0







မြန်မာ - ထိုင်း ဘုရားသုံးဆူနယ်စပ်တွင် လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချခံရသော မြန်မာနိုင်ငံသား နှစ်ဦး ပြန်လည်လွတ်မြောက်ရန် ယနေ့(ဒီဇင်ဘာ၂၈ ရက်) နံနက်က အမှတ်(၁)ရပ်ကွက် ချက်ပွိုင့်တွင် လူအင်းအား တစ်ရာခန်ဖြင့် ဆန္ဒပြမှု စတင်ခဲ့ပြီ: နံနက် ၈းဝဝ နာရီခန့်တွင် ဒေသခံ ပြည်သူ ၄၀၀ ခန့်မျှ ပါဝင်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ လက်ထောက်မြို့ပိုင်ထံသို့
ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံရသူ ၂ ဦး လွတ်မြောက်ရေး ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုထားသည့် မြန်မာ-ထိုင်း- အင်္ဂလိပ် ၃ ဘာသာဖြင့် ရေးသားထားသည့် စာအား ပေးအပ်ခဲ့ကြောင်း
အဆိုပါစာကို လက်ထောက်မြို့ပိုင်မှ ထိုင်းအစိုးရထံ ဆက်လက် ပေးပို့ တင်ပြသွားမည်ဟု ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။

Post a Comment

 
Top