ခိုင်သဇင်ဦး တွေ့ဆုံမေးမြန်းသည်
ယနေ့ခေတ်တွင် ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးပွား လာလျက်ရှိသည်။ မကြာမီ AEC လည်းလာတော့မည်။ နိုင်ငံတကာ မှ တက္ကသိုလ်များ လည်း မြန်မာ နိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် ကြားသိနေရသည်။ ထို့ကြောင့် မြန်မာကျောင်းသူ၊ ကျောင်းသား များအနေနှင့် နိုင်ငံတကာကျောင်း များသို့သွားေ ရာက်၍ ပညာသင် ကြားရန် ရွေးချယ်သင့် မသင့် နိုင်ငံရပ်ခြားတွင် ဒေါက်တာဘွဲ့ယူ ကာ မိမိနိုင်ငံအား တစ်ဖက်တစ် လမ်းမှ ပြန်လည်အလုပ်အကျွေး ပြုနေသော ဆရာ ဒေါက်တာကျော် ငြိမ်းအေးနှင့် တွေ့ဆုံကာမေးမြန်း ဖော်ပြပေးလိုက်ရပါသည်။
►အရင်ဆုံး ဆရာလက်ရှိ တာဝန်ယူ လုပ်ကိုင်နေတဲ့ အလုပ်တွေနဲ့ ပတ် သက်ပြီး ဒီလိုတွေ လုပ်ဆောင်နိုင် ဖို့ ဘယ်လိုကြိုးစားခဲ့ရတယ် ဆိုတာ လေး ပြော ပပေး ပါဆရာ။
၁၉၈၅ ခုနှစ်မှာ ဆယ်တန်း အောင်ပြီး အမှတ်က ဟိုမရောက်၊ ဒီမရောက်ဖြစ်တော့ ကိုယ်ဝါသနာ ပါတဲ့ ဓာတုဗေဒမေဂျာကိုပဲ ယူဖြစ် ခဲ့တယ်။ အဲဒီခေတ်က ဓာတုဗေဒ မှာ အမှတ်ကောင်းရင် ကုန်ထုတ်ဓာတု ဗေဒ (IC) ကို လျှောက်လို့ရတော့ လျှောက်လိုက်တာ ရသွားတယ်။ အဲဒီနောက် YIT မှာ Chemical Engineering ကို ဝင်ခွင့်ဖြေခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၅ မှာB.E Chemical နဲ့ B.Sc IC ကို ရခဲ့တယ်။ တိုတို ပြောရရင် ဘန်ကောက်ကAIT ကျောင်းမှာ စကောလား ရှစ်ရပြီး Master of Engineering ကို ယူခဲ့တယ်။ အဲဒီနောက် AIT မှာပဲ သုတေသနအရာရှိအဖြစ် ငါးနှစ် လုပ်ခဲ့ပြီးDoctor of Engineering ကို Bio Process Technology နဲ့ ရယူနိုင်ခဲ့ပါတယ်။
နောက်ပိုင်း မြန်မာပြည် ပြန် ရောက်တော့ ကုန်ထုတ်လုပ်ငန်း တစ်ခုလုပ်ခဲ့သေးတယ်။ ပညာရေး ဘက်လည်း စိတ်ဝင်စားတာနဲ့ ရန် ကုန်နည်းပညာတက္ကသိုလ်၊ ဇီဝ နည်းပညာဌာနမှာ တွဲဖက်ပါမောက္ခ အနေနဲ့ အချိန်ပိုင်းလုပ်ဖြစ်ခဲ့တယ်။ အခုထိတော့ ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ မန္တလေးနည်းပညာ တက္ကသိုလ်တွေမှာ ဧည့်ပါမောက္ခ အနေနဲ့ အစာအာဟာရဆိုင်ရာ သိပ္ပံနဲ့ ဇီဝနည်းပညာဘာသာရပ် တွေကို ပို့ချပေးနေပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကို နည်းပညာနဲ့ ပတ်သက်တဲ့ အကြံဥာဏ်တွေပေးတာ၊ ဓာတ်ခွဲခန်းတွေ တည်ဆောက်တာမှာ အကြံÓဏ် တွေပေးတာ၊ အစားအသောက်နဲ့ ပတ်သက်တဲ့ အရည်အသွေးစစ်ဆေး တာတွေလုပ်နေပြီးUMFCCI မှာဆိုရင် အစားအသောက် အရည် အသွေး ဓာတ်ခွဲခန်းကြီးကြပ်ရေး ကော်မတီဝင်အနေနဲ့ ဆောင်ရွက် နေပါတယ်။
►ဟုတ်ကဲ့ဆရာ။ ဘယ်ခေတ်မှာပဲ မဆို နိုင်ငံရပ်ခြားကို ပညာတော် သင်တွေ သွားကြတယ်။ အခုဆိုရင် ပညာရေးပြပွဲတွေလည်း လုပ်လာ ကြတယ်။ ဒါဟာ မြန်မာ့ပညာရေး စနစ်နဲ့ သက်ဆိုင်ပါသလား။
မြန်မာ့ပညာရေးစနစ် ညံ့ဖျင်း နေလို့ နိုင်ငံခြားမှာ ပညာသွား သင်ကြတာ မဟုတ်ပါဘူး။ တက္က သိုလ်ဆိုတာ သူ့ရဲ့ကျောင်းမှာ ကောင်းတဲ့ ဘာသာရပ်တစ်ခုကို သင်ကြားပေးနိုင်ရင်ပဲ အနယ်နယ် အရပ်ရပ်က လာပြီး ပညာသင်ကြ မှာပါပဲ။ ကိုယ်လည်းပဲ သွားတက် နိုင်သလို ကိုယ်တွေမှာ ကောင်းတဲ့ ပညာရေးရှိနေရင် သူတို့လည်းလာ ကြမှာပါပဲ။ ဒါကို Further Study လို့ခေါ်တယ်။ ကျောင်းသူ၊ ကျောင်း သားတွေအနေနဲ့လည်း ဒါကိုလုပ် သင့်ပါတယ်။
►အဲဒီလို နိုင်ငံရပ်ခြားကို ပညာတော် သင်တွေသွားကြတော့ နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးတယ်လို့ရော မြင်ပါသလား။
နိုင်ငံ့ဘဏ္ဍာနဲ့မဆိုင်ပါ။အကယ် ၍ ဒီမှာ အဆင့်မြှင့်မယ်ဆိုရင် လည်း နိုင်ငံခြားငွေတွေရင်းနှီးမြှုပ် နှံရမှာပါ။ ဒီမှာမြှင့်ထားလို့ရော ဟိုသွားမသင်ရတော့ဘူးလား ဆို တော့လည်း မဟုတ်ပါဘူး။ နိုင်ငံ ခြားတက္ကသိုလ်တွေမှာ ဆရာကောင်း တွေရှိနေလို့ သွားသင့်တယ်လို့ မြင် ပါတယ်။
►ဒါဆိုရင် ဒီနိုင်ငံက ပညာရေးနဲ့ပဲ မလုံလောက်ဘူးလို့ ပြောလို့ရပါ သလား။
ဘယ်နိုင်ငံက ပညာရေးပဲ ဖြစ်ဖြစ် သူသင်လိုက်တဲ့ ပညာနဲ့ လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျ ဖြစ် အောင် လုပ်ပေးနိုင်တာ ဘယ် ကျောင်းမှ မရှိပါဘူး။ တချို့က ပြောတယ်။ ဘွဲ့ပဲရတယ်။ စာ မတတ်ဘူးပေါ့နော်။ တကယ်က ကိုယ်သွားမယ့် လမ်းကြောင်းနဲ့ လည်း သက်ဆိုင်ပါတယ်။ အဲဒီ ယူထားတဲ့ ဘွဲ့ရဲ့ လမ်းကြောင်းပဲ သွားသွား၊ တခြားလမ်းကြောင်းပဲ သွားသွား နောက်ထပ်သွားမယ့် ဟာအတွက် အခြေခံကျမယ့်ဟာ တွေ၊ အတွေးအခေါ်တွေ ထပ်သင် ရပါတယ်။ ဒါမှ အသုံးဝင် မှာပါ။ ဒါကြောင့် ကိုယ်သွားမယ့် အသက် မွေးဝမ်းကျောင်းအတွက် လိုအပ် တဲ့ ပညာတွေကို ထပ်ပြီးလေ့လာ ဆည်းပူးမှ ရပါမယ်။ ဘယ်နိုင်ငံ မှာမှ ဘွဲ့ရပြီး အလုပ်မှာ ချက်ချင်း အံ့ဝင်ခွင်ကျ လုပ်နိုင်တာမတွေ့ရ ပါဘူး။ ဒါကြောင့် Apply လုပ်ဖို့ လိုပါတယ်။
►ဟုတ်ကဲ့။ နောက်ပိုင်းမှာ နိုင်ငံ တကာက တက္ကသိုလ်တွေ ဒီမှာ လာပြီး ဖွင့်တော့မယ်လို့လည်း ကြားပါတယ်။ ဒါဆို ဘယ်လို အကျိုးကျေးဇူးတွေ ရှိလာနိုင်ပါ သလဲ။ ဆရာ့အနေနဲ့ရော ကြိုဆို ပါသလား။
နိုင်ငံတကာ တက္ကသိုလ်တွေ ဒီရောက်လာတာပဲ ဖြစ်ဖြစ်၊ ဒီက တက္ကသိုလ်တွေ အဆင့်မီတာပဲ ဖြစ်ဖြစ် ကြိုဆိုပါတယ်။ ဒါပေမဲ့ အဲဒီတက္ကသိုလ်တွေ ဒီရောက်လာ လို့ ဟိုကို ပညာတွေ သွားမသင်ရ တော့ဘူးလို့ မဆိုလိုပါ။ သွားစရာ လိုပါတယ်။ ကမ္ဘာမှာလည်း Exchanged Student ဆိုတာ ရှိ တယ်။ တက္ကသိုလ်တစ်ခုနဲ့တစ်ခု ဖလှယ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ အပြန်အလှန် စေလွှတ် တာပါ။ နိုင်ငံတကာကလည်း ဒီကို လာလို့ရပါတယ်။
►နိုင်ငံတကာက လာမယ်ဆိုရင် မြန် မာနိုင်ငံပညာရေးစနစ်နဲ့ အဆင် ပြေပါ့မလားဆရာ။
ဒီမှာက ပြောရရင် ဆရာများလို့ သားသေနေတယ်လို့ ဆိုရပါမယ်။ တစ်ယောက်ပြောင်းရင် တစ်ခုလုပ် တယ်။ ဟိုလူပြောရင် ဟိုဟာလုပ်။ ဒီလူပြောရင် ဒီဟာ လုပ်တယ်။ အမှန်က နိုင်ငံတကာမှာ ကျင့်သုံး နေတဲ့ ပညာရေးစနစ်တွေရှိတယ်။ ဒီတစ်နိုင်ငံတည်း ကျောင်းတွေ ရှိ တာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေ လုပ်နေတဲ့ စနစ်အတိုင်း လုပ်ရင် အဆင်ပြေသွားမှာပါ။
အခုက အင်ဖော်မေးရှင်းတွေ လည်း မြန်မြန်ဆန်ဆန် ရနေပြီပဲ။ သုတေသနတစ်ခုကို စနစ်တကျလုပ် ဖို့လိုတယ်။ စနစ်တစ်ခုကို ခဏခဏ မပြောင်းဘဲ ပေါ်လစီ တစ်ခုကို ခိုင်ခိုင်ချပြီး လုပ်သင့်ပါတယ်။
►ဟုတ်ကဲ့ပါဆရာ။ ဒါဆို အခုလုပ် နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု တွေကရော ဘယ်အထိ ခရီးပေါက် သင့်တယ်လို့ ပြောချင်ပါသလဲ။
ခေတ်အဆက်ဆက်ကို ပြင် နေကြတာပါပဲ။ အဓိက က စကား လုံးတွေရဲ့ ချုပ်နှောင်ခြင်းကို မခံ စေချင်ဘူး။ ပညာရေးဥပဒေ ရေးဆွဲတဲ့အခါ စကားလုံးတွေ ရဲ့ ဘောင်ထဲကနေ ရုန်းမထွက်နိုင်ဘူး ဖြစ်နေတယ်။ ဒီလို ဥပဒေတွေက ဒီတစ်နိုင်ငံတည်း ကွက်ပြီး ရေးဆွဲ နေရတာမှ မဟုတ်တာ။ ဥပဒေ ပညာရှင်တွေနဲ့ တကယ့်ပညာရေး ပညာရှင်တွေပဲ ခေါ်ပြီး ရေးဆွဲရင် တောင် ဒီလောက် မကုန်ကျနိုင် ဘူး။ အခုက အားလုံးဝိုင်းလုပ်နေ တော့ တစ်ယောက်တစ်ပေါက်နဲ့ အရှေ့မရောက်ဘူး ဖြစ်နေတယ်။
တကယ်က ”ပညာရေးအဆင့် အတန်း မြင့်မားရမည်” ဆိုတာကို ပဲ ရွေးချယ်ပြီး လုပ်ရင်ရပြီ။ သု တေသနဖွံ့ဖြိုးတိုးတက်မှုတွေ၊ စီမံ ခန့်ခွဲရေးတွေ လုပ်နိုင်ရင် ပို ကောင်းပါမယ်။ ပညာရေးနိမ့်ကျ တာဟာ အဘက်ဘက်က နိမ့်ကျ နေလို့။ ဒီလိုပဲ အဘက်ဘက်က နိမ့်ကျနေတာကလည်း ပညာရေး နိမ့်ကျနေလို့ပါ။ ဒါကြောင့် တတ် ယောင်ကားတွေနဲ့ ပညာရေးဥပဒေ ရေးဆွဲတာကို မလုပ်သင့်ပါဘူး။ ကျင့်ဝတ်သိက္ခာရှိတဲ့ ပညာရပ်ပိုင် ရှင်တွေ၊ တကယ့်ပရော်ဖက်ရှင် နယ်တွေကပဲ လုပ်သင့်ပါတယ်။
►ဟုတ်ကဲ့ပါဆရာ။ အခုလို ဖြေကြား ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။
http://popularmyanmar.com/afpopular/archives/5872
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.