0
ရန်ကုန်၊ စက်တင်ဘာ ၇
ရန်ကုန်ဆေးရုံကြီး၌ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တာဝန်ထမ်းဆောင်ပြီး နောက်ရဟန်းအပြီးဝတ် သွားသူ အရှင်ရဋ္ဌပါလ ( ဒေါက်တာရဲလင်းဖြိုး)သည်  ယခုအခါတွင် ပြင်ဦးလွင်ရှိ ဖားအောက်တောရရိပ်သာ သို့ ပြောင်းရွှေ့သီတင်းသုံးနေပြီဟု သိရသည်။
ဆေးတက္ကသိုလ်(၁)မှ ၂ဝ၁၁ ခုနှစ်က ကျောင်းပြီး ခဲ့ပြီး ၂ဝ၁၄ ခုနှစ်ဧပြီလထဲတွင် အရှင်ရဋ္ဌပါလ ဘွဲ့ အမည်ဖြင့် ရဟန်းခံလိုက် ကာ မှော်ဘီသာသနာ့ဝန် ဆောင် ပရိယတ္တိစာသင်တိုက်တွင် စာဝါ ၁ နှစ်လိုက် သည်။ ပြီးနောက် တရားအားထုတ်ရန်နှင့် ပရိယတ္တိစာ   ပေများ ဆက်လက်သင်ယူရန် ဖားအောက်တောရသို့ ပြောင်းရွှေ့သီတင်းသုံးခြင်းဖြစ်သည်ဟု မိသားစုဝင် များထံမှ သိရသည်။
”ခုပြင်ဦးလွင်(ဖားအောက်တောရ) မှာ ဝါဆိုနေ ပါတယ်”ဟု မိသားစုဝင်တစ်ဦးက အတည်ပြုပြော သည်။
အရှင်ရဋ္ဌပါလသည် ငယ်စဉ်ကတည်းက တရား စခန်းများနှင့် ယဉ်ကျေးလိမ္မာသင်တန်းများကို တက်ခဲ့ ဖူးပြီး အရွယ်ရောက် လာချိန် တွင် ရဟန်းဝတ်လိုကြောင်း မိသားစုတို့ကို ပြောပြလေ့ရှိသည်ဟု သိရသည်။

ကျောင်းပြီး၍ အလုပ်သင်အဖြစ်ထမ်းဆောင်ပြီး နောက် ¤င်း၏ ရည်မှန်းချက်အတိုင်း မိဘတို့ထံခွင့်ပန် ခဲ့ရာ ဒေါက်တာရဲလင်းဖြိုး ၏ဆန္ဒကို ချက်ချင်းလိုက် လျောပေးခဲ့သည်ဟု အရှင်ရဋ္ဌပါလကို ကြည်ညိုသူ ဆရာဝန်မကြီးတစ်ဦးက ပြောသည်။
အရှင်ရဋ္ဌပါလ၏ ခမည်းတော်ဖြစ်သူမှာ အဘိ ဓမ္မာပြန့်ပွားရေးအသင်းကြီး၏ ဒုတိယဥက္ကဋ္ဌ တာဝန် ယူထားသူ ဒေါက်တာ ဦးဝင်းရွှေဖြစ် ပြီး မယ်တော်ဖြစ် သူမှာ အဘိဓမ္မာပါဠိတော်များကို ကျမ်းစာအလိုက် အာဂုံရေးဖြေ နှစ်စဉ်ဖြေဆိုနေသူတစ်ဦးဟု သိရသည်။
မွေးချင်း ၂ ဦးရှိရာတွင် ယခု အရှင်ရဋ္ဌပါလသည် သားအကြီးဖြစ်သည်ဟုသိရသည်။
ဆေးတက္ကသိုလ် (၁)ကလေး အထူးကုဌာနမှ ပါမောက္ခဆရာဝန်ကြီး ဒေါက်တာ ယုဇနစောမြင့်က ”အစ်မရဲ့သား တပည့်ပါ။ သူ့မိဘေ တွက အစ်မနဲ့ မောင်နှမတွေလိုခင်ကြတယ်။ သားတစ်ယောက် သမီး တစ်ယောက်ပဲရှိတာ။ ကလေးကငယ်ငယ်ကတည်းက ရာသက်ပန် ဥပုသ်စောင့်လာတာ။ မိဘကိုက ဗုဒ္ဓဘာ သာကို ထဲထဲဝင်ဝင်ယုံကြည်လိုက်စားသူ ဖြစ်ပါတယ်” ဟု ၄င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် တွင် ရေးသား ထားသည်။
အရှင်ရဋ္ဌပါလကဲ့သို့ပင် ယနေ့ လူသိများထင်ရှား သည့် ဆရာတော်အရှင်ဆေကိန္ဒ၊ ဆရာတော် အရှင် ဆန္ဒာဓိကနှင့်ဆရာတော် ဦးဇောတိက စသည့် ဆရာ တော်များမှာ ဆယ်တန်းစာမေးပွဲကို ထူးချွန်စွာအောင် မြင်ခဲ့ကြပြီး ရဟန်းဝတ်ခဲ့ကြသည်။
မိမိတို့၏ ရင်သွေးငယ်တို့အား ရှင်ရ ဟန်းအဖြစ်ခံ ယူစေရင်း ရဟန်း၏ ခမည်း တော်၊ မယ်တော်တို့အဖြစ် နယ်ဒေသတောရွာတို့တွင် သာ ဂုဏ်ယူကြလေ့ရှိပြီး  မြို့ကြီးများတွင် ထိုဓလေ့ရှားပါးတတ်ရာ ယခုဖြစ်ရပ် သည် ထူးခြားဖြစ်စဉ်တစ်ခုဟုဆရာဝန်အသိုင်းအဝိုင်း က သုံးသပ်ကြသည်။
PN-051

http://popularmyanmar.com/afpopular/archives/4973

Post a Comment

 
Top