0

သီဟလွင်(မြစ်မခ) ၊ ပြည်မြို့၊
ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် အတွင်း တစ်ကျော့ပြန်ရေကြီးမှုများကြောင့် ကျေးရွာများနှင့် အနိမ့်ပိုင်းနေရာများ ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး စက်တင် ဘာ ဒုတိယပတ်အတွင်း စာသင်ကျောင်းပေါင်း ၄ဝကျော်ကို ပိတ်ထားခဲ့ရကြောင်း ပြည်ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ တစ်ကျော့ပြန် ရေကြီးရေလျှံမှု များကြောင့် ပန်းတောင်းမြို့နယ်အတွင်းရှိ ရေ လယ်ကျွန်း၊ ဂျင်းရဲကျွန်း၊ တက်သစ်ကျွန်း၊ မြ စိမ်းကျွန်း စသည့်ဒေသများမှ စာသင်ကျောင်း ပေါင်း၂ဝကျော်၊ ရွှေတောင်မြို့နယ်အတွင်း ၂၂ကျောင်း၊ ပြည်မြို့တွင် တစ်ကျောင်း ယာ ယီပိတ်ထားရခြင်း ဖြစ်သည်။
''အခုလက်ရှိကတော့ ပန်းတောင်းနဲ့ ရွှေ တောင်ဘက်တွေမှာ စာသင်ကျောင်းတွေ ရေ ကြီးနစ်မြုပ်လို့ ကျောင်းပိတ်ထားရတဲ့အကြောင်း စာတွေတင်လာကြပြီ။ ရောက်လာတဲ့စာတွေ ကို ကျွန်မတို့က သက်ဆိုင်ရာဌာနအဆင့်ဆင့် ကို တင်ပြသွားမှာပါ။ ကလေးတွေပညာရေးကို တော့ ရက်ရှည်ကျောင်းပိတ်ရက်တွေနဲ့ စနေ၊ တနင်္ဂနွေ ဥပုသ်နေ့တွေမှာ အစားထိုးခေါ်ယူ သင်ကြားစနစ်နဲ့ အချိန်ပိုခေါ်ယူသင်ကြား စနစ်တွေနဲ့ ပြန်လည်သင်ကြားပေးသွားမှာပါ'' ဟု ပြည်ခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပထမအကြိမ်ရေတက်မှုကြောင့် လယ် ယာစိုက်ခင်းများ ပျက်စီးခြင်း၊ လမ်းများပျက် စီးခြင်း၊ နေအိမ်များ၊ ဈေးဆိုင်များ အမှိုက် သရိုက်များတင်ခြင်း၊ ရွှံ့နွံများတင်ကျန်ခဲ့ခြင်း များ အိမ်သာများပျက်စီးခြင်းများကို ပြန်လည် ရှင်းလင်း ထူထောင်လုပ်ဆောင်နေရကြောင်း သိရသည်။
အဆိုပါ ပြန်လည်ထူထောင်ရေးလုပ်ငန်း များ အခြေမကျသေးခင်မှာပင် ယခုကဲ့သို့ ဒု တိယအကြိမ် ရေတက်မှုကြောင့် အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများ ထံမှ သိရသည်။
''ပထမအကြိမ် ရေကြီးတော့ ပြင်ဆင်ချိန် မရလိုက်ဘူး။ အခက်အခဲတွေ အများကြီး တွေ့တယ်။ ဒုတိယအကြိမ် ရေကြီးတော့ ပြင်ဆင်ချိန်ရလိုက်လို့ တော် ပါသေးတယ်။ ရေပြန်ကျချိန်မှာ ကျောင်းသားတွေအတွက် သောက်သုံးရေ အခက် အခဲကြုံရမယ်။ ကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အများကြီးပြန်လုပ် ရမယ်''ဟု ပန်းတောင်းမြို့နယ် ခတ္တိယကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ယဉ်မျိုးအောင်က ပြောသည်။

Yangon Media Group

Post a Comment

 
Top