0


ရွေးကောက်ပွဲမတိုင်မီ ဆယ်ရက်ခန့်အလိုတွင် မိမိတို့အ မည် မဲစာရင်း၌ ပါ၊ မပါကို ရပ်/ ကျေး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြည့်ရှုစုံစမ်း နိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ၁၄ ရက်တိတိ ကြေ ညာထားသော နောက်ဆုံးအကြိမ် မဲစာရင်းတွင် မပါဝင်သဖြင့် လျှောက်ထားမှုများ၊ ကိုယ်ရေးအ ချက်အလက်မှားယွင်းနေသဖြင့် ဖြည့်စွက်မှုများကို ရွေးကောက်ပွဲ ကျင်းပရန် ဆယ်ရက်ခန့်အလို တွင် ရပ်ကွက်၊ ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ထံ သွားရောက်ကြည့်ရှုနိုင်ရန် စီစဉ်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 
‘‘တချို့က မပါလို့ လျှောက် တယ်။ တချို့က မှားနေလို့ ပြင် ကြတယ်။ ဒါပေမဲ့ အဲဒါတွေကို တကယ့်မဲစာရင်းကြီးမှာ ပါမလာ မှာကို စိတ်ပူနေကြတယ်။ အဲဒီ တော့ မဲစာရင်းမထုတ်ပြန်မီ ကိုယ် ပါ၊ မပါကို သိနိုင်အောင် ကော်မ ရှင်ကတော့ စီစဉ်နေတယ်’’ဟု ၎င်းက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ၁၄ ရက်ကြာကပ်ထား သော မဲစာရင်းသည် ရွေးကောက် ပွဲမကျင်းပမီ နောက်ဆုံးအကြိမ် အဖြစ် ပြင်ဆင်ရန် မဲဆန္ဒ ရှင်ပြည်သူများကို အခွင့်အရေး ပေးသည့်မဲစာရင်းဖြစ်သည်။
အဆိုပါမဲစာရင်းတွင် ယခင် မဲစာရင်းများက ပြင်ဆင်ထားမှု များပြန်လည်ပါဝင်လာခြင်းမရှိ သည့်အပြင် ကိုယ်ရေးအချက်အ လက်မှားယွင်းမှုများလည်းရှိနေ ကြောင်း သွားရောက်ကြည့်ရှုသူ မဲဆန္ဒရှင်အချို့ထံမှ သိရသည်။
‘‘ကျွန်တော်တို့မဲစာရင်းသွား ကြည့်တော့ အရင်မဲစာရင်းမှာ ပြင်တဲ့သူတွေက အခု မဲစာရင်းမှာ လည်း ထပ်မှားနေလို့ ပြင်ရဦးမယ် ဆိုပြီး ညည်းနေကြတယ်။ အခု ပြင်တာတွေလည်း တကယ်မဲစာ ရင်းမှာ မပါလာမှာကိုလည်း စိတ် ပူနေကြတယ်’’ဟု ရွှေပြည်သာမြို့ နယ်နေဦးမြသိန်းက ပြောသည်။
၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲကို လာမည့်နိုဝင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျင်းပပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာ ထားသည်။
http://www.7daydaily.com/story/47298

Post a Comment

 
Top