0

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အိုက်စ်လန်အသင်းကို အံ့အားသင့်ဖွယ် ၁ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်မှုအပြီး ပြီးခဲ့တဲ့ တနင်္ဂနွေက တူရကီအသင်းကို ၃ဂိုးဂိုးမရှိရှုံးနိမ့်ခဲ့မှုက နယ်သာလန်အသင်းရဲ့ အုပ်စုတက်ရန် မျှော်လင့်ချက် မှေးမှိန်သွားခဲ့ရပြီဖြစ်သည်။ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားတုန်းက နယ်သာလန်အသင်းရဲ့ စွမ်းဆောင်ရည်က ပရိသတ်အကြား ကျေနပ်စရာဖြစ်ခဲ့ပြီး နာမည်ကြီး စပိန်အသင်းနဲ့ ဘရာဇီးအသင်းတို့ကို အနိုင်ယူပြီး တတိယနေရာအထိ ရယူနိုင်ခဲ့တဲ့ အသင်းတစ်သင်းပါ။ ကမ္ဘာ့ဖလားရဲ့ ရလဒ်ကောင်းတွေက နည်းပြဖြစ်သူ ဗန်ဟားရဲ့ နည်းဗျူဟာနဲ့လည်း အများကြီးသက်ဆိုင်နေပြီး အရင်က ဟော်လန်အသင်း၏ နည်းဗျူဟာ ၄-၃-၃ကစားကွက်ကို ၅-၃၂အဖြစ်ပြောင်းလဲကစားခဲ့ပြီး အောင်မြင်မှုရယူပေးနိုင်ခဲ့သည်။ Guus Hiddink ပြောင်းလဲတာဝန်ယူမှု နောက်ပိုင်းမှာ မူလကစားကွက်ဖြစ်တဲ့ ၄-၃-၃ကစားကွက်ကို ပြန်လည်အကောင်အထည် ဖော်ခဲ့ပြန်ပါတယ်။
ဘောလုံးtheoryအရ ၄-၃-၃ ကစားကွက်နဲ့ နယ်သာလန်အသင်းမှာ ကိုက်ညီမှုအရှိဆုံးဟု ဆိုနိုင်သော်လည်း မထင်မှတ်ပဲ ရလဒ်ဆိုးများကြုံတွေ့ခဲ့ကာ Hiddink နေရာမှာ လက်ထောက်နည်းပြဖြစ်သူ Danny Blind နဲ့အစားထိုးခြင်း ခံခဲ့ရပါတယ်။ လူစာရင်းအနေနဲ့ ကြည့်ရင် နယ်သာလန်အသင်းဟာ အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတယ်ဟု ထင်ရသော်လည်း ကစားသမားတွေ အသက်အရွယ်ကြီးရင့်လာမှု နောက်တန်း အတွေ့အကြုံမရင့်ကျက်မှုနဲ့ နည်းပြအပြောင်းအလဲတွေက ဒီလိုရလဒ်ဆိုးတွေကို ဖြစ်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ရှေ့တန်းမှာ Robin Van Persie , Wesley Sneijder , Arjen Robben တို့ကိုပိုင်ဆိုင်ထားပြီး တောင်ပံနဲ့ ဖန်တီးပေးမှု အဓိကကျောရိုးအဖြစ်တော့ လူငယ်ကစားသမားတွေဖြစ်တဲ့ Daley Blind, Georginio Wijnaldum နဲ့ မန်ယူအသင်းရဲ့ လူငယ်စတား Memphis Depay တို့လည်း ရှိနေပါတယ်။ ဒါပေမယ့်နောက်တန်းကိုကြည့်မယ်ဆိုရင်တော့ အဓိက အတွေ့အကြုံအားနည်းမှုတစ်ချို့ရှိနေပြီး ဥပမာအနေနဲ့ ပေါ်တိုအလယ်နောက်ခံလူ Bruno Martins Indi အိုက်စ်လန်အသင်းနဲ့ပွဲမှာ မလိုအပ်ပဲ အမှားအယွင်းတစ်ချို့လုပ်ခဲ့တာကလည်း အသင်းကိုနစ်နာစေခဲ့ပါတယ်။
ရှေ့တန်းအနေနဲ့လည်း ၂၀၁၁-၁၂ နဲ့ ၂၀၁၂-၁၃ခုနှစ်ရာသီတွေမှာ ပရီးမီးယားလိဂ်နဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်ခဲ့တဲ့ ဗန်ပါစီ ယခုအခါမှာတော့ ဒဏ်ရာပြဿနာကြောင့်ကော အသက်အရွယ်ရလာတာကြောင့်ပါ ခြေစွမ်းမပြနိုင်ပါဘူး။ အဓိကအားထားရာဖြစ်တဲ့ ရော်ဘင်ဒဏ်ရာရနေတာကလည်း နယ်သာလန်အသင်းကို ထိုးနှက်ချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ နယ်သာလန်အသင်းရဲ့ ပရိသတ်တွေအနေနဲ့ လက်ရှိရလဒ်တွေက စိတ်ပျက်စရာဖြစ်နေခဲ့ပြီး မနှစ်က ကမ္ဘာ့ဖလားအောင်မြင်မှုအပြီး နောက်ထပ်အောင်မြင်မှုတွေရဖို့ မျှော်လင့်ချက်ဟာလည်း မှေးမှိန်သွားခဲ့ရပါပြီ။ အသင်းရဲ့ မျှော်လင့်ချက်မှေးမှိန်နေပေမယ့်လည်း တူရကီအသင်းနဲ့ နောက်တစ်ကျော့ဖြစ်တဲ့ ဟော်လန်အသင်းအိမ်ကွင်းမှာ အနိုင်ကန်ရမှာဖြစ်ပြီး တတိယနေရာအတွက် ယှဉ်ပြိုင်ရမှာပါ။ လက်ကျန်ပွဲစဉ်တွေဖြစ်တဲ့ Kazakhstan အသင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်သလို ချက်အသင်းအိမ်ကွင်းမှာလည်း ထပ်မံကန်ရအုံးမှာပါ။ တူရကီအသင်းအနေနဲ့လည်း ချက်အသင်းကွင်းမှာ ကန်ရမှာဖြစ်သလို အိုက်စ်လန်အသင်းကိုလည်း အိမ်ကွင်းမှာ လက်ခံကစားပေးဖို့ ကျန်ရှိနေပါသေးတယ်။ တတိယနေရာလုပွဲအတွက်တော့ လက်ကျန်ပွဲစဉ်တွေဟာ နှစ်သင်းလုံးအတွက်အရေးပါနေပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလည်း ဆိုတာကတော့ ရင်ခုန်စွာပဲ စောင့်မျှော်ကြည့်ရှုရအုံးမှာပဲ ဖြစ်ပါတယ်။

For Sports

Post a Comment

 
Top