0


ခွဲစိတ်ကုသမှ အသက်ရှင်နိုင်မယ့် ရှစ်လအရွယ် ညီမအတွက် အစ်မဖြစ်သူက အသည်းလှူဒါန်းပေးခဲ့တယ်။ လိုသီယန်လို့ အမည်ရတဲ့ ကလေးငယ်ဟာ အဆီချေဖျက်တဲ့ သည်းခြေရည်ထွက်တဲ့ ရောဂါကြောင့် အသည်းအစားထိုး ခွဲစိတ်ကုသမှုလုပ်ဖို့ လိုအပ်နေသူပါ။ အဲဒီရောဂါဟာ မွေးကာစ နှစ်ပတ်ကနေ ရှစ်ပတ်အတွင်း ဖြစ်ပွားလေ့ရှိတဲ့ ရှားပါးရောဂါဖြစ်ပါတယ်။
ညီမငယ် အသက်ရှင်သန်ဖို့အတွက် အသက်(၂၀)အရွယ် အစ်မ၀မ်းကွဲက သူ့အသည်း တစ်စိတ်တစ်ပိုင်းကို ခရစ္စမတ်မတိုင်ခင် လှူဒါန်းခဲ့ပါတယ်။ ဒါဟာ ညီမငယ် လိုသီယန်အတွက် ဘ၀တစ်သက်တာ အကောင်းဆုံး ခရစ္စမတ် လက်ဆောင်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြထားပါတယ်။ အသည်း လှူဒါန်းခဲ့သူ နာမည်က ဂျက်ဆင်ပါ။ အသက်(၂၀)အရွယ်မှာ အသည်းလှူဒါန်းခဲ့တဲ့ ဂျက်ဆင်ဟာ ဗြိတိန်နိုင်ငံမှာ အသက်အငယ်ဆုံး အသည်းလှူဒါန်းသူ ဖြစ်လာခဲ့ပါတယ်။
''သူ့အခြေအနေ တဖြည်းဖြည်း ဆိုးရွားလာတာကို မြင်ရတာ ရင်နာဖို့ ကောင်းပါတယ်။ ကျွန်မအနေနဲ့ လိုသီယန်အတွက် အသည်းလှူပေးနိုင်တယ်လို့ ကြားရချိန်မှာ အရမ်းအံ့သြမိပါတယ်။
အသည်းခွဲစိတ်ခံရတာ တော်တော်နာပေမယ့် လိုသီယန်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့အတွက် နာရကျိုးနပ်ပါတယ်''လို့ ဂျက်ဆင်က ပြောပါတယ်။
Nz (ရိုးရာလေး)
www.yoyarlay.com


Yoyarlay

Post a Comment

 
Top