ဒီနေ့ (စက်တင်ဘာ ၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တို့မှာ အဲ့ဒီမြို့ အသီးသီးရဲ့ စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲမှာ ရောက်ရှိနေပြီး နောက်သုံးရက်အတွင်း အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ် အသီးသီးကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ချင်းတွင်းမြစ်ရေဟာ မော်လိုက်မြို့မှာ ကိုးပေခွဲခန့်၊ ကလေးဝမြို့မှာ ခြောက်ပေခွဲခန့်၊ ဟုမ္မလင်းမြို့မှာ ငါးပေခန့်၊ မင်းကင်းမြို့မှာ ငါးပေခန့်နဲ့ မုံရွာမြို့မှာ တစ်ပေခွဲခန့် အဲ့ဒီမြို့အသီးသီးရဲ့ စိုးရိမ်ရေမှတ် အထက်ကို ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်းမှာ ကလေးဝမြို့နဲ့ မင်းကင်းမြို့တွေမှာ တစ်ပေခွဲစီလောက်နဲ့ မုံရွာမြို့မှာ နှစ်ပေလောက် ဆက်တက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် တိုင်းထွာချက်တွေအရ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို တစ်ပေလောက် ကျော်လွန်နေပြီး နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲ့ဒီလို မြစ်ရေတွေ စိုးရိမ်ရေမှတ် အထက်ကို မြင့်တက်လာခဲ့တာကြောင့် ပခုက္ကူ၊ ညောင်ဦး၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာခရိုင်အတွင်းမှာ ရှိတဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်တဲ့သူတွေ ရှောင်ရှားဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.