သန်လျင်မြို့တွင် တစ် ရပ်ကွက်တည်းနေသူအချင်းချင်း အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ကာ ငါးဦးဒဏ်ရာရခဲ့ပြီး ရန်ပွဲတွင် ပါဝင်သူငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ကြောင်း သတင်းရရှိသည်။
သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဇီးကုန်း (၂) လမ်းတွင် ဧပြီ ၁၉ ရက် ညနေက အဆိုပါရန်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သန်လျင်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ်ဝင်းဇော်က ပြောသည်။ တစ်လမ်းတည်းနေသူ အမျိုးသမီးအချင်းချင်းစကားများရာမှ နှစ်ဖက်ဆွေမျိုးများပါလာကာ မိသားစုတစ်စုက တစ်ဖက်မိသားစုဝင်များအား လမ်းပေါ်ဆွဲထုတ်ကာ အပြန်အ လှန်ရိုက်နှက်ကြခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
‘‘အိမ်လှေကားအတက်အ ဆင်းကနေ အိမ်ရှေ့ကို ဆွဲထုတ် ပြီးတော့ အိမ်ရှေ့လမ်းမမှာ ဖြစ် ကြတာပါ။ ဖြစ်တာကတော့ အပြန်အလှန်ဖြစ်ကြတာပါ’’ဟု ဒုရဲအုပ် ၀င်းဇော်က ပြောသည်။
ယင်းဖြစ်စဉ်တွင် လူငါးဦး ဒဏ်ရာရပြီး တစ်ဦးမှာ ဓားဒဏ် ရာဖြင့် ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။ နှစ်ဖက်စလုံးမှ အပြန်အလှန် အမှုဖွင့်ထားပြီး အမျိုးသမီး သုံးဦးနှင့် အမျိုးသား နှစ်ဦး၊ စုစုပေါင်း ငါးဦးဖမ်းဆီး ထားကာ ပုဒ်မ ၁၀ ခုဖြင့် သန်လျင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်စစ် ဆေးနေကြောင်း သတင်းရရှိ သည်။ ဓားဒဏ်ရာရသူမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိ ဘဲ ရန်ပွဲတွင်ပါဝင်သူ နောက်ထပ် လူငါးဦးကို ဖမ်းဆီးရန် ကျန်နေ သေးကြောင်း ဒုရဲအုပ် ၀င်းဇော်က ပြောသည်။
မြို့ဟောင်းအရှေ့ရပ်ကွက် တွင် နေသူအချို့က ထိုရန်ပွဲမှာ လူ နှစ်ဆယ်ခန့်က ကားနှစ်စီးဖြင့် ရောက်လာပြီး အိမ်ပေါ်တက်ရိုက် နှက်ခြင်းဖြစ်ကြောင်း ပြောကာ ရဲ တပ်ဖွဲ့ကမူ တစ်လမ်းတည်းနေသူ အချင်းချင်းဖြစ်သည့် ရန်ပွဲဖြစ် ကြောင်း ပြောသည်။

ACM Credit To ;7Day Daily
http://www.ayechanmon-news1.com/
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.