ကချင်ပြည်နယ်မှ ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လာကြသည့် ရခိုင်တိုင်းရင်းသားများအတွက် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဗုဒ္ဓပါဒ ခြေတော်ရာအနီး ဆောက်လုပ်ထားသည့် လုံးချင်းနေအိမ် ၆၃ သုံးလုံးကို ပြည်နယ်အစိုးရက ပေးအပ်လိုက်ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်အပြင် မြေပုံ၊ ဘူးသီးတောင် မြို့နယ်များတွင်လည်း ရခိုင်တိုင်းရင်းသား ကျေးရွာများကို ဆက်လက် တည်ထောင်ပေးသွားမည်ဖြစ်ပြီး မြေပုံမြို့နယ်အတွင်းတွင်လည်း ဆက်လက် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက နေအိမ်ပေးအပ်ပွဲ အခမ်းအနားတွင် ပြောဆိုခဲ့သည်။
“သူတို့လုံးချင်းအိမ်ရာတွေ ဆောက်ပေးဖို့ စီမံချက်တွေရှိတယ်၊ မြေပုံမြို့နယ်မှာ ကိုင်းကြီးကွင်းဆိုတဲ့ နေရာကို လျာထားတယ်လို့ သိရတယ်။ ဒါပေမယ့် အဲ့ဒီမှာ အခုလောလောဆယ် ပုဂ္ဂလိကအိမ်ရာတွေ ဘာတွေ မြေသိမ်းမှုတွေ ရှိတယ်ဆိုတော့ မြေယာကိစ္စ အရှုပ်အရှင်းတွေကိုတော့ ဖြေရှင်းရဦးမယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက The Ladies သို့ပြောသည်။
ကချင်ပြည်နယ်အတွင်းတွင် အလုပ်သွားရောက် လုပ်ကိုင်နေသည့် ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၁၀၀ ကျော်ကို ယခင်အစိုးရ လက်ထက်တွင် နေရပ်ကို ပြန်လည်ခေါ်ယူခဲ့သော်လည်း ယင်းအထဲမှ မိသားစု ထက်ဝက်ကျော်ခန့် အလုပ်ရှားပါးမှု ပြသ၁နာနှင့် ကြုံတွေ့ရခြင်းကြောင့် ကချင်ပြည်နယ်နှင့် အခြားနေရာဒေသများသို့ ပြန်လည်ထွက်ခွာ သွားကြခြင်းကြောင့် ကျန်ရှိနေခဲ့သည့် မိသားစုများအတွက် အလိုတော်ပြည့် ဆရာတော်ကြီး ဘန္ဒန္တအရိယဝံသ(Ph.D) ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လုံးချင်းအိမ်များ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် မရှိတော့ သွားကြတာပေါ့။ အဓိကကတော့ ကချင်ပြည်နယ်ဘက်ကို။ ဒါပေမယ့် ထင်သလောက် ကချင်ပြည်နယ်မှာလည်း အခက်အခဲတွေကြုံတော့ သူတို့ ပြန်လာချင်ကြတယ်။ ပြန်လာချင်တဲ့ အတိုင်းအတာမှာ မပြန်လာနိုင်တဲ့ အခြေအနေမျိုး လမ်းစရိတ်တို့ မရှိဘူး။ ပြန်လာရင်လည်း လုပ်စားစရာမရှိဘူး။ အဲ့ဒီတော့ အခက်အခဲဖြစ်တယ်။ အခက်အခဲဖြစ်တော့ ကချင်မှာရှိတဲ့ ရခိုင်အဖွဲ့အစည်းတွေ မန္တလေးမှာရှိတဲ့ ရခိုင်အဖွဲ့အစည်းတွေ ဆရာတော်တွေ ပေါင်းပြီးတော့ ခရီးစရိတ်တွေခံ မိသားစု စားဝတ်နေရေး စရိတ်တွေခံပြီးတော့ ရခိုင်ပြည်နယ်ကို ပြန်ပို့ပါတယ်။ ရခိုင်ပြည်နယ် အစိုးရကလည်း ပြည်သူတွေကို နေရာချထားပေးမယ်။ တစ်ယောက်ကို သိန်း ၃၀ လောက်စီ ပေးမယ်လို့ ဆုံးဖြတ်ခဲ့တာတွေရှိတယ်။ အရင်အစိုးရ ခေတ်တုန်းက။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့ မဖြစ်ခဲ့ဘူး။ အဲ့ဒီကိစ္စတွေကို ဆက်ပြီးလုပ်ဖို့ ကြိုးစားနေတယ်နဲ့ တူပါတယ်” ဟု ဦးဖေသန်းက ဆက်လက် ပြောကြားခဲ့သည်။
ဇော်မင်းထွန်း
The Ladies News
The Ladies News
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.