အယ်လ်ဆာဗေဒေါ နိုင်ငံတွင် ကလေး သွားမွေးသော အမေရိကန် ဇနီးမောင်နှံ နှစ်ယောက်၏ ကလေးငယ်ကို ဆရာဝန်က လဲလှယ်ကာ အခြားကလေး တစ်ဦးနှင့် အစားထိုးမှု ဖြစ်ပွားသဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသား ရစ်ချတ်ကတ်ရှ်ဝို့သ်နှင့် အယ်လ်ဆာဗေဒေါ နိုင်ငံသူ ဇနီးသည် မာစီဒတ်စ် ကာဆာနယ်လာတို့သည် ၎င်းတို့၏ ကလေးကို မျိုးဗီဇဒီအင်န်အေ စစ်ဆေးကြည့်ရာ သွေးသားအရင်း မဟုတ်ကြောင်း ပေါ်လာသဖြင့် ကလေးမွေးပေးခဲ့ သော အယ်လ်ဆာဗေဒေါ ဆေးရုံမှ တာဝန် ရှိသူများကို တရားစွဲဆိုထားခြင်း ဖြစ်သည်။
ဆေးရုံတွင် တစ်နေ့တည်း အတူမွေးခဲ့သော ကလေးငယ်များကို နောက်ကြောင်း ပြန်လိုက်ကာ ဒီအင်န်အေ စစ်ဆေးသည်တွင် ကလေးအရင်းကိုပါ ပြန်ဖော်ထုတ်နိုင် ခဲ့သည်။ ဆေးရုံမှ ဆရာဝန်သည် လူကုန်ကူးသူများ၏ ခိုင်းစေချက်အရ မိမိတို့ ကလေးကို အခြားကလေး မိဘသို့ လွှဲပြောင်းပေးအပ်ပြီး မိမိတို့ကို အခြားကလေးအစား လဲထည့်ပေးလိုက်ခြင်း ဖြစ်သည်ဟု မစ္စစ် ကာဆာနယ်လာက ပြောသည်။ ကလေးမီးဖွားရာတွင် မစ္စစ် ကာဆာနယ်လာက ဇာတိနိုင်ငံမှာ မွေးချင်သောကြောင့် မေလက အယ်လ်ဆာဗေဒေါသို့ ပြန်ကာ ကလေးမွေးခြင်း ဖြစ်သည်။
ကလေးမွေးပေး ခဲ့သော ဆရာဝန် အယ်ဂျန်ဒရိုဂူဒို့စ်ကမူ မမှန်ကန်တာ မလုပ်ဟု ချေပထားသည်။ အမှုကိုရုံးတင် စစ်ဆေးလျက် ရှိသည်။
ကလေးမွေးမွေးချင်း တွေ့လိုက်ရသော ကလေးငယ်သည် အသားလတ်လတ် ဖြစ်သော်လည်း ဆရာဝန်က လာပြန်ပေးချိန်တွင် ကလေးသည် အသားနည်းနည်း ညိုသွားသလို၊ စိမ်းသည်ဟုလည်း ခံစားရကြောင်း မစ္စစ် ကာဆာနယ်လာက ပြောသည်။ မစ္စစ် ကာဆာနယ်လာနှင့် ခင်ပွန်းသည် နေထိုင်ရာ အမေရိကန် နိုင်ငံသို့ ပြန်ရောက်သည်တွင် ဒီအင်န်အေ စစ်ဆေးကြည့်ရာ ကလေးသည် သူတို့ကလေး မဟုတ်မှန်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။
““ကလေးဆိုတာ မိသားစုဝင်တွေ အားလုံးအတွက် ရတနာပါ။ ခုလို ကိုယ့်သွေးသားကို အလဲခံလိုက်ရတော့ အားလုံးအတွက် တစ်သက်စာ ဒဏ်ရာရသလို ပါပဲ။ ကျွန်တော်တို့ ကလေးအစစ်ကို ပြန်လိုချင်ပါတယ်””ဟု ခင်ပွန်းဖြစ်သူ မစ္စတာကတ်ရှ်ဝို့သ်က ပြောသည်။
အမှုကို အယ်လ်ဆာဗေဒေါ တရားရုံးတွင် ဆက်လက်စစ်ဆေးဆဲ ဖြစ်သည်။
Source: BBC
http://messengernewsjournal.com/
Post a Comment