0


Published on Fri, 01/01/2016

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင် အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းကို နိုင်ငံတော်သမ္မတ သက်တမ်းအတိုင်းနှင့် နှစ်ကြိမ်ထက်ပို၍ တာဝန်ထမ်းဆောင်ခြင်း မပြုစေရဟု ပြင်ဆင်၍ ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဒီဇင်ဘာ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။

မူလဥပဒေတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီဖြစ်သည်။ ယင်း၏ သက်တမ်းသည် သုံးကြိမ်ထက် မပိုစေရဟု ပြဋ္ဌာန်းထားခြင်းကို သမ္မတ၏ သက်တမ်းအတိုင်းနှင့် နှစ်နှစ်ထက် မပိုစေရဟု ပြင်ဆင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ဥပဒေတွင် အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်နှင့် အညီဟု ပြဋ္ဌာန်းထားသောကြောင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်သူ့လွှတ်တော်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့က သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အသီးသီးတွင် အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ရန် အလောသုံးဆယ် လုပ်နေရခြင်းကြောင့် ရပ်ကွက်ကျေးရွာအချို့တွင် မတည်ငြိမ်မှုများ၊ ဝေဖန်မှုများ ဖြစ်ပေါ်မှု မရှိစေရန်အတွက်လည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ ဒေသခံများက အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် လုံလောက်သော အချိန်ကာလ ရရှိစေရန်လည်းကောင်း၊ ပြည်ထောင်စု အစိုးရအသစ်၏ ကြီးကြပ် လမ်းညွှန်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်အတွက် လည်းကောင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောကြားသည်။

Writer:
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်


Eleven Media Group

Post a Comment

 
Top