Byနန္ဒOn Fri, 2016-01-01
လက်ခံရန်သင့်၊ မသင့် အငြင်းပွားနေသော လွှတ်တော် အမတ်များ၏ နိုင်ငံရေးပင်စင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက လက်ခံမည် ဖြစ်သော်လည်း နိုင်ငံအကျိုးပြုစီမံ ကိန်းတစ်ခုသို့ ပြန်လည်လှူဒါန်း မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က လွတ်လပ်သော အာရှ အသံ (RFA)နှင့် ပုံမှန်တွေ့ဆုံခန်း တွင် ပြောကြားသည်။
‘‘အဲဒီဟာတော့ ကျွန်မတို့ ယူမယ်လေ။ အားလုံးက ဥပဒေကရ တယ်ဆိုတော့ ကျွန်မတို့လွှတ် တော်ကိုယ်စားလှယ်တွေလည်း ရတယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံး သ ဘောတူပြီးပြီ။ ဒီငွေတွေကို ပူး ပေါင်းပြီးတော့ နိုင်ငံကို အကျိုးဖြစ်တဲ့ စီမံကိန်းတစ်ခုအတွက် လှူဖို့ ဆိုပြီးတော့ ကျွန်မတို့ ဆွေးနွေး ထားတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ အပါအ၀င် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ တာဝန်ထမ်းဆောင်မှု သက်တမ်းကုန်ဆုံးသည့်အခါ နိုင် ငံရေးပင်စင် (သို့မဟုတ်) တစ်လုံး တစ်ခဲတည်းချီးမြှင့်ငွေများပေး အပ်ရမည် ဖြစ်ကြောင်း အဆောင် အယောင်ချီးမြှင့်ငွေ၊ လစာ၊ စရိတ်ဆိုင်ရာဥပဒေတွင် ဖော်ပြထား သည်။ နိုင်ငံအချို့တွင် ယင်းသို့ ချီးမြှင့်ငွေ ပေးအပ်လေ့ရှိသော် လည်း လက်ရှိနိုင်ငံ၏ အခြေအနေအရ ယင်းချီးမြှင့်ငွေကို ပြန်လည် လှူဒါန်းမည်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။
‘‘ပင်စင်လစာငွေအားလုံး ပေါ့။ ကျွန်မတို့ လွှတ်တော်ကိုယ် စားလှယ်တွေက လခရနေတာပဲ။ မလိုပါဘူး။ ဒီပင်စင်ချီးမြှင့်ငွေကို အဲဒါကြောင့် နိုင်ငံအတွက် အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုအတွက် လှူ ဒါန်းဖို့ စဉ်းစားထားပါတယ်။ ဆွေးလည်းဆွေးနွေးပြီးပါပြီ။ ကျွန်မတို့ ကိုယ်စားလှယ်တွေကလည်း သ ဘောတူပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။
အဆိုပါ ဥပဒေအရ ၂၀၁၀ မှစတင်ကာ လွှတ်တော်အတွင်း ၀င်ရောက်လာသည့် ကိုယ်စား လှယ်များသည် ကျပ်သိန်း ၅၀ ခန့် ရရှိမည်ဖြစ်ပြီး ကြားဖြတ်ရွေး ကောက်ပွဲမှစတင်ဝင်ရောက်လာ သည့် ကိုယ်စားလှယ်များသည် ကျပ်သိန်း ၃၀ ခန့်ရရှိနိုင်မည့် သဘောဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က တွက် ချက်ပြသည်။
ဒီချုပ်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်ပေါင်း ၄၅ နေရာ၌ ၄၃ နေရာအနိုင်ရပြီး လွှတ်တော်ထဲရောက် ရှိလာခြင်းဖြစ်သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က နိုင်ငံပိုင်မီဒီယာများနှင့် ပတ်သက်၍ ဒီမိုကရေစီနည်းကျ အောင် အမြန်ဆုံးဆောင်ရွက်မည် ဖြစ်ကြောင်း လွတ်လပ်သော အာရှအသံ၏ မေးမြန်းမှုကို ဖြေကြား သည်။
‘‘အစိုးရပိုင် သတင်းစာတွေ ဘာတွေဆိုတာ ဒီမိုကရေစီနဲ့ သင့် လျော်တဲ့ကိစ္စတွေမဟုတ်ဘူးလို့ ထင်တယ်လေ။ ဒါပေမဲ့ ဒါကို နေ့ ချင်းညချင်း ကျွန်မတို့ မလုပ်ပါ ဘူး။ သေချာတိုင်ပင်ပြီးတော့မှ လုပ်မှာပါ။ ဒါပေမဲ့ သိပ်လည်း အချိန်မဆွဲချင်ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင်လို့ အမြန်ဆုံးလုပ်မှပဲ ဒီနိုင်ငံဟာ အဆင်ချော သွားမှာပါ’’ဟု ၎င်းက ပြောသည်။
သို့သော် နိုင်ငံပိုင်ရေဒီယို၊ ရုပ်မြင်သံကြားတို့နှင့် ပတ်သက်၍ လွတ်လပ်မှုက အရေးကြီးကြောင်းပြောသည်။
‘‘ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင် ဥပမာအမေရိကနဲ့ အင်္ဂလန်တို့ မှာလည်း နိုင်ငံကထောက်ပံ့ထား တဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့ ဆိုတာရှိတာပဲလေ။ ဥပမာ ဗီအိုအေတို့၊ ဘီဘီစီတို့၊ သို့သော်ငြား လည်း သူတို့ရဲ့ လွတ်လပ်မှုရှိ တယ်။ ထောက်ပံ့ထားတာရှိလို့ရှိ ရင်တောင်မှ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့က အရေးကြီးတာပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
ထို့ပြင် အစိုးရ၀န်ကြီးဌာန များရှိ ၀န်ထမ်းများနှင့် ပတ်သက် ၍ အလုပ်ရှိသည့် နေရာများသို့ အလုပ်မရှိသည့် ၀န်ထမ်းများ ပို့ခြင်းဖြင့် ၀န်ထမ်းများ၏ အင် အားကို ပိုမိုတိကျစွာသုံးစွဲမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။
7Day News Journal
Post a Comment