''မန္တလေးတိုင်း ဒေသကြီးရှိ ပယ်ချခံထားရသော ကိုယ်စားလှယ် လောင်း ၄ ဦးအနက် ရှမ်းတိုင်း ရင်းသား ဝန်ကြီး နေရာတွင် ဝင် ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်း ကျော်ဇေယျကို ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ပြန်လည် ယှဉ်ပြိုင် ခွင့်ပြု လိုက်ကြောင်း သိရ သည်။
ယခု ပြန်လည် ယှဉ်ပြိုင်ခွင့် ရ ရှိခဲ့သော ဦးစိုင်းကျော်ဇောကို ရှမ်း တိုင်းရင်းသား မဟုတ် ဆိုပြီး တိုင်း ရွေးကောက်ပွဲ ကော်မရှင်က ပယ် ချ ခဲ့ခြင်း ဖြစ်သည်။
''သူက သူ့ဥပဒေထဲမှာ ဆိုလိုရှိရင် ခရိုင်တွေမှာ တင်မယ့်ဟာဆိုရင် ခရိုင်တွေက တင်လိုက်ရင် တိုင်းကို အယူခံတင် လို့ရတယ်။ တိုင်း ကနေ ပယ်လိုက်တာ ဆိုရင် ကျန်တဲ့ လွှတ် တော် ၃ ရပ် အတွက်က အတည် ပဲ။ ပြီးလို့ရှိရင် ရှမ်းတိုင်းရင်းသား ဆိုရင် တစ်တိုင်းလုံးက ကိုယ်တို့ဆီ မှာ တင်ရတယ်။ ကိုယ်တို့က ပယ် လိုက်တယ် ဆိုရင် ရှမ်းတိုင်းရင်း သားဟာ ပြည်ထောင်စု ကော်မရှင် ကို အယူခံ တက်လို့ ရတယ်။ ပြည် ထောင်စု ကော်မရှင်က သူ့ကို စုံညီခုံရုံး နဲ့ အနိုင်ပေးလိုက်တယ်''ဟု မန္တလေးတိုင်း ဒေသကြီး ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးစန်းက ပြောသည်။
ရှမ်းတိုင်းရင်းသား နေရာတွင် ပယ်ချခံရသူ မရှိတော့သည့် အတွက် မူလ တင်သွင်းထားသည့် အတိုင်း ငါးဦး ယှဉ်ပြိုင်ရတော့ မည် ဖြစ်သည်။
ဦးစိုင်းကျော်ဇောနှင့် အတူ ပယ်ချခံထားရသော အခြား ကိုယ်စားလှယ်လောင်း သုံးဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဒေါက်တာ ဝင်းမြင့်၊ ဖက်ဒရယ် ပြည်ထောင်စု ပါတီမှ ဒေါ်ချိုချိုစန်း နှင့် တစ်သီး ပုဂ္ဂလ ဦးရွှေဇင်ထွန်း တို့ မှာ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရတော့မည် မဟုတ် ပေ။
မန္တလေးတိုင်း ဒေသကြီးရှိ မဲ ဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပါတီဝင်ပေါင်း ၂ဝ မှ ကိုယ်စားလှယ်ပေါင်း ၄ဝ၂ ဦး စာရင်းပေး ထားပြီး ၃၉၉ ဦး ယှဉ် ပြိုင်ခွင့် ရရှိခဲ့ကြောင်း တိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် မဲရုံပေါင်း ၅၄၁ဝ ရုံထားရှိကြောင်း သိရသည်။
ခက်ဆစ်
Post a Comment