0


မန္တလေးမြို့တွင် ပြုလုပ်သည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား (ဓာတ်ပုံ − ဦးသောဘိတဖေ့စ်ဘွတ်ခ်)
 ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တောင်းဆိုချက် များအတိုင်း မသွေဖည်ဘဲ မြန်မာ နိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီ စနစ် ဖော်ဆောင်နိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု ရွှေဝါရောင် သံဃာ့ကွန်ရက် (အထက်မြန်မာပြည်) သံဃာတော် များက မိန့်ကြားသည်။

‘‘၂၀၀၇ ကတည်းက တောင်းဆိုခဲ့တဲ့ အချက်တွေ တစ်ခုမှမရသေးဘူး။ ရွှေဝါရောင်သံဃာတော်တွေအနေနဲ့ အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန် သွားမယ်။ မြန်မာနိုင်ငံမှာ စစ်မှန် တဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက် လာသည်အထိ ဆက်လက်ကြိုး စားသွားပါ့မယ်ဆိုတာ နှစ်ပတ် လည်ကို ကြွရောက်လာတဲ့ ဆရာ တော်၊ သံဃာတော်ကြီးတွေကို လျှောက်ထားခဲ့ပါတယ်’’ဟု ရွှေဝါရောင် သံဃာ့ကွန်ရက် (အထက်မြန်မာပြည်)မှ ဘ၀အလင်း ဆရာတော် ဦးသောဘိတက မိန့်ကြား သည်။
 ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ရွှေဝါရောင် သံဃာတော်များက ရဲဘော်ရဲဘက်အဖြစ် သဘောထားကာ ၀န်းရံအားပေးမည်ဖြစ်ပြီး လက်ရှိ အစိုးရ၏ ဥပဒေမဲ့လုပ်ရပ်များအတွက် တာဝန်ယူမှုရှိလာစေရန် တွန်းအားပေးမည်ဟုဆိုသည်။
 ရွှေဝါရောင်တော်လှန်ရေး (၈)နှစ်ပြည့် အထိမ်းအမှတ်အ ခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက်တွင် မန္တလေးမြို့ ကျွဲ ဆည်ကန်ရပ်ရှိ နိုင်ငံရေးအကျဉ်း သားဟောင်းများ ကွန်ရက်ရုံး၌ ကျင်းပခဲ့သည်။ ရွှေဝါရောင်တော် လှန်ရေး နှစ်ပတ်လည်အခမ်းအ နားသို့ မစိုးရိမ်တိုက်ကြီး၊ မစိုးရိမ် တိုက်သစ်၊ မဟာဝိသုဒ္ဓါရုံကျောင်း တိုက်၊ မြတောင်ကျောင်းတိုက်နှင့် ကံတက်ကုန်းမစိုးရိမ်ကျောင်း တိုက်တို့မှ ဆရာတော်များ ကြွ ရောက်ခဲ့ကြသည်။
ပြည်သူလူထု ဆင်းရဲကျပ် တည်းမှုမှ လွတ်မြောက်နိုင်ရန်နှင့် အကြမ်းမဖက်သည့်နည်းဖြင့် စစ် အစိုးရကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို သံဃာတော်များ ဦး ဆောင်ကာ ၂၀၀၇ စက်တင်ဘာအတွင်း မြန်မာနိုင်ငံရှိ မြို့ကြီးများ ၌ ပြုလုပ်ခဲ့သော ရွှေဝါရောင်တော် လှန်ရေးလှုပ်ရှားမှုကို အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့သည်။
http://www.7daydaily.com/story/47334

Post a Comment

 
Top