နွယ်ဇင် ၊ ရန်ကုန်၊ စက်တင်ဘာ ၎
လက်ရှိ မြန်မာနိုင်ငံ၏ခရီးသွားရာသီတွင်ခရီးသွားလာမှုနည်းပါး နေသော ကြောင့် လေယာဉ်လက်မှတ်ဈေးနှုန်းများကိုထက်ဝက်ခန့်အထိ လျှော့ချကာ ရောင်းချနေရသည့်အတွက် ပြည်တွင်းလေကြောင်းလိုင်း များ လုပ်ငန်းအရှုံးပေါ်မှုများ ကြုံတွေ့နေရကြောင်း လေကြောင်းလုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။
မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုကြောင့် နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်း ပါးနေသည့်အပြင် ပြည်တွင်းခရီးသွားလာမှုမှာ လည်း ယခင်နှစ်များကထက် နည်းပါးနေကြောင်း သိရသည်။
''ခရီးသည်ရရှိမှုက တအားနည်းနေ တယ်။ လေကြောင်းလိုင်းတွေ အားလုံးကလဲ လေ ယာဉ်လက်မှတ်ဈေးနှုန်းကို ပရိုမိုးရှင်းလုပ်ပြီး ရာ ခိုင်နှုန်း ၅ဝ လောက်အထိ လျှော့ရောင်းနေကြ တယ်။ ကိုယ့်လေကြောင်းလိုင်းက မလျှော့လို့မရ ဘူး။ အပြိုင်အဆိုင် လုပ်နေရတာဆိုတော့ အ မြတ်ရဖို့ထက် လက်မှတ်ဈေးကို တစ်ဝက်လောက် လျှော့လိုက်တာဆိုတော့ ရှုံးတာပေါ့။ ခုဆိုရင် ပြည်တွင်းလေကြောင်းလိုင်း အများစုက လုပ် ငန်းအရှုံးပေါ်နေကြ တာပဲ။ ရှုံးနေရက်နဲ့ ဘာလို့ ဆက်လုပ်နေကြလဲဆိုရင် လတ်တလော အရှုံး ပေါ်နေတာကို လာမယ့် ခရီးသွားရာသီမှာ ရလာ မယ့် အကျိုးအမြတ် နဲ့ ပြန်ပြီးညီမျှအောင် လုပ် နေကြတယ်''ဟု မန်းရတနာပုံ လေကြောင်းလိုင်း မှ အမှုဆောင်အရာရှိချုပ် ဦးကျော်မျိုးက ပြော သည်။
''ဒီရာသီကတော့ ခရီးသွားရာသီ မဟုတ်တဲ့အတွက်ကြောင့်လဲ ခရီးသည် အဝင် နည်းနေတာ ဖြစ်တယ်။ ဒါပေမဲ့ အရင်နှစ်တွေ က ဒီရာသီမှာ ဝင်တဲ့အရေအတွက်နဲ့ ယှဉ်ရင် တော့ နည်းတာပေါ့။ ရေကြီးမှုတွေကြောင့်လဲ ခရီးသွား ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေ လားဆိုတော့ သက်ရောက်မှု တချို့ရှိတာပေါ့။ မြန်မာနိုင်ငံမှာဒီလိုမျိုး ရေကြီးမှုတွေ မြေပြိုမှု တွေ ဖြစ်နေတော့ မဖြစ်မနေကိစ္စမျိုးမှ ခရီးသွား လာမှုတွေ လုပ်ကြတာပါ''ဟျွုကဘပူညေိ ခရီး သွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအေး ကျော်က ပြောသည်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနအနေဖြင့် လက်ရှိတွင် ပြည်တွင်းလေ ကြောင်းလိုင်း ၁ဝ လိုင်းကို ပြည်တွင်းပြည်ပ ခရီး စဉ်များ ပျံသန်းခွင့်ပြုထားသည်။
ယင်းလေကြောင်းလိုင်းများမှာMyanmar Airway International သည် ပြည်ပ ပုံ မှန်ခရီးစဉ်များကိုသာ ပျံသန်းပြီး Golden Myanmar Airways နှင့် Myanmar National Airlines တို့သည် ပြည်တွင်းပြည်ပ ခရီးစဉ်များ ပျံသန်းလျက်ရှိပြီး Asian Wings Airways, Mann Yadanar Pom Airways, Yangon Airways, Air Bagan, Air KBZ, Air Mandalay နှင့် FMI Airways တို့မှာ ပြည်တွင်း ခရီးစဉ်များကို ပျံသန်း လျက်ရှိသည်။
Post a Comment