတ်အချို့ မြင့်တက်လာခြင်းကြောင့် အရောင်းအ၀ယ် အခက်အခဲရှိလာကြောင်း ၎င်းကဆိုသည်။
“အခုအခြေအနေက ဈေးတွေက ရောင်းသူနဲ့ဝယ်သူ အဆင်ပြေတဲ့ဈေး ဖြစ်နေတယ်၊ နှုန်းတစ်ခုပေါ်မှာ သွားမနေဘဲ ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေမှာပဲ ရှိနေတယ်၊ အခုခန့်မှန်းထားကြတာတော့ ဈေးက ဆက်တက်နေဦးမယ် လို့ ခန့်မှန်းနေကြတာပဲ” ဟု ကိုဇေယျာက ဆက်လက်ပြောကြားသည်။
ကားဈေးကွက်နှင့် ဈေးနှုန်းများမှာ မူဝါဒမတည်ငြိမ်ခြင်း၊ လက်ရှိအချိန်တွင် လေလံဈေးနှုန်းများ မြင့်တက်နေခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားပါကင်ထောက်ခံချက် ယာယီရပ်ဆိုင်းထားခြင်း၊ ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းရန်ခက်ခဲခြင်း၊ ကားဟောင်းစလစ်ဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ကားဝယ်မည့်သူနှင့် ရောင်းမည့်သူကြား ဈေးနှုန်းမတည့်သည့် အခြေအနေတွင် ရှိနေကြောင်းသိရပြီး ဈေးနှုန်းကျဆင်းခြင်း မရှိကြောင်းလည်း သိရသည်။
ဇော်မင်းထွန်း
The Ladies News
The Ladies News
Post a Comment