0


လူဆယ်ဦး လိုက်ပါသွားသည့် ခရီးသည်တင် အင်ဒိုနီးရှား အရပ်ဘက် လေယာဉ်တစ်စင်းသည် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ဒေသအတွင်း ခရီးစဉ်တစ်ခု ပျံသန်းနေစဉ် လေကြောင်းထိန်းချုပ်ရေး မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ဒီလေယာဉ် ပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ နောက်ထပ် အသေးစိတ် သတင်းအချက်အလက်တွေကို စောင့်ဆိုင်းနေဆဲပါ။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့ဟာ ဒီည မာဆမ်ဘာကို လိုက်သွားမှာပါ” ဟု အေဂျင်စီအကြီးအကဲ ဘမ်ဘန်းဆူလီယိုက AFP သို့ ပြောကြားခဲ့သည်။

ဘမ်ဘန်းက ဆက်လက် ပြောကြားရာတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အောက်တိုဘာ ၃ ရက် မနက်တွင် စတင် လုပ်ဆောင်နိုင်ကြောင်း ဆိုသည်။

“အခုကတော့ ညမှောင်သွားပြီ။ ဒါပေမဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေပေါ် မူတည်ပြီး အခြေအနေတွေက ပြောင်းလဲနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ လေယာဉ်ပေါ်တွင် လူကြီးလေးဦး၊ ကလေးသုံးဦးနှင့် ပျံသန်းရေး အဖွဲ့ဝင်သုံးဦးတို့ လိုက်ပါသွားပြီး စတင်ပျံတက်ပြီးနောက် တစ်နာရီ အကြာတွင် မာကာဆာသို့ ရောက်ရှိရမည့် ခရီးစဉ်ဖြစ်သည်။

မာကာဆာ လေဆိပ် အထွေထွေ မန်နေဂျာ အဗဒူမူနီယာက တီဗွီဝမ်း ရုပ်သံနှင့် တိုက်ရိုက် အင်တာဗျူး ပြောကြားရာတွင် အဆိုပါ လေယာဉ်မှာ ခရီးစဉ်အတွက် စတင်ပျံသန်းအပြီး ရှစ်မိနစ်အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားကြောင်း ဆိုသည်။

Aviastar Mandiri ကုမ္ပဏီသည် အင်ဒိုနီးရှား ပြည်တွင်းပြေးဆွဲသည့် ခရီးသည်တင် လေကြောင်းလိုင်း ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံသည် လေကြောင်းလုပ်ငန်းနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှု မှတ်တမ်းအခြေအနေ ဆိုးရွားပြီး မကြာမီလများ အတွင်း၌ပင် ကြီးမားသော မတော်တဆမှုကြီးများ ကြုံတွေ့ခဲ့သည်။ လွန်ခဲ့သည့် သြဂုတ်လ အတွင်းက ဝေးလံသည်ခေါင်သည့် ပါပူအာ တောင်တန်းဒေသတွင် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၅၄ ဦးစလုံး သေဆုံးခဲ့သည်။

ယခု ပျောက်ဆုံးလေယာဉ်သည် တွင်အော်တာ DHC-6 လေယာဉ်ငယ် အမျိုးအစား ဖြစ်သည်။ ရရှိထားသော သတင်းအချက် အလက်များအရ ထိုလေယာဉ်သည် မာဆမ်ဘာသို့ အသွားတွင် အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ထိုလေယာဉ်သည်  ဒေသစံတော်ချိန် 2.29 PM တွင် ထွက်ခွာခဲ့ပြီး 3.39 PM တွင် မာကာဆာသို့ ရောက်ရှိရမည် ဖြစ်ကြောင်း အင်ဒိုနီးရှား သယ်ယူပိုဆောင်ရေး ၀န်ကြီးဌာနက ၄င်းတို၏ တွစ်တာမှာ ဖော်ပြခဲ့သည်။

Ref:AFP
http://news-eleven.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top