0

သီဟလွင် - ပြည် (မြစ်မခ)
ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်အတွင်း တစ်ကျော့ပြန်ရေကြီးမှုများကြောင့် ကျေးရွာများနှင့် အနိမ့်ပိုင်း နေရာများ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျှက်ရှိပြီး စက်တင်ဘာ ဒုတိပတ်အတွင်း စာသင်ကျောင်းပေါင်း (၄၀)ကျော် ပိတ်ထားခဲ့ရကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။
ထိုသို့တစ်ကျော့ပြန်ရေကြီးရေလျှံမှုများကြောင့် ပန်းတောင်းမြို့နယ်အတွင်းရှိ ရေလယ်ကျွန်း၊ ဂျင်းရဲကျွန်း၊ တက်သစ်ကျွန်း၊ မြစိမ်းကျွန်းစသည့် ဒေသများမှ စာသင်ကျောင်းပေါင်း ၂၀ ကျော်၊ ရွှေတောင်မြို့နယ် အတွင်း(၂၂)ကျောင်း၊ ပြည်မြို့တွင် (၁) ကျောင်း ယာယီပိတ်ထားရခြင်းဖြစ်သည်။

Shwe Myitmakha Media Group

Post a Comment

 
Top