0


တရုတ်ကုမ္ပဏီသုံးခုနှင့် တိုင်ပေကုမ္ပဏီတစ်ခု ရွေးချယ်ခံရ

Byထွန်းထွန်းမင်းOn Sun, 2016-01-03

ခုံးကျော်တံတားနှင့် လူကူးတံတားများစွာ တည်ဆောက်နေသော်လည်း ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုပြဿနာ ကြီးမားနေဆဲဖြစ်သည်။ ပုံတွင် ရန်ကုန် ပြည်လမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၀ ကျော်ကို အလိုအလျောက် ထိန်းချုပ်မည့် ဗဟိုမီးပွိုင့်ထိန်းချုပ် စနစ် အကောင်အထည်ဖော်ရန် လုပ်ကိုင်ခွင့်အတွက် ဆန်ခါတင် ကုမ္ပဏီလေးခု ရွေးချယ်ရာ၌တရုတ်ကုမ္ပဏီသုံးခုနှင့် တိုင်ပေ ကုမ္ပဏီတစ်ခု ပါဝင်ကြောင်း သတင်းရရှိသည်။

ဗဟို မီးပွိုင့်ထိန်းချုပ်ရေး စနစ်အတွက် ကျပ်ဘီလီယံ နှစ် ဆယ် အသုံးပြုမည်ဖြစ်ပြီး ကုမ္ပဏီ ၁၉ ခုအနက် ဆန်ခါတင် လေးခုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု တင် ဒါ စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် ဒေါက်တာမောင်အောင်က ပြော သည်။

‘‘ဒီလထဲမှာ တိုင်းအစိုးရ အစည်းအဝေးမှာ ဆုံးဖြတ်မယ်။ လေးခုထဲကတစ်ခုကို ပြန်ရွေး မယ်’’ဟု ၎င်းက ပြောသည်။

စတင်လျှောက်ထားစဉ်က ကုမ္ပဏီ ၄၀ ကျော်ပါဝင်ပြီး တင် ဒါစည်းမျဉ်းနှင့် ကိုက်ညီသည့် ကုမ္ပဏီ ၁၉ ခုသာရှိကာ ထို ကုမ္ပဏီ ၁၉ ခုတွင် ကိုရီးယား၊ ဂျပန်နှင့် စင်ကာပူကုမ္ပဏီများ ပါဝင်ကြောင်း ဒေါက်တာမောင် အောင်က ပြောသည်။

စင်ကာပူနှင့် ဂျပန်ကုမ္ပဏီ များသည် မီးပွိုင့် ၉၀ ကျော်သာ ထိန်းချုပ်နိုင်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့ လိုချင်သည့် မီးပွိုင့်၁၅၄ ခုကို

မထိန်းချုပ်နိုင်သောကြောင့် တင်ဒါမအောင်မြင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

တင်ဒါ အောင်မြင်သည့် ကုမ္ပဏီသည် မီးပွိုင့်များ၊ CCTV များ၊ ရုံးသုံးကင်မရာများနှင့် ထိန်း ချုပ်ရေးစင်တာများကို တည် ဆောက်တပ်ဆင်ပေးရမည်ဖြစ် သည်။ ထိုစနစ်သည် ယာဉ်ကြော ကျပ်တည်းမှုကို အလိုအလျောက် ထိန်းချုပ်ဆောင်ရွက်ပေးမည့် စနစ်ဖြစ်သည်ဟုဆိုသည်။ တင်ဒါ အောင်မြင်ပြီး ခြောက်လအတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက် ရမည်ဟု ဒေါက်တာမောင်အောင် ကဆိုသည်။ ဗဟိုမီးပွိုင့်ထိန်းချုပ် ရေးစနစ်သည် ရန်ကုန်မြို့တွင်း ရှိ မြို့နယ်များကို လွှမ်းခြုံနိုင် သော်လည်း ဒဂုံမြို့သစ်မြို့နယ် များမပါဝင်ကြောင်း ၎င်းကဆို သည်။

‘‘ယာဉ်ကြော ကျပ်တည်း တာ မီးပွိုင့်စနစ်မကောင်းတာ တစ်ခုလည်း အပါအဝင်ပဲ။ ဒါကို ဖြေရှင်းဖို့ လုပ်တာ ဝမ်းသာပါ တယ်။ ဘာလို့ အစိုးရဆင်းခါနီး မှာ ထလုပ်တာလဲဆိုတာကို မေး ခွန်းထုတ်ရမယ်’’ဟု အငှားယာဉ် မောင်းဦးလှမြင့်ကပြောသည်။

ရန်ကုန်တိုင်းအစိုးရသည် ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ကျပ် ၁၃၀ဘီလီယံကျော် အကုန်အကျခံပြီးတံတားခုနစ်စင်း တည်ဆောက်ခဲ့ကြောင်း သစ်တောနှင့်စွမ်းအင် ဝန်ကြီး ဦးကျော်စိုးကပြောကြား သည်။ သို့သော် ယာဉ်ကြောပိတ် ဆို့မှု ပြဿနာမှာ ဆက်လက်ဆိုး ရွားနေဆဲဖြစ်သည်။

လက်ရှိအစိုးရ သက်တမ်း ကုန်ခါနီးတွင်မှ တံတားသုံးစင်းကို ကျပ် ၆၀ ဘီလီယံ အသုံးပြုကာ အမြန် တည်ဆောက်နေသော ကြောင့် ဝေဖန်မှုများလည်း ကျယ် ပြန့်စွာ ထွက်ပေါ်နေသည်။

ဗဟိုမီးပွိုင့် ထိန်းချုပ်ရေးစနစ်ဖြင့် ယာဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းရန် ကြိုးစားမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

http://www.7daydaily.com/

Post a Comment

 
Top