0

ရန်ကုန်၊ ဒီဇင်ဘာ ၃၁
လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်အသုံးပြုမည့် သူငယ်တန်းနှင့် ပထမတန်း သင်ရိုးသစ် ပြောင်းလဲမှုများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးမှ ကျောင်းအုပ်၊ ဆရာ၊ မိဘများထံ ရှင်းလင်းအသိပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သူငယ်တန်းနဲ့ ပထမတန်း သင်ရိုးသစ်ကို ရှင်းလင်းဆွေးနွေးမှာ ဖြစ်တယ်၊ ဘယ်လိုပြောင်းတယ် ဆိုတာတော့ အဲဒီနေ့မှ နားထောင်ကြတာပေါ့” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၈ ရက် နံနက် ၉ နာရီခွဲမှ နေ့လယ် ၁၂ နာရီခွဲခန့်အထိ ရန်ကုန်မြို့ အလုံမြို့နယ် အမှတ် (၄) အထက်တန်းကျောင်းတွင် ရှင်းလင်းမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း ပညာရှင်တစ်ဦးက “သိသာထင်ရှားတာဆိုရင် သင်ရိုးညွှန်းတမ်းတွေ ပြောင်းသွားလိမ့်မယ်။ သူငယ်တန်းက သူငယ်တန်းပဲ။ အရပ်စကားနဲ့ ရှင်းအောင် ပြောမယ်ဆိုရင် ခု သူငယ်တန်းမှာ သင်တဲ့စာက ပထမတန်း ရောက်သွားမှာ၊ အဲဒီသဘောပဲ” ဟု ပြောကြားသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းတွင် လက်ရှိ Grade 1 ဟု ခေါ်သော သူငယ်တန်းကို သူငယ်တန်းအဖြစ် လည်းကောင်း၊ Grade 2 ဟု ခေါ်သော ပထမတန်းကို Grade 1 ဟု လည်းကောင်း ခေါ်ဆိုသက်မှတ်နိုင်သည်ဟု ယူဆကြောင်း အဆိုပါ ပညာရှင်က ရှင်းပြသည်။

The Voice Weekly

Post a Comment

 
Top