0

ရီးရဲလ်ကို ပြောင်းရွှေ့ရေးကိစ္စ ပျက်ပြားခဲ့တဲ့ မန်ယူဂိုးသမား ဒီဂီယာ ဟာ လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့  လီဗာပူးနဲ့ ကစားရမယ့်ပွဲမှာ ပါဝင်မယ်လို့ ပြောဆိုလိုက်ပါတယ်။
သူဟာ မန်ယူအသင်းနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနေပြီး နည်းပြန် ဗန်ဂါးလ်နဲ့လည်း စကားပြောဆိုခဲ့ကြရာ အဆင်ပြေခဲ့ပြီလို့ ပြောပါတယ်။
သူ ရီးရဲလ်ကို ပြောင်းမယ်လို့ သတင်းထွက်ခဲ့ပြီးနောက် မန်ယူရဲ့ ရာသီအစ ကစားခဲ့တဲ့  ပရီးမီးယား ၄ ပွဲနဲ့ ချန်ပီယံလိဂ် ၂ ပွဲ စုစုပေါင်း ၆ ပွဲလုံးမှာ ဒီဂီယာကို ထည့်သွင်း ကစားခဲ့တာ မရှိပါဘူး။
လာမယ့် ပရီးမီးယားလိဂ် လီဗာပူးနဲ့ပွဲဟာ ဒီဂီယာအတွက်တော့ အခုရာသီမှာ ပထမဆုံး ကစားရတဲ့ပွဲ ဖြစ်လာတော့မှာပါ။
ဗန်ဂါးလ် အသစ်ခေါ်ယူထားတဲ့ ဂိုးသမား ဆာဂျီယို ရိုမီယိုဟာ ပထမ ၃ ပွဲမှာ ပေးဂိုးမရှိ  စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဆွမ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲအတွက် ဝေဖန်ခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။
အရင်က မန်ယူရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်ခဲ့တဲ့ ဒီဂီယာအတွက်တော့ နောက်တကြိမ် အသင်းရဲ့ နံပါတ်တစ် ဂိုးသမားဖြစ်ရေး အခွင့်အလမ်း ပြန်လည်ရရှိလာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/111458

Post a Comment

 
Top