0

မြစ်ကြီးနားမှာနေတဲ့ အဘိုးအိုတစ်ဦးဟာ ရန်ကုန်ကသားဆီကိုဖုန်းဆက်ပါတယ်…
“နားထောင်ငါ့သား… မင်းအမေနဲ့ငါနဲ့ ကွာရှင်းတော့မယ်… လေးဆယ့်ငါးနှစ်လောက် ဒုက္ခခံလာရတာ ငါ့အတွက်တော်သင့်ပြီ…”
“အဖေ… ဘာတွေပြောနေတာလဲ…” သားဖြစ်သူက ထိတ်လန့်တကြားအော်ပြောလိုက်တယ်…
“ငါတို့ တစ်ယောက်ကိုတစ်ယောက် နည်းနည်းမှထပ်မတွေ့ချင်တော့ဘူး…” အဘိုးအိုက ဆက်ပြောတယ်… “ငါသူ့မျက်နှာကိုမြင်ရမှာလည်း စိတ်ကုန်တယ်… ပြီးတော့ ဒီအကြောင်းတွေပြောရမှာလည်း စိတ်ကုန်တယ်… မော်လမြိုင်က မင့်အမဆီကို မင်းပဲဖုန်းဆက်ပြောလိုက်တော့…” လို့ ပြောပြီးတော့ အဘိုးအိုဖုန်းချသွားတယ်….
သားဖြစ်သူက စိုးရိမ်လာတာပေါ့… ဒါကြောင့် သူ့အမဆီကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြတယ်….
သူ့အမက “ဘုရားရေ… သူတို့ကွာရှင်းတော့မယ်ဟုတ်လား…” လို့ဆိုပြီးတော့ သူ့အဖေဆီကို ချက်ချင်းဖုန်းခေါ်ပါတယ်…
“အဖေတို့ ဘာလို့ကွာရှင်းရမှာလဲ… ဘာမှလျှောက်လုပ်မနေနဲ့… သမီးတို့မောင်နှမနှစ်ယောက် ဒီကိစ္စကိုဆွေးနွေးဖို့ မနက်ဖြန်လေယာဉ်နဲ့ထွက်လာမယ်… သမီးတို့မရောက်မချင်း ရှေ့နေလည်းမခေါ်နဲ့… ဘာစာရွက်စာတမ်းမှလည်းမလုပ်နဲ့… သမီးပြောတာကြားတယ်မလား… ဒါပဲ” ဆိုပြီး ဖုန်းချသွားပါတယ်…
အဘိုးအိုက သူ့ဇနီးဘက်ကိုလှည့်ပြီးပြောလိုက်တယ်… “အဆင်ပြေတယ် မိန်းမရေ… သူတို့ဒီသီတင်းကျွတ်ကို သူတို့စရိတ်နဲ့သူတို့ အိမ်ပြန်လာကြလိမ့်မယ်…”
နှိုင်းရင့်နွေ
Lwin Pyin

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top