0

 
ဘယ်ပွဲ အခမ်းအနားမဆို အရက်က မပါမဖြစ်ပါပဲ။ လူတွေဟာ အရက်သောက်ရတာကို ကြိုက်ကြပေမယ့် အရက်ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အရက်နာကျခြင်းကိုတော့ မနှစ်မြို့ ကြပါဘူး။ အရက် အလွန်အကျွံသောက်မိတဲ့ ညတွေပြီးရင် ခေါင်းအုံကိုက်ပြီး မကြည် မသာဖြစ်တဲ့ မနက်ခင်းတွေက ကြိုဆိုလျက်ရှိပါတယ်။ အသက်အရွယ်ပြောင်းလဲလာတာနဲ့ အမျှ အရက်နာကျတတ်တဲ့ ပုံစံတွေကလည်း ပြောင်းလဲလာတတ်ပါတယ်။

အသက်နှစ်ဆယ်ကျော်အတွင်းမှာ

နှစ်နာရီလောက် အိပ်ပြီးတဲ့အခါ သင့်ခေါင်းကြီးက နှစ်ခြမ်းကွဲသွားတော့မလို့ မျိုးခံစားရပြီး နိုးလာတတ်တယ်။ ဈေးပေါပေါ၊ အဆီများများနဲ့ အစားအသောက်ကို သင် ချက်ချင်း လိုက်ရှာ တတ်ပါတယ်။ ပြီးတော့ ပြန်ဖြေတဲ့အနေနဲ့ ဘီယာလေးမော့ပြီး ခေါင်းကိုက်တာကို ဆေးကြောလိုက်တယ်။ စား၊သောက်ပြီးရင် နေလို့ ထိုင်လို့ ပြန်ကောင်းလာပြီး အခွေစီးရီးတစ်ခုလုံးကို အပြီးထိုင်ကြည့်နေတတ်တယ်။

အသက်သုံးဆယ်ကျော်အတွင်း

မအီမသာကြီးဖြစ်ပြီး နာကျင်ကိုက်ခဲနေတတ်တယ်။ အလွန်အကျွံသောက်မိတာ ကိုယ့်အပြစ်ပဲ ဆိုပြီး ကိုယ့်ကိုကိုယ် ထုရိုက်နေတတ်တယ်။ သစ်သီးဖျော်ရည် တစ်မျိုးမျိုးကို တစ်ကျိုက်တည်းမော့ချလိုက်ပြီး ဦးထုပ် လေးဆောင်း၊ နေကာမျက်မှန်လေး တပ်ကာ ဈေးအကြီးဆုံး သစ်သီးဖျော်ရည်တစ်ခွက်လောက် သွားသောက်ဖို့ ထွက်လာတတ်တယ်။ လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားပေမယ့် မူးနောက်နောက်ကြီး ဖြစ်နေပြီး နောက်ဆုံးပေါ် ဆိုဖာပေါ် ပစ်လှဲပစ်လိုက်တယ်။ နောက် တစ်ခုခုစားပြီး ည ရှစ်နာရီလောက်ဆို အိပ်ပျော် သွားကာ အားလပ်ရက်ကလည်း ဖြုတ်ဆို ကုန်ဆုံးသွားတတ်တယ်။ ဒါဟာ အသက်လေးရလာတာနဲ့ ခန္ဓာကိုယ်အလေးချိန်ကလည်း တက်လာပြီး အရက်သောက်ပြီးတဲ့အခါ ရေဓာတ်ဆုံးရှုံးမှု ပိုများတာကြောင့် ဖြစ်ပါတယ်။

လေးဆယ်ကျော်အတွင်း

မနက်နိုးလာတဲ့အခါ ညက ဘတ်စ်ကားတစ်စီးစီး သင့်ကို တိုက်သွားတယ်လို့ သေချာပေါက် ထင်နေပြီး နောက်တော့မှ ညက “ အရက်ခွက် ဘယ်သူဖြည့်ဦးမလဲဟေ့” လို့ သင်အော်နေတာကို ၀ိုးတိုးဝါးတား မှတ်မိ လာတယ်။ ချွေတာတဲ့ အနေနဲ့ မနက်စာနဲ့ နေ့ လည်စာကို နှစ်နပ်ပေါင်း တစ်ခါတည်းစားပြီး ဈေးပေါပေါ အနှိပ်ခန်းမမှာ အနှိပ်သွားခံဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်နေကုန် နာကျင်ကိုက်ခဲနေပြီးနောက်မှာတော့ ‘နောက်ဘယ်တော့မှ မသောက်တော့ဘူး’ လို့ တိုင်တည်လိုက်တယ်။ တစ်လ လောက်တော့ ဟုတ်မလိုလိုနဲ့  နောက်တော့လည်း ပြန်သောက်မိသွားတာပါပဲ။ အသက်အရွယ်ကြီးလာတာနဲ့ အမျှ၊ stree hormones လို့ ခေါ်တဲ့ ကော်တီဇိုဟော်မုန်းတွေ ထုတ်လုပ်မှု များလာပြီး အရက်နာကျခြင်းရဲ့ ဆိုးဝါးရဲ့အရသာကို ပိုခံစားရစေပါတယ်။

Ref:womenshealthmag

http://www.trend.com.mm/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top