ယနေ့မြန်မာ့နိုင်ငံရေးရဲ့အခြေအနေဟာ ရှုပ်ထွေးနေပြီလို့ ယခင်တပ်မတော် အစိုးရလက်ထက်က ဆက်ဆံရေးဝန်ကြီးရာထူးကို တာဝန်ယူခဲ့ရသူ ဦးအောင်ကြည်က သူရေးသားတဲ့ ”မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ် အတွေးများ”စာအုပ်မှာ ထုတ်ဖော်ရေးသားလို က် ပါတယ်။ သူဟာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ဖို့ တပ်မတော်အစိုးရ က နှစ်ေ ပါင်း၂ဝ အတွင်း ပထမဦးဆုံး ဖန်တီးလိုက်တဲ့ ဆက်ဆံရေးဝန်ကြီးနေရာကို တာဝန်ယူခဲ့သလို ထိုစဉ်ကအလုပ် သမား ဝန်ကြီး တာဝန် ကိုလည်း ယူထားရသူတစ်ဦးပါ။ ရွေးကောက်ခံသမ္မတဦးသိန်းစိန်အစိုးရ လက်ထက်ရောက်တော့ သူဟာ အလုပ် သမား၊ လူမှုဝန် ထမ်းနဲ့ ပြန်ကြားရေးစတဲ့ဝန်ကြီးဌာန ၃ ခုမှာဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၄ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ မှာတော့ ပြန်ကြားေ ရးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရင်း အစိုးရအဖွဲ့ထဲကနေ အနားယူလိုက်ပါတယ်။ ဒါ့အပြင် ၂ဝ၁၅ ခု နှစ်သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းမှာ အသစ်ပြန်လည်ပြင်ဆင်လိုက်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှာလည်း ပြန်ပါမ လာတော့ဘဲ သူရဦး ရွှေမန်းကဲ့သို့ ပါတီဝင်များ စာရင်းထဲမှာသာ ပါလာတာကိုတွေ့ရပါတယ်။ ဦးအောင်ကြည်ဟာ အစိုးရအဖွဲ့နဲ့ပြည်ခိုင်ဖြိုးပါတီကနေ အနားယူခွင့်ပေးခြင်းမခံရမီ ဝန်ကြီးဌာန ၃ ခုတို့မှာ တာဝန်ထမ်းဆောင်စဉ် လုပ်သားသမဂ္ဂများဖွဲ့နိုင်ရေး၊ အနိမ့်ဆုံးလုပ်ခလစာ သတ် မှတ်နိုင်ရေးနဲ့ လူမှုဖူလုံရေးစောင့်ရှောက်မှုရရှိနိုင်ဖို့ ဥပဒေကြမ်းများရေးဆွဲနိုင်ခဲ့သလို၊ ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ကြီးရဲ့ မြန် မာနိုင် ငံအပေါ်အရေးယူ ပိတ်ဆို့ ထားမှုကိုလည်း ချေဖျက်နိုင်ခဲ့တဲ့ သိသာထင်ရှားတဲ့လုပ်ဆောင်မှုမျိုးတွေ ရှိတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ လည်း ပြန်ကြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်မှာတော့ သူရေးခဲ့တဲ့အများ ပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းအပေါ် ကန့်ကွက် သူတို့ရှိခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေးရဲ့ ရာထူးသမိုင်းတွေမှာတစ်ခါမှမရှိခဲ့ဖူးတဲ့ ဆက်ဆံရေးဝန်ကြီးရာထူးတာဝန်ထမ်းဆောင်ခဲ့ရတဲ့ အကြောင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖြစ်ခဲ့တာတွေနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အနားယူလိုက်ရပုံတွေကိုအများ သိ ရှိစေနိုင်ဖို့ ပေါ်ပြူလာနယူးစ်ကတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးနဲ့တွဲပါလာတဲ့ သြဇာအာဏာအတွက် အပြိုင်အဆိုင်ကြိုးစားကြသူတွေဟာ မာယာတွေ၊ ပရိယာယ်တွေ၊ ကောက်ကျစ် စဉ်းလဲ မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ ဆွဲသွင်းလာကြတယ်။ ဒါ့ကြောင့် ယနေ့မြန်မာ့နိုင်ငံရေး ဟာရှုပ်ထွေးနေပြီ။ ဒီ့အတွက် နိုင်ငံရေး သ မားတွေက တစ်ခါတလေ နိုင်ငံရေး လောကကနေ အပြီး အပိုင်စွန့်ခွာ လိုကြတယ်။ပြည်သူ တွေကလည်း တစ်ခါတလေနိုင် ငံရေး သ မားတွေ အပေါ်ယုံကြည်မှုဆုံးရှုံးလာကြတယ်လို့ အန်ကယ်ထုတ်ဝေလိုက်တဲ့မြန်မာ့နိုင်ငံရေးနှင့် ဆက်စပ်အတွေးများ စာအုပ်မှာဖော်ပြ ထားတာ တွေ့ရပါတယ်ဗျ။ ဘယ်အချက် တွေကိုကြည့်ပြီး ခုလိုပြောရတာလဲ ခင်ဗျ။
နိုင်ငံရေးဆိုတာ ပြည်သူလူ ထုရဲ့ ရေတိုရေရှည်အကျိုးစီးပွား အတွက်စစ်မှန်ရိုးသားပြီး ပွင့်လင်း တည်ကြည်တဲ့ ဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်တယ်လို့ ကျွန်တော်ယုံ ကြည်ပါတယ်။ လူပုဂ္ဂိုလ်တွေကို ဖယ်ပြီး ကျွန်တော့်အနေနဲ့ကောင်း မွန်မွန်မြတ်တဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းမှာ ဘာ့ကြောင့်ရှုပ်ထွေး စရာတွေ ဖြစ်လာတာလဲလို့ တွေး ကြည့်လိုက်တော့ ကောက်ကျစ်မှုတွေ၊ စဉ်းလဲမှုတွေကြောင့် ဆိုတာ သွားတွေ့တယ်။ ဒါတွေရဲ့အစက သူ့ဘက်၊ကိုယ့်ဘက်တွေကစတယ်။ ဘာမဆိုလူတိုင်းက ကိုယ့်ဘက်ကို အရင်ကြည့်တယ်။ ပြီးတော့မှ သူ့ ဘက်ကိုတွေးကြပါတယ်။ သူ့ဘက် ဆိုတာက ရန်လိုတဲ့သဘောရှိတာ ပေါ့။ ကိုယ့်ဘက်ဆိုတဲ့ ပထမနိ ယာမ၊ သူ့ဘက်ဆိုတဲ့ ဒုတိ ယနိယာမ ဒီနှစ်ခုကနေ ဖောက်ထွက်လိုက်ပြီး တတိယနိယာမကို သွားလိုက်ရင် ကောက်ကျစ်မှုတွေ၊ စဉ်းလဲမှုတွေ က သိပ်မဖြစ်နို င်တော့ဘူး။ တတိယ နိယာမကကိုယ့်အတွက်လည်းမဟုတ် ဘူး၊ သူ့အတွက်လည်း မဟုတ်ဘူး။ အများအတွက်ဖြစ်သွားမယ်။ ကျွန် တော် ခုရေးနေတာ တွေးနေတာ တွေက အများအကျိုးရှိဖို့၊ သူ့ဘက်ကလည်း အများအကျိုးရှိဖို့ ဒီလို လုပ်နေရင် တစ်ဦးနဲ့တစ်ဦးက ဝေး ကွာ မသွားကြတော့ဘူး။ ပန်းတိုင် က တူတူဖြစ်နေလို့လေ။ သွားတူ နေလို့ တူတူပူးပေါင်းရတော့မယ်။ ဒီလိုဆိုရင် နိုင်ငံရေးသမားတွေက စိတ်ရောကိုယ်ရောနှစ်ပြီး နိုင်ငံရေး ကိုလုပ်လာနိုင်မယ်။ ပြည်သူလူထု ကလည်း အဲဒီ့ နိုင်ငံရေးသမားတွေ ပေးတဲ့ဝန်ဆောင်မှုကို အသုံးချနိုင် လာမယ်။ နိုင်ငံကလည်းတစ်ဟုန် ထိုးတိုးတက်သွားမယ်။ ဒါကိုပေါင်း စည်းစွမ်းအင်လို့ခေါ်တယ်။ကိုယ့် ရဲ့စွမ်းအား၊ သူ့ရဲ့စွမ်း အား၊ အခြား တစ်ဖက်က စွမ်းအားတွေနဲ့ ဒီမှာရှိ တဲ့ သယံဇာတတွေပါ ပေါင်းလိုက် ရင် နိုင်ငံတိုးတက်သွားမှာပဲ။ ကျွန်တော့်အယူအဆက ဒါပါပဲ။
မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှာ အခြေအတင်ငြင်းခုံမှုတွေ၊ ခွန်းကြီး ခွန်းငယ်ပြောဆိုမှုတွေ၊ မလိုမုန်းထားတွေ၊ မတော်ကြံစည်မှုတွေ တိုးပွားလာနေတယ်လို့ အန်ကယ် ရဲ့ စာအုပ်ထဲမှာ ထည့်ရေးထားရတာက ဘာ့ကြောင့်လဲဗျ။
သူ့ဘက် ကိုယ့်ဘက်ဆိုပြီး ကိုင် စွဲ ထားကြသူတွေရဲ့ စိတ်အစဉ်က အဲဒီလိုရှိတဲ့အတွက် ထည့်ရေးထားတာပါ။ ကျွန်တော်တို့ နိုင်ငံရေး သမားတွေ ထားသင့်တဲ့ စိတ်ကကိုယ့်ဘက်လည်း မဖြစ်ရဘူး။ သူ့ဘက်လည်း မဖြစ်ရဘူး။ နိုင်ငံရေးသမားဆိုတာကပင်ပန်းခံရမယ်။ ဆင်းရဲမယ်။ ကိုယ်ကျိုးစီးပွားတွေစွန့်လွှတ်ရမယ်။ ပြီးရင် အများအ ကျိုးအတွက်ပဲလုပ်ရမယ်။ တစ်ခါ တလေ မှားယွင်းမှုရှိလို့အပြစ်တင်ခံ ရမယ်။တင်ရင်လည်းခံလိုက်။ စိတ် ထဲမှာ အလွန်သန့်ရှင်း စင်ကြယ်ပြီး လိပ်ပြာသန့်စွာနဲ့ တိုင်းပြည်ရဲ့ အကျိုးကို အများပြည်သူရဲ့ အကျိုး ကိုထမ်းဆောင်ပေးခဲ့ ပါသလား ဆိုတဲ့ခံစားမှုရှိရမယ်။အဲဒါအမြတ် ပဲ။ ကျွန်တော်အနှစ် ၅ဝ လောက် နိုင်ငံ့ဝန်ထမ်းလုပ်လာခဲ့တာ။ ကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးကျောင်း အုပ်ကြီး လုပ်တုန်းကရော၊ ရုံးလုပ် ငန်းလုပ်တုန်းကရော တာဝန်ကျေ စွာလုပ်ခဲ့တယ်။ ကိုယ့် အတွက်လည်း မဟုတ်ဘူး။ သူ့အတွက်လည်း မဟုတ်ဘူး။ အများအကျိုးအတွက် ဖြစ်နေတယ်။ ဒီတော့ ကျွန်တော် နေရတာ ခုဆိုသိပ် သန့်ရှင်းတာပဲ။ဘာ့ ကြောင့်လဲဆိုတော့ ကျွန်တော့် လိပ်ပြာက သန့်နေလို့ကိုး။ ကျွန် တော်ရဲ့အတွေးတွေက ယေဘုယျ ဆန်လို့ မဖြစ်နိုင် ဘူး။ စိတ်ကူးယဉ် ဆန်တယ်လို့ တွေးချင်တဲ့သူတွေ လည်းတွေးကြမှာပါပဲ။ တွေးနိုင်ပါ တယ်။ ဒါပေမဲ့ တကယ့်တကယ် တော့ မဖြစ်သေးလို့ စိတ်ကူးယဉ် ဆန်တယ်လို့ပြောကြတာပါ။တကယ့် တကယ်ဖြစ်လာခဲ့ရင် ဒီလိုတွေးကြမှာ မဟုတ်ပါဘူး။
အန်ကယ်က အန်ကယ်ရဲ့ နှစ်၅ဝ လောက် ဘဝဖြတ်သန်းမှုက လိပ်ပြာသန့်ခဲ့တယ်လို့ပြောခဲ့တယ်နော်။ အဲဒီထဲက ဆက်ဆံရေးဝန်ကြီး တာ ဝန်ထမ်းဆောင်စဉ် ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ဆုံမှုကို ပြန်ပြော ပြနိုင်မလားဗျ။
ကျွန်တော်က တပ်မတော် အစိုးရကာလမှာတော့အလုပ်သမားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ဖြစ်ခဲ့တယ်။ နောက် ပိုင်း ရွေးကောက် ခံအစိုးရ လက်ထက်ကျတော့ အလုပ်သမားနဲ့ လူမှုဝန်ထမ်းဝန်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်း ဆောင်ခဲ့ရပါတယ်။နောက်ဆုံး ပြန်ကြားရေး ဝန်ကြီးအဖြစ် တာဝန်က နေနား လိုက်ပါတယ်။ဆက် ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေးခံရတာတော့ ၂ဝဝ၇ ခုနှစ်အောက်တို ဘာ လ ထဲမှာပါ။အဲ့ဒီတုန်းက တပ်မတော်အစိုး ရ လက်ထက်ပေါ့။ ဘာ့ကြောင့်ရွေး ချယ်လဲ ဆိုတာတော့ ကျွန်တော် ကိုယ်တိုင်မသိပါဘူး။ ကျွန်တော့် အနေနဲ့ကျွန်တော့်စိတ်ထဲထင်တာ ကတော့ ကျွန်တော် အဲဒီ့အချိန် တုန်းက စာအုပ်တွေရေးနေပြီ။အထူး သဖြင့် ပြည်သူ့ စစ်မ ဟာ ဗျူဟာ၊ ခြေမြန်တပ်မလက်စွဲတို့ နိုင်ငံ တကာရေးရာတွေရော ဟိုပြည်တွင်းရေးရာတွေရော၊ မဟာ ဗျုဟာရေးရာတွေရောပါဝင်တဲ့ အ ဆင့်မြင့် စစ်ပညာစာအုပ်တွေ တော်တော်များများ ရေးခဲ့တယ်။
ရေးခဲ့တဲ့ဟာတွေကိုလည်း လူကြီး တွေကို တော်တော်များများ တင်ပြ ခဲ့တယ်။ တပ်မတော်အစိုးရ လက် ထက် ဒုတိယလေ့ကျင့်ရေးအရာ ရှိချုပ် ထမ်းဆောင်စဉ်ကာလ မှာပေါ့နော်။ အဲ့ဒီမှာ ဘာတွေပါ သေးလဲဆိုရင် စစ်ဘက်တင်မကပါ ဘူး။ စစ်ဘက်နဲ့လူမှုဆက်ဆံရေး စတာတွေလည်းပါတော့။ ဒါတွေ ကို ကြည့်ပြီးလူကြီးတွေက တစ်စုံ တစ်ရာလက်ခံတယ်။ အသိအမှတ် ပြုတယ်။ ယုံကြည်မှု ရှိမယ်လို့ ထင် ပါတယ်။ အဲဒါကြောင့် ခုလို အရေးကြီးတဲ့ တာဝန်ကိုပေးတော့ မယ် ဆိုတော့ ကျွန်တော့်ကိုယုံကြည် ပြီး ပေးတာလို့ ထင်ပါ တယ်။ ဒေါ်ေ အာင်ဆန်းစုကြည်နဲ့ ဆက်ဆံ ရေးအပိုင်းက ၂ ပိုင်းရှိတာပေါ့။ ပထမအပိုင်း ကသိတဲ့အ တိုင်းပဲ လေ။ တပ်မတော်အ စိုးရကာလဆို တော့ ကျွန်တော်တို့တွေ့ ဆုံခဲ့တာ ၂ဝ၁ဝ ပြည့်နှစ်အထိ စုစုပေါင်း (၉) ကြိမ် ရှိခဲ့တယ်။ အဲဒီမှာတော့အောင် မြင်မှုကာလ က မရှိဘူးတော့ မ ဟုတ်ပါဘူး။ နည်းတော့ နည်းပါတယ်။ အထူးသဖြင့်ဆိုရင် တချို့အရေးကြီးတဲ့ နိုင်ငံရေးသမားကြီးတွေ ထောင်က လွှတ်လာတာ ရှိတယ်။ နောက် ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ သူ့အဖွဲ့ချုပ်က CEC အဖွဲ့တွေနဲ့ ပြန်လည်တွေ့ဆုံလို့ရအောင်လုပ် ပေးနိုင်ခဲ့တယ်။ အ လား တူ ပါပဲနိုင်ငံ တော်ဘက်က ဒေါ်အောင်ဆန်းစု ကြည်အတွက် ပြောပြလိုတဲ့သတင်း အချက်အလက်တွေ၊ သူ့ဘက်က လည်းအစိုးရ ကိုပြောလိုတဲ့အချက် အလက်တွေ အဲဒါတွေအားလုံးကို သေသေချာချာလေး ရှင်းပြနိုင်ခဲ့တယ်။ ဒါကတော့ တပ်မတော် အစိုးရ လက်ထက်ကာလ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခြင်းရဲ့ရလဒ်ပါ။
အနည်းဆုံးရလဒ် တွေပေါ့ဗျာ။ နှစ်ကလည်း ကြာတော့ အများကြီးတော့ ကျွန်တော် မမှတ်မိတော့ဘူး။ ဒါပေမဲ့ဒီဘက် ရွေးကောက် ခံအစိုးရကာလ အဲဒီ ကာလမှာလည်း သမ္မတကြီးရဲ့လမ်း ညွှန်ချက်အရ ဆုံတွေ့ရတာတွေရှိ ပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေ့ ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတနဲ့ သီးသန့်တွေ့ဆုံနိုင်ဖို့ ဆောင် ရွက် နိုင်ခဲ့တယ်။ နောက်ပြီးဒေါ်အောင် ဆန်း စုကြည် ရဲ့ ပါတီမှတ်ပုံတင် ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ လည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ခုလက်ရှိ ရှိနေတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥ ပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီက နည်းနည်းငြိနေတော့ အခက် အခဲ ဖြစ်နေတာလေးတွေ ရှိပါ တယ်။ အဲဒါလေးတွေကို သမ္မတ ရဲ့ လမ်းညွှန်ချက်အရ ဥပဒေပြင်ဆင် နိုင်ရေးကိစ္စအတွက် လွှတ်တော် ဥက္ကဋ္ဌတွေဆီ၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တွေဆီ ကျွန် တော်ကပဲ သွားရောက်တွေ့ဆုံပြီး ပြင်ဆင်နိုင်ဖို့အတွက် လုပ်ပေးခဲ့ပါ တယ်။ဥပဒေနဲ့အညီရပ်တည် နိုင်ရအောင်အစိုးရဘက်က တစ်ယောက်အနေနဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။
၂ဝ၁၃ ခုနှစ်တုန်းက အန်ကယ် အလုပ်သမားဝန်ကြီးဖြစ်ချိန် ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံအပေါ် အရေး ယူပိတ် ဆို့ခံထားရမှုကို ဖယ်ရှားလိုက်နိုင်ခဲ့တယ် လို့သိရပါတယ်။ ဘာ့ကြောင့်ပါလဲဗျ။
အဲဒါကတော့ အဲဒီနှစ်အဲဒီ အချိန်တုန်းက လုပ်ဆောင်ချက်မဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေရ လာအောင် နှစ်တွေအ များကြီး လုပ်ေ ဆာင်ခဲ့ရပါတယ်။ ၂ဝ၁၃ ခု နှစ် ဇွန်လတုန်းက ဒါတွေကို ရုပ် သိမ်းပေးဖို့ ညီလာခံမှာတင်သွင်းခဲ့ တယ်။ အဲဒီတင်သွင်း မှုက အောင် မြင် သွားတယ်။ ဒီလိုတော့ ဆိုလို့ရ တယ်။ ပိတ်ဆို့မှု ၈ ချက်ထဲက သိပ်အရေးမကြီးတဲ့ ၁ချက်ကလွဲ ရင် ကျန်တဲ့အချက်အကုန်လုံးလွတ် သွား တယ်။ တကယ်တမ်း ပြောရရင် ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ ဝင် ၁၈၈ နိုင်ငံထဲမှာအရေး ယူခံရ တာကမြန်မာတစ်ခုပဲရှိတယ်လေ။
ဒါကလည်း ၁၉၉၉ ခုနှစ်မှာစလုပ်ခဲ့တာ။ ဒါဟာ အဓမ္မစေခိုင်းမှု တွေကြောင့်ပဲ။ ကျွန်တော်က ၂ဝဝ၆ ခုနှစ်မှာ အလုပ်သမား ဒုဝန်ကြီး ဖြစ်တယ်။ ၂ဝဝ၇ ခုနှစ်အောက်တို ဘာလမှာ ဝန်ကြီးစဖြစ်ပြီး စပြီး ကြိုးစားခဲ့တယ်။ ဘာတွေလိုအပ် သလဲဆိုတာ သိခဲ့ တယ်လေ။ အဲဒီ အချိန်မှာအရေးကြီးတဲ့ လိုအပ် ချက်တွေ လုပ်ခဲ့တယ်။ အဓမ္မစေခိုင်းမှုကို မြန်မာမှာမလုပ်ဖို့၊ ကမ္ဘာ့အလုပ်သမားရေး ရာ အဖွဲ့ရုံးကို ဒီမှာ ရုံးစိုက်ပြီး တိုးတက်မှုကို အစီရင်ခံစာ ပြုလုပ်နိုင်ဖို့၊ အဓမ္မစစ် သားစုဆောင်းတာတွေ မလုပ်ဘူး စတာတွေကို လုပ်ပြနိုင် ခဲ့ပါတယ်။နောက်ရွေးကောက်ခံအစိုးရလက်ထက်ရောက်တော့ အလုပ်သမား အဖွဲ့အစည်းဥပဒေတွေ၊ တချိန်တုန်းက ပြောလို့မရတဲ့ သမဂ္ဂဆိုတဲ့အသုံးအနှုန်းကို လက်ခံပြဋ္ဌာန်းနိုင်အောင် လွှတ်တော်ရဲ့ပထမအကြိမ် ဒုတိယပုံမှန်အစည်းအဝေးမှာပဲ ထူးထူးခြားခြား ပထမဦးဆုံးလုပ်ပြနိုင်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလအထွေထွေ အတွင်းရေးမှူးချုပ်တို့ရဲ့ ချီးကျူးစကားတွေတောင် ရခဲ့ပါတယ်။ ဒီ ကိစ္စရဲ့ နောက်ဆက်တွဲတွေကြောင့်ဥရောပ သမဂ္ဂရဲ့ပိတ်ဆို့မှုတွေ တောင်ပြန်ပွင့်သွားပါတယ်။ ဥရောပ သမဂ္ဂဆိုတာက ကမ္ဘာလုပ်သားအဖွဲ့ချုပ်ရဲ့ တင်ပြချက်အပေါ် ကြည့်ပြီး ပိတ်ဆို့မှုတွေလုပ်တတ်တဲ့ အတွက် ဟိုဘက်ကပြန်ဖွင့်ရင် ဒီ ဘက်က လည်း ပြန် ဖွင့်ပေးလိုက်တယ်။ ဒီလိုတွေတော့ရှိပါတယ်။
ခုဆို အနိမ့်ဆုံးလုပ်ခလစာကို တစ်နေ့ ၃၆ဝဝ ကျပ်လို့ အစိုးရကသတ်မှတ်လိုက်ပါပြီ။ အန်ကယ်က အလုပ်သမားဝန်ကြီး ဖြစ်ခဲ့ဖူးတော့ မှတ်ချက်တစ်ခုလောက် ပေးလို့ရ မလား။
တစ်နေ့ကို အမေရိကန် ၃ ဒေါ်လာနှုန်းဖြစ်သွားတဲ့အတွက် သင့်လျော်တဲ့ နှုန်းထားတစ်ခုလို့ မြင်ပါတယ်။ အလုပ်ရှင်ဘက်အတွက်လည်း သင့်တင့်မျှတပါတယ်။ နိုင်ငံမှာက အထည်ချုပ်လုပ်သားတွေ အများကြီးရှိနေတဲ့အတွက် ဒါကိုဦးတည်ပြီး သတ်မှတ်လိုက်တယ်လို့ ကျွန် တော်မြင်ပါတယ်။ တခြားနိုင်ငံတွေထက်စာရင်ဒီ နှုန်းကနည်းတယ်လို့ ပြောလို့ရနိုင်ပေမယ့်လည်း ကျွန်တော်တို့နိုင်ငံက ဥရောပ သမဂ္ဂနိုင်ငံတို့၊ ဂျပန်တို့ ထက်စာရင်လာရ၊ သွားရတဲ့ခရီးကဝေးတယ်။ ဒီတော့သွားလာရတဲ့ စရိတ်ရှိတယ်။ ဒါ့ကြောင့် ပိုမရနိုင်သေး ဘူးဖြစ်နေတယ်။ ဒါ့ကြောင့်ဒီ အချိန်မှာ ဒီနှုန်းထားဟာ သင့်တော်တဲ့ နှုန်းထားတစ်ရပ်လို့ ကျွန်တော်မြင်ပါတယ်။ အလုပ်သမားတွေ ဘက် က ကုန်ထုတ်လုပ်နိုင်စွမ်းအားတိုးမြင့်လာရအောင်စီမံခန့်ခွဲ ရေးအပိုင်းကလည်း အတော်လေး ကြိုးစားရမယ်လို့မြင်ပါတယ်။
ပြန်ကြားရေးဝန်ကြီးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်နေရင်း အနားပေးခံခဲ့ရပုံကို ပြောပြပေးနိုင်မလားခင်ဗျ။
အဲဒါကိုပြောရရင် ကျွန်တော်က ရွေးကောက်ခံအစိုးရအဖွဲ့မှာ အလုပ်သမားနဲ့ လူမှုဝန်ထမ်းကယ် ဆယ်ရေးဝန်ကြီးဌာနတွေမှာ ဝန် ကြီးအဖြစ် စတင် တာဝန်ပေးခံ ခဲ့ရပါတယ်။ ဒီဝန်ကြီးဌာနတွေကကျွန်တော်အတွက် သင့်တော်တဲ့ ဝန်ကြီးဌာန တွေဖြစ်တယ်။တာ ဝန်ထမ်းဆောင်ရတာကိုလည်းနှစ်သက်တယ်။ ဒါ့ကြောင့်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေကြမ်းတွေ၊ ကလေးသူ ငယ် တွေနဲ့ပတ်သက်တဲ့ ဥပဒေကြမ်း တွေ၊ မသန်စွမ်းတွေနဲ့ ဆိုင်တဲ့ဥပ ဒေကြမ်းတွေ၊ အလုပ်သမားတွေနဲ့ ဆိုင်တဲ့ဥပဒေကြမ်းစတာတွေ ကို ကျွန်တော်လုပ်ခဲ့တယ်။ ဒီနေရာကကျွန်တော့်အတွက် အကောင်းဆုံး နေရာတွေပါပဲ။ ဒါပေမဲ့လည်း ကျွန်တော့်ကို ပြန်ကြားရေး ဝန်ကြီး နေရာ ပေးမယ်ဆိုတဲ့ သတင်း စကားကြားရတယ်။ သမ္မတရုံး ဝန်ကြီးတွေကလည်း ဒီနေရာပေးဖို့ ရှိတယ်လို့ပြောတယ်။ ကျွန်တော်ကဆန္ဒမရှိပါဘူး။ မသင့်တော်ပါဘူးလို့လည်း သူတို့ကိုပြောခဲ့ပါတယ်။ နောက်ဆုံးတော့ ပြန်ကြားရေးဝန် ကြီးဌာနကို ကိုင် တွယ် ခဲ့ရပါတယ်။ သမ္မတက သင့်တော်တယ်ထင်လို့ တာဝန်ပေးအပ်တာလို့ ခံယူလိုက်တဲ့အတွက်ကြောင့် တာဝန်စထမ်း ဆောင်ခဲ့ပါ တယ်။ အဲဒီအချိန်မှာ ကျွန်တော်လေ့လာတယ်။ သင်ယူ တယ်။ ကြိုးစားတယ်။ ဒီအခါမှာဘာသွားတွေ့လိုက်လဲဆိုတော့ တို့ နိုင်ငံက ဒီမိုကရေ စီနိုင်ငံဖြစ်ပြီ။ ဒီ တော့နိုင်ငံပိုင်မီဒီယာကို ဝါဒဖြန့်ချိ ဖို့မသုံးသင့်တော့ဘူး။
အသိပညာ ဖြန့်ဝေဖို့သာ ဆောင်ရွက်သင့် တယ်။ ဒါ့ကြောင့်အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်းကိုရေးဆွဲခဲ့တယ်။ လွှတ်တော် ထံ လည်းတင်ပြတယ်။ အစိုးရအဖွဲ့ကို လည်းတင်ပြတယ်။ မီဒီယာသမား တွေနဲ့ ပြည်သူတွေ သိစေဖို့လည်း ချပြတယ်။ သဘောတူ တာတွေလည်းရှိတယ်။ မတူတာတွေလည်း ရှိတယ်။ လုံးဝလက်မခံဘူးဆိုတာ မျိုးတော့ မတွေ့ခဲ့ရဘူး။ ဒီအခါမှာ ပုဂ္ဂလိကမီဒီယာတွေက သံသယ ရှိတယ်။ ဘဝင်သိပ်မကျကြဘူး။ ဒါက သူတို့ကိုချိုးနှိမ်တာလို့ တွေး တဲ့သူလည်းရှိခဲ့ကြတယ်။ အတွင်းစည်းထဲမှာလည်း သိပ်ပြီးမြန်နေသလားဆိုတဲ့ အမေးတွေလည်းရှိ ကြတယ်။ ကျွန်တော်ကတော့ ဆုံးဖြတ်ထားတယ်။ အစိုးရက စီးပွားရေးအတွက်၊ ဝါဒဖြန့်ဖို့အတွက် နိုင်ငံပိုင်မီဒီယာကို အသုံးမချရဘူး။မသုံးသင့်ဘူး။ အများပြည်သူအသိပညာတိုးဖို့ပဲဖြစ်ရမယ်။ အရှုံးလည်းခံရမှာပေါ့။ ဒါဟာ ပုဂ္ဂလိက မီဒီယာကို ချိုးနှိမ်ဖို့လည်းမဟုတ်ဘူး။ ကျွန်တော့်အတွက်တော့ ဒါ ဟာစွန့်စားမှုတစ်ခုဆိုတာ ကျွန်တော်သိတယ်။ ခုချိန်မှာ သတင်းအချက်အလက်တွေကို တယ်လီဖုန်းတွေဆီကလည်းရနေတယ်။
နည်းလမ်းပေါင်းစုံကလည်းရနေတယ်။ ဒါပေမဲ့ သတင်းစာတွေလောက် အထောက်အထားခိုင်ခိုင်မာမာနဲ့ နားလည်သဘောပေါက် မှုမရှိနိုင်ဘူး။ ဒါတော့သေချာတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဝန်ကြီး ဌာနက လွှတ်တော်ထဲမှာ အများပြည်သူဝန်ဆောင်မှု မီဒီယာဆို တာလွတ်လပ်သော မီဒီယာဗဟုဝါဒ (Liberal Media Pluralism) အရဆောင်ရွက်ခြင်းဖြစ်ကြောင်း အကြိမ်ကြိမ်သွားရှင်းပြ တယ်။ ဒါပေ မဲ့ အစိုးရအဖွဲ့အတွက် စိတ် တိုင်းမကျတာတဲ့ အချက်လေး အချို့ပါသွားတယ်ထင်တယ်။ နောက်ပိုင်း မကြာခင်မှာအနား ယူခွင့်ရ ပါတယ်။
တချို့ဝန်ကြီးတွေဆို အစိုးရ အဖွဲ့ထဲက ထွက်ပြီးပါတီမှာ ထမ်းဆောင်ကြတယ်။ အန်ကယ်ကရော။ နောက်တစ်ခုမေး ချင်တာကပြီးခဲ့ တဲ့သြ ဂုတ်လ ၁၂ ရက်နေ့ပြည်ခိုင် ဖြိုးပါတီရဲ့ ပါတီတွင်းအပြောင်းအလဲမှာ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ခဲ့တဲ့ အန်ကယ့်နာမည်က သူရဦးရွှေမန်း၊ သူရဦးအောင်ကို စတဲ့သူတွေနဲ့ အတူပါမလာတော့ဘူး။ ဘာ့ကြောင့်ပါလဲ။
အမှန်အတိုင်းပြောရရင် ခုချိန်မှာ ပါတီနိုင်ငံရေးကို ကျွန်တော်စိတ်မဝင်စားတော့ဘူး။ ၂ဝ၁၄ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကျွန်တော် အစိုးရအဖွဲ့ကနေ အနားယူရတယ်။ အဲဒီ့နောက်ပိုင်း ရှေ့ ဆက်ငါဘာလုပ်မလဲလို့ စဉ်းစားတယ်။ ကျွန်တော်က ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုအ လုပ်အမှုဆောင်တစ်ဦးပဲ။ အစိုးရအဖွဲ့ထဲပါ နေလို့ ပါတီတာဝန် မထမ်းဆောင်တာပဲ ရှိတယ်။ ပါတီက လူကြီးအချို့က လည်း ပြန်ေ ခ်ါပါတယ်။ ကျွန်တော်ကတော့ စဉ်းစားဦးမယ်။ လွတ် လွတ်လပ်လပ်လည်း အနားယူခရီး ထွက်ချင်သေးလို့ ခွင့်ပေးပါဦးလို့ဆို လိုက်တယ်။ ဒါနဲ့ ၂ လပြည့်ပြီး ၂ဝ၁၄ ခုနှစ် စက်တင်ဘာ၂၇ ရက် နေ့မှ ပါတီကို နုတ်ထွက်စာပေး လိုက်တယ်။
ဥက္ကဋ္ဌထံ လိပ်မူပြီး အ ထွေထွေအတွင်းရေးမှူးဆီကနေ တစ်ဆင့်ဖြစ်ပါတယ်။ ကျွန်တော်ကလာမယ့် ရွေးကောက်ပွဲ လည်းဝင် မပြိုင်တော့ ပါဘူးလေ။ နောက်တစ်ခုက ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးလည်း မလုပ်ချင်တော့ဘူး။ နောက်ပြီးသူ့ဘက်၊ ကိုယ့်ဘက်လည်း ကျွန်တော် မပါဘူး။ ဒါပေမဲ့ ထွက်စာတင်ထားရင်းကနေ အစည်း အဝေးခေါ်တာတွေလည်း တချို့ က လုပ်တယ်ဗျ။ ကျွန်တော်သွားမ တက်ခဲ့ဘူး။ ဒါနဲ့နီးစပ်ရာ ပါတီ ဗဟို အတိုင်ပင်ခံတွေကို မေးရတယ်။ ကျွန်တော့် ထွက်စာတင်ထားတာ။ ခွင့်ပြုလိုက်ပြီလားပေါ့ဗျာ။ သူတို့ကလည်း မသိ ဘူး ပဲ ဖြေကြတယ်။ တလောကဖြစ်ခဲ့တဲ့ကိစ္စမှာ သူရဦးရွှေမန်းနဲ့အတူ ကျွန်တော့်ကို CEC ကနေ ဖယ်ရှား လိုက်တယ်လို့ ကြားရတယ်။ ဒီလို ဖြစ်လာမှ ဖယ်ရှားခံလိုက်ရတဲ့ ပုံ ပေါက်နေတယ်။အမှန် ၂ဝ၁၄ခုနှစ် စက်တင်ဘာလကတည်းက ထွက် စာတင်ပြီးသား ပါ။ နုတ် ထွက်စာ ကျွန်တော့်မှာရှိတယ်။
ပါတီအကွဲအပြဲကိုရော ဘယ်လို မှတ်ချက်ပေးချင်လဲ။
အားသစ်လောင်းလိုက်တယ်လို့မြင်ပါတယ်။ မူလသွားနေတဲ့ လမ်းကြောင်းအတိုင်း ဖြောင့်ဖြောင့် ဆက်သွားနိုင်ဖို့လုပ်တယ် လို့မြင် ပါတယ်။ ဒါပေမဲ့တစ်ခုတော့ ပြော ချင်တယ်။ ကမ္ဘာ့နိုင်ငံတွေဒီမိုက ရေစီ ကူးပြောင်းရာမှာ အတိတ် အုပ်ချုပ်ရေးကာလက ဦးဆောင်ခဲ့ တဲ့ နိုင်ငံရေးပါတီကြီးတွေဟာ အ ကြီး အကျယ်ပြောင်းလဲမှုတွေလုပ် ခဲ့ကြတာတွေ့ရပါတယ်။ အရှေ့ ဥရောပနိုင်ငံတွေမှာရှိတဲ့ ပါတီတွေ ဆို ရင် မူလပါတီမှန်းတောင် မသိ တော့လောက်အောင် ပြောင်းလဲ ကြရတယ်။ ပြည်သူလူထုထောက်ခံ မှုရအောင် ပြောင်းလဲကြရ တာပါ။ ပါတီစုံခေတ်ဆိုတာ ပါတီချင်းယှဉ် ပြိုင်ရတဲ့စနစ်(Competitive Regime) ဖြစ်နေပြီလေ။ အမိန့် ပေး အုပ်ချုပ်ရေး စနစ်မှာလို လူထု ကို ငါ့နောက်လိုက်ခဲ့လို့ပြောလို့မရဘူး။ ကျွန်တော်ပြောချင်တာက ကောင်းမွန်တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်လာအောင် ဦးဆောင်နိုင်ဖို့ပါပဲ။
အန်ကယ်က ပြီးခဲ့တဲ့တပ်မတော်နေ့ အခမ်းအနားမှာ တပ်မတော်ဝတ်စုံ ဝတ်ပြီး တက်ခဲ့သေးတယ်နော်။
တပ်မတော်မှာ ကျောင်းဆရာ လုပ်လာတဲ့နှစ်ကနည်းမှမနည်းတာပဲဗျ။ ဒါ့ကြောင့်ဖိတ်တာပါ။
လာမည့်အစိုးရသက်တမ်းမှာ နေရာတစ်နေရာ ကမ်းလှမ်းလာခဲ့ရင် အန်ကယ်လုပ်မှာလားဗျ။
ခုဆိုကျွန်တော့်အသက်က ၇ဝ ထဲရောက်တော့မယ်။ ဒီတော့ နောက် ၅ နှစ်မှာ ကျွန်တော်မလုပ် နိုင်တော့ဘူး။ နောက်ပြီး ကိုယ်ရည် ကိုယ့်သွေးတွေဟာလည်း အရင်က ထက်စာရင် ကျလာပါပြီ။ ကျွန် တော်မကြာမကြာပြောဖူးပါတယ်။ကျွန်တော် ပြောလို့ရတဲ့နေရာတွေ မှာပေါ့နော်။ လူငယ်ပညာတတ်တွေ ကိုဆွဲတင်ပေးပါ။ ကျွန်တော်တို့က နောက်ကွယ်မှာပဲနေသင့်ပြီ။လို အပ်ရင်အကြံပေးမယ်။ ကူညီပေး မယ်။ ဒါပဲလုပ်သင့်တော့တယ်ဆို ပြီးတော့ပါ။ နောက်တစ်ခုက ကျွန် တော်တို့မျက်နှာကို ပြည်သူတွေ ကမြင်နေရ တာကြာပြီ။ လူထု ကလည်း ငြီးငွေ့နေရောပေါ့။ အသစ်အဆန်း တွေ မြင်ချင်နေရှာမှာပဲ။ လိုအပ် ရင် ကျွန်တော်အနားယူပေးမယ် လို့ဒီစကားတွေ ကို ကျွန်တော်အမြဲပြောနေခဲ့တာပါ။
ဟုတ်ကဲ့ခင်ဗျ။ ခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။
မင်းသုအောင်
Post a Comment