0
အေသင်အောင်
          အမျိုးသမီးများမှာ ခံစားမူကို အလွယ်တကူ မထိန်းတတ်ကြဘဲ ငိုယို တတ်ကြသည်။ ထိုသို့ ငိုယိုသည့်အခါ စိတ်ထဲတွင် အားပေးတတ်သူကို မျှော်လင့်တတ်ကြသည်။ သို့သော် ယင်းသို့ မျှော်လင့်ရန် အခြေအနေမရှိသူများအတွက် စိတ်ခံစားမှုများ ပိုမို ရရှိစေမည် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ငိုယိုတတ်သည့် အမျိုးသမီးများကို နှစ်သိမ့်ပေးမည့် ၀န်ဆောင်မှု လုပ်ငန်း ပေါ်ထွက် နေသည်။ ယင်းမှာ စိတ်ဖိစီးမှုများသော အမျိုးသမီး အနေဖြင့် မိမိ၏ ခံစားမှုများကို ဖွင့်ပြောနိုင်အောင် ပြုလုပ် ပေးခြင်း ဖြစ်သည်။
          ကိုယ်၏ ခံစားမူကို ဖွင့်ပြော လိုက်ပါက သက်သာ သွားမည် ဖြစ်ပြီး မျက်ရည်ကျ နေပါက ကိုယ်ငှားရမ်းထားသော ယောက်ျားလေး တစ်ဦးက မျက်ရည်များကို လက်ကိုင်ပ၀ါဖြင့် သုတ်ပေးမည် ဖြစ်သည်။
          ယင်းဝန်ဆောင်မူကို စက်တင်ဘာ (၂၄)ရက်တွင် စတင် ခဲ့သည်။ အမျိုးသမီးများကို နှစ်သိမ့် ပေးရန် စရိုက်မတူသည့် အမျိုးသား ခုနစ်ဦးကို ထားရှိထားသည်။ အဆိုပါ အမျိုးသား  ခုနစ်ဦးမှာ ထူးခြားသည့် ပင်ကိုယ် စရိုက် ရှိနေကြသည်။ အချို့က ပညာတတ်သူ ဖြစ်ပြီး အချို့ကတော့ ခပ်မိုက်မိုက် ပုံစံ ဖြစ်နေသည်။ မိမိ အပေါ် နားလည် နွေးထွေး ပေးမည့်သူကို ကိုယ်တိုင် စိတ်ကြိုက် ရွေးနိုင်သည်။
http://messengernewsjournal.com/
Post a Comment
Top