0

စိုးမြင့်နိုင် ၊ ရန်ကုန်၊ ဇန်နဝါရီ ၁-
မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် Global Witness အဖွဲ့၏အစီရင်ခံစာပါ ကျောက်မျက်ဝင်ငွေနှင့် ဇန်နဝါရီ ၁ရက်က ထုတ်ပြန်လိုက်သည့် EITI အစီရင်ခံစာမူကြမ်းပါ ကျောက်မျက်ဝင်ငွေမှ အမေရိကန်ဒေါ်လာ ဘီလီယံ သုံးဆယ်နီးပါး ကွာဟနေကြောင်း သိရ သည်။
အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က အောက်တိုဘာ၂၃ ရက်ကထုတ်ပြန်သောကျောက်စိမ်း မြန်မာနိုင်ငံ၏ကြီးမားသည့် နိုင်ငံတော်လျှို့ဝှက်
ချက်အမည်ရှိအစီရင်ခံစာတွင် ၂ဝ၁၄ ခုနှစ်တစ်နှစ်တည်းပင် မြန်မာနိုင်ငံသည်ကျောက်စိမ်းထုတ်လုပ်မှုမှ အမေရိကန်ဒေါ်လာ ၃၁ဘီလီယံရှိနေပြီး ၂ဝ၁၆ခုနှစ် ဇန်နဝါရီ ၁ရက်ကထွက်ရှိထားသည့် သယံဇာတတူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင် သာမှုရှိစေရေး(EITI)အစီရင်ခံစာမူကြမ်း တွင် ကျောက်မျက်ကရရှိသည့်ဝင်ငွေမှာ အမေရိကန်ဒေါ်လာနှစ် ဘီလီယံသာရှိရာ ဒေါ်လာ ၃ဝဘီလီယံနီးပါး ကွဲလွဲကွာဟ နေခြင်းဖြစ်သည်။
''တစ်ဖက်မှာလဲဒီထက်မကတဲ့ ဝင်ငွေတွေရနေတာကို နိုင်ငံတကာအဖွဲ့ အစည်းကထောက်ပြထားတယ်။ တရုတ် နိုင်ငံကိုယ်တိုင်ကလဲ ကျောက်စိမ်းနဲ့ပတ် သက်လို့ သူတို့ရဲ့ဝင်ငွေက ၁၂ဘီလီယံ လောက်ရှိတယ်ဆိုတာကလဲ လက်ရှိဒေါ် လာနှစ်ဘီလီယံဆိုတာ မြန်မာနိုင်ငံအတွက် ကျောက်စိမ်းကနေရနေတဲ့ဝင်ငွေမဖြစ်နိုင် ဘူးဆိုတာကရှင်းပါတယ်'' ဟု အရပ်ဘက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်ဦးဝင်းမျိုး သူကပြောသည်။
ကျောက်မျက်ကရသည့်တစ် နှစ်ဝင်ငွေနှစ်ဘီလီယံသည် ကျောက်မျက် ပြပွဲများမှရသည့်ဝင်ငွေကိုသာ အခြေခံ ထားခြင်းဖြစ်ပြီး ကျောက်မျက်တစ်နှစ်ထုတ် လုပ်မှု၊ ရောင်းချမှုနှင့်လက်ကျန်စာရင်း များကိုလည်း တင်ပြထားခြင်းမရှိကြောင်း
MSG(အစိုးရ၊ ကုမ္ပဏီများနှင့်အရပ်ဘက် အဖွဲ့အစည်းများပါဝင်သောသုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့)မှအရပ်ဘက်လူ့အဖွဲ့အ စည်းကိုယ်စားလှယ်များထံမှသိရသည်။
ယင်းအပြင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ရေနံနှင့်သဘာဝဓာတ် ငွေ့ထုတ်လုပ်မှုမှ တစ်နှစ်လျှင်အမေရိကန် ဒေါ်လာ သုံးဘီလီယံကျော် ရရှိထားကာ ယင်းတစ်နှစ်ဝင်ငွေ၏ ၆ဝ ရာခိုင်နှုန်းသာ နိုင်ငံတော် ကိုပေးသွင်းပြီး ၄ဝရာခိုင်နှုန်းက MOGE(မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)က လုပ်ငန်းလည်ပတ်ရန်ပုဂ္ဂလိကဘဏ်အကောင့်ထဲမှာ ရှိနေခြင်းသည်လည်း မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဦးဝင်း မျိုးသူက ပြောသည်။
''အစီရင်ခံစာမှာ နှစ်ဘီလီယံ ဆိုတာက ကျောက်မျက်ပြပွဲတွေကရတာ ကိုပဲပြထားတာကိုး။ ထုတ်လုပ်မှုရဲ့ဘယ် လောက်ရာခိုင်နှုန်းကပဲ ပြပွဲတွေကိုဝင်နေ တယ်ဆိုတာမသိရဘူး။ တရားမဝင်လမ်း တွေကနေထွက်နေတယ်ဆိုကလဲ ရှိသေး တယ်''ဟု EITI အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်ဦးစောမိုးမြင့်က ပြောသည်။
လာမည့်နှစ်အတွက် အစီရင်ခံစာတွင် အစိုးရနှင့်ပတ်သက်သည့်လုပ်ငန်း များ၏ဝင်ငွေထွက်ငွေကို ပြီးပြည့်စုံစွာတင် ပြရန်၊ တပ်မတော်၏ ဦးပိုင်လုပ်ငန်းများ၏ဝင်ငွေ၊ ထွက်ငွေနှင့် လုပ်ငန်းလည်ပတ်မှုကို အသေးစိတ်တင်ပြနိုင်ရန်နှင့် ကျောက် မျက်ထုတ်လုပ်မှု၊ ရောင်းချမှုစာရင်းများ တင်ပြရန် အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြထားကြောင်း သိရသည်။
ဇန်နဝါရီ ၁ရက်ကထွက်ရှိထား သည့် EITI အစီရင်ခံစာမူကြမ်းအား ၂ဝ၁၄
ခုနှစ်နှစ်ဆန်းပိုင်းကဖွဲ့စည်းခဲ့သည့် MSG(အစိုးရ၊ ကုမ္ပဏီများ၊ အရပ်ဘက်အဖွဲ့အ စည်းများပါဝင်သော သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့)က စုစည်းထားခြင်းဖြစ်ပြီး အစီရင်ခံ စာတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်သတ္ထု စသည့်ကဏ္ဍသုံးခု၏ ဝင်ငွေထွက်ငွေများ ကိုဖော်ပြထားပြီး ယင်းအစီရင်ခံစာအား ဇန်နဝါရီဒုတိယပတ်တွင် EITI အဖွဲ့ဝင် နိုင်ငံဖြစ်ရန်အတွက် နိုင်ငံတကာ EITI ဘုတ်အဖွဲ့သို့ တင်ပြသွားမည်ဖြစ်သည်။
(Flower News Journal, 12-1)


Yangon Media Group

Post a Comment

 
Top