ဇင်မာဝင်းစံ ၊ ရန်ကုန်၊ ဇန်နဝါရီ ၁
ရှစ်နှစ်အရွယ် ကလေးငယ်ကို နှိပ်စက်ညှင်းပန်းမှုဖြစ်ပွားခဲ့သည့် နေအိမ်မှ အိမ်ရှင်ဖြစ်သူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ကို ဥပဒေကြောင်း အရ စစ်ဆေးနိုင်ရန်အတွက် သက်ဆိုင်ရာစစ်တပ်ထံ
သို့ ခွင့်ပြုချက်တောင်းခံထားကြောင်း သိရသည်။
''တရားစွဲဆိုဖို့ဆိုတာက တရားရုံးက စစ်ဆေးပြီး ဘယ်သူကိုတော့ စွဲမယ်မစွဲဘူးဆိုပြီး ဆက်လုပ်မှာ။ တရားရုံးကို စစ်ဆေးတင်ပြတော့ ဗိုလ်မှူးကျော်နုမော်ရဲ့ ထွက်ဆိုချက်လိုတယ်လို့ ပြန်ပြောတယ်။ ဒါကြောင့် သူ့ကိုစစ်ဆေးခွင့်ပေးဖို့
စစ်တပ်ဘက်ကို တောင်းခံထားတယ်''ဟု ဗဟန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က ပြော သည်။
ဗဟန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါကလေးငယ်နှိပ်စက်မှုသည် လူမှုကွန်ရက် စာမျက်နှာများကြောင့် ပြီးခဲ့သော နိုဝင်ဘာလအတွင်းက လူအများကြား အလျင်အမြန် ပျံ့နှံ့ သွားခဲ့ပြီး ယင်းဖြစ်စဉ်အပေါ် အိမ်ရှင်ဖြစ်သူဗိုလ် မှူးကျော်နုမော်မှာ တာဝန်ရှိသည့်အတွက် တပ် မတော်က စစ်ခုံရုံးဖွဲ့ကာစစ်ဆေးပြီးနောက် ဒီဇင် ဘာ ၂၅ ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး တပ်မတော်မှ လည်းအပြီး အပိုင်ထုတ်ပယ်ခဲ့ပြီးဖြစ်သည်။
''ထုတ်လိုက်ပြီဆိုလည်း ဒီလိုထုတ်လိုက် ပြီဖြစ်ကြောင်း သက်ဆိုင်ရာစစ်တပ်အဖွဲ့အစည်း ကနေ ကျွန်တော်တို့ဆီကို တရားဝင်ပြန်ကြားဖို့လို ပါတယ်။ ဒီပြန်ကြားချက်ရှိမှ ရှေ့ဆက်လုပ်လို့ရမှာ။ အခုထိတော့ဘာမှ အကြောင်းပြန်လာတာမရှိသေး ဘူး''ဟု ရဲမှူးကပြောသည်။
ဖြစ်စဉ်ကိုစတင် သိရှိသည့် နိုဝင်ဘာ ၁၉ ရက်ကစတင်ကာ စုံစမ်းစစ်ဆေးမှု
များပြုလုပ် ခဲ့ပြီး ကလေးငယ်ကို ကိုယ်ထိလက်ရောက် နှိပ်စက်ခဲ့သည့်အိမ် ဖော်ဖြစ်သူကို ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အမှုကို ဗဟန်းတရားရုံးက ဒီဇင်ဘာ ၇ ရက်က စတင်လက်ခံစစ်ဆေးခဲ့သော်လည်း ယနေ့အထိ ရုံးတင်စစ်ဆေးနိုင်ခြင်းမရှိသေးဘဲ လာမည့် ဇန်နဝါရီ ၅ ရက်တွင် ထပ်မံစစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဗိုလ်မှူးကျော်နုမော်၏ဇနီးနှင့် ယောက္ခမဖြစ်သူတို့ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။
(Flower News Journal, 12-1)
Yangon Media Group
Post a Comment