0
မေလ ၁၅ ရက်မတိုင် မီအထိ မြန်မာနိုင်ငံဒေသအနှံ့ တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းကဲ့သို့ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
‘‘မိုးကြိုကာလကလည်း ရောက်ခါနီးနေပြီ။ ဒါကြောင့် မိုး တိမ်တောင်ကြောင့်ဖြစ်တဲ့ လေ ပြင်းကျတာတွေ၊ မိုးကြိုးပစ်တာ တွေ မေလလယ်အထိ သတိပြုဖို့ လိုတယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။
မိုးကြိုကာလသည် မေလ ၁၅ ရက်တွင် စတင်မည်ဖြစ်ပြီး ဧပြီလဆန်းမှစတင်ကာ လေထု မငြိမ်သက်မှုကြောင့် ဖြစ်သည့် မိုးတိမ်တောင်ရာသီဥတုဖြစ်စဉ် များ ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် လူသေဆုံး သည်အထိ ဖြစ်ပွားခဲ့သည်။ ဧပြီ ၁၆ ရက်က ရခိုင်ပြည်နယ် ရမ်း ဗြဲမြို့နယ်တွင် လူတစ်ဦး မိုးကြိုး ထိမှန်သေဆုံးခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ် တာချီလိတ်မြို့ နယ်အတွင်း ဧပြီ ၁၉ ရက်က မိုး သက်လေပြင်းကျကာ သစ်ကိုင်း ပိခြင်းကြောင့် ဒေသခံသုံးဦးဒဏ် ရာရခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သတင်းရရှိသည်။
ဒေါက်တာထွန်းလွင်က ယခုကာလတွင် ပင်လယ်ပြင်၌ ဖြစ် လေ့ရှိသည့် စိုက်ဆင်းလေပြင်း အန္တရာယ်ကို ရေလုပ်သားများ၊ ငါးဖမ်းရေယာဉ်များနှင့် ပင်လယ်ကူးသင်္ဘောများ အထူးသတိပြု ရန် အသိပေးသည်။
မိုးတိမ်တောင်မှ စိုက်ဆင်းလေပြင်းဖြစ်ပေါ်လာစဉ် (ဓာတ်ပုံ −www.fotocommunity.de)
ACM Credit To ;7Day Daily
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top