0

ဝန်ကြီးဦးမြင့်လှိုင်ကို မဲပေးရန်စာသားပါသည့် ထီးများဝေကာ ဒက္ခိဏသီရိမြို့နယ်တွင် မဲဆွယ်သည့်ကိစ္စကို အရေးယူပေးရန် ဒက္ခိဏသီရိမြို့နယ်မှ ဝင်ပြိုင်မည့် NLD အမတ်လောင်း ဦးသန့်ဇင်ထွန်းက ဒက္ခိဏမြို့မရဲစခန်းတွင် စက်တင်ဘာ ၆ရက်တွင် သွားရောက်တိုင်တန်းစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ) တိုင်ကြားစာတွင် “ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်အတွက် ပစ္စည်းကို အသုံးပြု၍ လာဘ်ပေးခြင်းအား အရေးယူပေးပါရန်” ဟု ရေးသားထားသည်။ အဆိုပါ တိုင်ကြားချက်ကို ဒက္ခိဏမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ခြင်း မရှိသေးဘဲ အထက်ကို ဆက်လက်တင်ပြနေဆဲဖြစ်သည်။ အဆိုပါ တိုင်ကြားချက်ကို အမတ်လောင်း ဦးသန့်ဇင်ထွန်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်သည်။

Post a Comment

 
Top