0


ရန်ကုန်၊ စက်တင်ဘာ ၂၁
ကိုရီးယား ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောက် လုပ်ရေးလုပ်သား ၂၀၀ ကျော် လုပ် အားခမရရှိသဖြင့် လုပ်ငန်းခွင်၌ ဆူ ပူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းမကြီး ရှိ DEWOO AMARA Hotel စီမံကိန်းတွင် လုပ်ကိုင်လျက် ရှိသည့် ဆောက် လုပ်ရေး နေ့စားလုပ် သား ၂၀၀ ကျော်ကို လုပ်ခလေးရက် ခရှင်းပေးရန် ကျန်ရှိနေခြင်းကြောင့် ထိုသို့ လုပ်ငန်းခွင်ဆူပူမှုဖြစ်ပွားခဲ့ရ ခြင်းဖြစ်ကြောင်း အဆိုပါ ဆောက် လုပ်ရေးလုပ်သားများနှင့် ၎င်းပြဿ နာကို လာရောက်ဖြေရှင်းပေးသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ သိရသည်။
''ရက်ပေါင်းဆိုပြီး လုပ်ခလေး ရက်စာကို ရှင်းမပေးပါဘူး။ နေ့စားလုပ်သားကို လခစားလုပ်သားပုံစံမျိုး နဲ့ အခုရမယ့်လုပ်ခကို လကုန်ပြီးငါး ရက်ကြာမှလာ ထုတ်ပါဆိုတော့ အခု တောင်တောင်းလို့မရတာ လကုန်ဆို ရင် သွေးအေးပြီး ပိုဆိုးသွားမှာပေါ့''ဟု ဆောက်လုပ်ရေးလုပ်သား ကိုကျော်ဇင်ထိုက်က ပြော သည်။
အဆိုပါ ဆောက်လုပ်ရေးလုပ် ငန်းခွင်တွင် ယခု လုပ်ခမရရှိသည့် လုပ်သားများသည် တစ်နေ့လုပ်ခ ကျပ် ၈၀၀၀ ခန့်ရရှိပြီး အချိန်ပိုဆင်းရပါက တစ်နာရီလျှင် ကျပ် ၁၅၀၀ ရရှိကြောင်း၊ ယင်းတို့အနေဖြင့် အလုပ် ဆက်လက် မလုပ်ကြတော့မည့် သူများဖြစ်ပြီး နယ်ပြန်ကြရမည့်သူများဖြစ်သည့်အတွက် အဆိုပါလုပ် ခကို လကုန်ပြီး ၅ ရက်နေ့တွင် လာ ရောက်ထုတ်ယူ နိုင်ဖွယ်မရှိသဖြင့် ယခုတွင် တစ်ပါးတည်းထုတ်ပေးရန် တောင်း ဆိုရခြင်းဖြစ်ကြောင်း ဆောက် လုပ်ရေးလုပ်သားများထံမှ သိရသည်။
''တစ်ဦးကို ကျပ် ၃၅၀၀၀ နဲ့ တွက်ကြည့် အခု လုပ်သား ၂၀၀ ကျော်တယ်။ ၅ ရက်နေ့ကို ဘယ်သူမှ နယ် ကနေ အဲဒီပိုက်ဆံကို လာမထုတ်နိုင် ကြလောက်ဘူး။ အရင်ကဆို လုပ်ခ ကို ခုနစ်ရက်တစ်ခါ ရှင်းပေးတယ်။ နောက် ၁၅ ရက်တစ်ခါဖြစ်သွားတယ်။ အခု တစ်လတစ်ကြိမ်ပုံစံမျိုးလုပ်လို့ ပြဿနာတက်ကြတာပါ။ ကျွန်တော် ဒီဆောက်လုပ်ရေးလုပ်ငန်းမှာလုပ် နေတာ လေးလရှိပါပြီ'' ဟု ကိုကျော် ဇင်ထိုက်က ၎င်းတို့၏အခက်အခဲကို ပြောသည်။
၎င်းတို့လုပ်သားများ ရရှိမည့် လုပ်ခသည် ရက်ပေါင်း ၁၉ ရက်စာ ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်တွင် ၁၅ ရက်ခကိုသာ ရှင်းပေးခဲ့ကြောင်း၊ ကျန်လေးရက်ခကို မပေးဘဲချန်ထား ခဲ့သဖြင့် ပေးရန်တောင်းဆို ရခြင်းဖြစ် ကြောင်း၊ အဆိုပါလေးရက်အတွက် လည်း အချိန်ပိုဆင်းရပြီး အချိန်ပို ကြေးမပေးဟုလည်း ဆောက်လုပ်ရေး တာဝန်ရှိသူများ က ပြောဆိုနေကြောင်း လုပ်သားများက ဆိုသည်။
အဆိုပါလုပ်သားများသည် ဧရာ ဝတီတိုင်းဒေသကြီးမှ အများဆုံး လာ ရောက်လုပ်ကိုင်သူများဖြစ်ပြီး ဆောက် လုပ်ရေးလုပ်သားခေါင်းဆောင်ကို အလုပ်ထုတ်ခဲ့သည့်အတွက် ၎င်းတို့ပါ ဆက်လက်မလုပ်ဆောင် လိုသဖြင့် နေရပ်ပြန်ကြမည့်သူများဖြစ်ကြောင်း၊ ယခု ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည်မှာ သုံးလမှခြောက် လ၊ ရှစ်လအထိ ကြာမြင့်သူများဖြစ် ကြောင်း ယင်းတို့၏ပြောပြချက်အရ သိရသည်။
အဆိုပါဆောက်လုပ်ရေးလုပ် ငန်းသည် မြန်မာပေါ်စကိုကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ပြီး Sub ကန်ထရိုက်အနေဖြင့် LS E&C ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီ မှ တာဝန်ယူလုပ်ဆောင်နေခြင်းဖြစ် ပြီး ယခု လုပ်ခမရရှိသည့်လုပ်သားများ သည် LS E&C ကိုရီးယားဆောက် လုပ်ရေးကုမ္ပဏီမှ ခန့်အပ်ထားသည့် လုပ်သားများဖြစ်ကြောင်းလည်း ၎င်း ပြဿနာကို သွားရောက်ညှိနှိုင်းပေး သည့် လှိုင်မြို့နယ်ရှိ ဌာနဆိုင်ရာများ မှ သိရသည်။
''ဒီနေ့ နံနက် ၁၀ နာရီလောက် ကတည်းကစပြီးညှိတယ်။ မနက်ဖြန် မွန်းလွဲ ၂ နာရီထိုးကိုတော့ ဆောက် လုပ်ရေးကုမ္ပဏီဘက်က ပေးပါ့မယ် လို့ကတိပေးတယ်။ အခုပြဿနာက နေ့စားလုပ်သားဆိုတာ နေ့တိုင်းရှင်း ရတယ်။ သူတို့က နေ့တိုင်းမရှင်းဘဲ ၁၅ ရက်တစ်ခါရှင်းတယ်။ သူတို့က အဲဒီလိုစုပြီး ရှင်းရတာက လုပ်သား တွေက အရက်သောက်ဖဲရိုက်တဲ့အ တွက် ဒီလိုစုပြီးရှင်းတာလို့ပြောတယ်။ ဒါ သူတို့ရဲ့တင်ပြချက်။ ကျွန်တော် တို့ဗမာလူမျိုးတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ ဒါကြောင့် နေ့ချင်း ရှင်းတာပဲကြိုက်ကြတယ်။ အခု နေ့ ချင်းမရှင်းဘူး။ ၁၅ ရက်မှ တစ်ခါရှင်း တဲ့အတွက် ပြီးတော့ ရက်ပေါင်လဲ ငါး ရက်ထားရတယ်တဲ့။ အခုတော့ တနင်္ဂ နွေပိတ်ရက်ခံတဲ့အတွက် လေးရက်စာ လုပ်ခရမှာကို လုပ်သားတွေ ကတောင်း တယ်။ ရပြီးရင် သူတို့ကအလုပ်မလုပ် တော့ဘူး။ ထွက်မယ် ဆိုတာကို လ ကုန်ပြီးငါးရက်မှ ပေးမယ်ဆိုတော့ အလုပ်သမားတွေက လက်မခံဘူး။ အဲဒီတော့ အခုလိုပြဿနာတွေဖြစ် ကုန်တာပါ'' ဟု ညှိနှိုင်းဖြေရှင်းပေးခဲ့သည့် လှိုင်မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ ဦးတင်နိုင်က ပြောသည်။
အဆိုပါလုပ်သားများသည် ၎င်းဆောက်လုပ်ရေးတွင် သံချည်သံကွေး လုပ်ငန်းလုပ်ကိုင်သူများဖြစ် ကြောင်းလည်း သိရသည်။
''မနက်ဖြန် နောက်ဆုံးအချိန် ပေးထားတယ်။ အလုပ်သမားတွေ ကို ဒီနေ့ မနည်းတောင်းပန်ထားရ တာ။ အကယ်၍ သူတို့ကမပေးဘူး ဆိုရင်တော့ ဘယ်လိုဖြစ်မလဲမပြော တတ်ဘူး။ အမှန်ဆို ဒီနေ့ပေးဖို့ချိန်းထားတာကို မပေးဘဲ ၁၀ မိနစ်တို့ ၁၅ မိနစ်တို့ချိန်းလို့ အလုပ်သမားကဒေါကန်ပြီး အခုလိုဖြစ်တာ။ အခု နှုတ် ကတိတော့ ကုမ္ပဏီဘက်ကပေးထား တယ်'' ဟု လှိုင်မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ဆိုသည်။
အဆိုပါဆောက်လုပ်ရေးလုပ် ငန်းခွင်အတွင်းသို့ သတင်းမီဒီယာများ ဝင်ရောက်မေးမြန်းခဲ့ရာတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြား လိုခြင်းမရှိကြောင်း ဆောက် လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများမှ ပြန် လည်ပြောဆိုခဲ့သည်။
ZCH

ကိုရီးယားဆောက်လုပ်ရေးလုပ်ငန်းခွင် အရှေ့မြင်ကွင်းကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)။


Post a Comment

 
Top