0

အောင်ဖြိုးဦး ၊ ရန်ကုန်၊
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လက်ထောက် ဆရာဝန်တစ်ဦးက သူနာပြုနှစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်သည် ကို ဆေးရုံအုပ်ကတာဝန်ယူဖြေရှင်း ပေးခြင်းမရှိသောကြောင့် ယင်းဆေး ရုံရှိသူနာပြုဆရာမများက စက်တင် ဘာ ၂၃ရက်တွင် အလုပ်မဆင်းဘဲ ဆန္ဒပြလျက်ရှိကြောင်းသိရသည်။
ကိုယ်ထိလက်ရောက်ကျူးလွန် ခံရသည့်သူနာပြုဆရာမနှစ်ဦးအနက် အပြာဝတ်ဆရာမတစ်ဦးမှာ ပခုံးမှကိုင် စောင့်၍အတွန်းခံလိုက်ရပြီး၊ ယင်းအ ရှိန်ဖြင့် တံခါးပေါက်နှင့်စောင့်မိရာ မျက် နှာတွင် မျက်နှာအညိုအမည်းစွဲသွား ခြင်းဖြစ်သည်ဟုဆိုသည်။ ကျန်အနီ ဝတ်ဆရာမတစ်ယောက်ကိုလည်း အ ဆိုပါဆရာဝန်က မတ်တတ်ရပ်ခိုင်းစဉ် အနီးရှိပုလင်းတစ်လုံးကို လွှတ်ချလိုက် ရသဖြင့် ပုလင်းကွဲစများ ပြန့်ကျဲသွား ပြီး ဆရာမ၏ခြေဖဝါးနှင့် ခြေသလုံးသို့ စိုက်ဝင်သွားသည့်အတွက် ခြေထောက် ကွဲသွားရခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်ကို ဆန္ဒပြမှုတွင် ပါဝင်သည့်သူနာပြုများက ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများပေါ် တွင် ရေးသားထားသည်။
ထိုသို့ဖြစ်ပွားခြင်းကိုသက်ဆိုင် ရာဆေးရုံအုပ်ကလက်ထောက်ဆရာ ဝန်အား အပြစ်ယူခြင်းတစ်စုံတစ်ရာ မရှိဘဲ သူနာပြုဆရာမနှစ်ဦးကို သာ မင်နီတားခြင်းနှင့် အခြားနယ်များသို့ ရွှေ့ပြောင်းရန်စီစဉ်နေ၍ အလုပ်မ ဆင်းဘဲ ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆက် လက်ဖော်ပြထားခြင်းဖြစ်သည်။
သူနာပြုဆရာမများအနေဖြင့် ကိုယ်ထိလက်ရောက်ပြုမူစော်ကားခဲ့ သည့်လက်ထောက်ဆရာဝန်နှင့် တာ ဝန်ယူဖြေရှင်းမပေးသည့်ဆေးရုံအုပ် နှစ်ဦးစလုံးကိုသက်ဆိုင်ရာပြည်နယ် ဝန်ကြီးချုပ်နှင့် အခြားသက်ဆိုင်သူ များအားလုံးသို့တိုင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါစစ်တွေ ပြည်သူ့ဆေးရုံ ကြီးတွင်အနီဝတ်၊ အပြာဝတ်နှင့် အ စိမ်းဝတ်သူနာပြုစုစုပေါင်း ၃ဝဝ ခန့် ရှိပြီး ယခုဆန္ဒထုတ်ဖော်သူများတွင် အစိမ်းဝတ်သူနာပြုများမပါဝင်ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စစ် တွေဆေးရုံအုပ်ကြီးဒေါက်တာစိုးထွန်း အောင်က ''ဆန္ဒပြကြတာမဟုတ်ပါ ဘူး။ ဝန်ထမ်းတွေလဲအကုန်အ လုပ် ဆင်းနေပါတယ်။ တချို့သူနာပြုဆရာမ လေးတွေပဲ အချင်းချင်းရန်ဖြစ်ပြီး အ လုပ်မလာကြတာပဲရှိပါတယ်။ ဆန္ဒပြ တာတော့မဟုတ်ပါဘူး''ဟု ရန်ကုန် တိုင်းမ်ဂျာနယ်၏မေးမြန်းမှုကို ပြန် လည်ရှင်းလင်းပြောဆိုသည်။

Yangon Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top