အစိုးရအဖွဲ့ဝန်ကြီးဌာန များတွင် အမြဲတမ်းအတွင်းဝန်များ ကို ဧပြီ ၁၀ ရက်က စတင်ခန့်အပ် ခဲ့ပြီး ပထမဆုံးအသုတ်အဖြစ် ၀န် ကြီးဌာန ၁၁ ခုအတွက် အမြဲတမ်း အတွင်းဝန် ၁၁ ဦး စတင်ခန့်အပ် လိုက်သည်။
‘‘အကြမ်းဖျင်းကတော့ ၀န် ကြီးဌာန ၃၆ ခုလုံးမှာ ခန့်မှာပါ။ အခု ၁၁ ယောက်ပဲခန့်တာက ရှေ့ပြေးအသုတ်အနေနဲ့ ဖွဲ့စည်းပုံ အတည်ပြုပြီးသား ဌာနတွေက အရင် အော်ဒါထွက်တာဖြစ် တယ်’’ ဟု အမြဲတမ်းအတွင်းဝန် အဖြစ် ခန့်အပ်ခံရသည့် ညွှန်ကြား ရေးမှူးချုပ်တစ်ဦးက အတည်ပြု သည်။
မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီခေတ်က ပြည်သူ့ဝန် ထမ်းများကို အတွင်းဝန်အဖြစ် ခန့်အပ်ခဲ့ပြီး ၀န်ကြီးဌာနတစ်ခုလုံး ၏ လုပ်ငန်းအားလုံးတွင် အုပ်ချုပ်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးခဲ့သည်။ အာဆီယံနိုင်ငံ အများစု တွင်လည်း အတွင်းဝန်ခန့်ထားမှု များရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ တွင် ပြီးခဲ့သည့်နှစ်က ၀န်ကြီးချုပ် ယင်လပ်ကို ဖြုတ်ချပြီးနောက် အာဆီယံအစည်းအဝေးများ အပါအ၀င် နိုင်ငံတကာထိပ်တန်းဆက် ဆံရေးကိစ္စရပ်များတွင် ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပထမ အတွင်းဝန်က ထိုင်းနိုင်ငံအစိုးရ အဖွဲ့ကို ကိုယ်စားပြု၍ တက်ရောက်ရသည်အထိ အမြဲတမ်း အတွင်းဝန်များ၏ တာဝန်ခံမှုမြင့်မားသည်။
ယခုမြန်မာနိုင်ငံ၌ အတွင်း ၀န်များပြန်လည်ခန့်အပ်မှုမှာ ထို သို့ အမှန်တကယ် လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှုများ ပေး၊ မပေးကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ သင်တန်း ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘လက်ရှိ တာဝန်ထမ်း ဆောင်နေတဲ့ ညွှန်ချုပ်တွေကို သင်တန်းပေး၊ အကဲဖြတ်ဆန်း စစ်ပြီးမှ ခန့်တာဖြစ်ပါတယ်။ အမြဲတမ်းအတွင်းဝန်ဆိုတာ ညွှန်ချုပ် လုပ်ဖူးတဲ့ လုပ်သက်ရင့်ဝန်ထမ်း လည်းဖြစ်ရပါတယ်။ ဒါမှ ၀န်ကြီးဌာနအောက်မှာ ရှိတဲ့ ညွှန်ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများကို ကွပ်ကဲနိုင်မှာဖြစ်ပါတယ်။ ပါလီ မန်ခေတ်တုန်းကလည်း ဒီလိုပါပဲ။ နိုင်ငံတကာက အတွင်းဝန်ထားတဲ့ နိုင်ငံတွေမှာလည်း ဒီလိုပါပဲ’’ ဟု အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
အမြဲတမ်းအတွင်းဝန်များကို ခန့်အပ်လိုက်သော ၀န်ကြီးဌာန ၁၁ ခုတွင် ပြန်ကြားရေးဝန်ကြီး ဌာန၊ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န် ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့ ပါဝင်ပြီး၊ လစာကျပ် ၇ သိန်း ဖြစ်ကြောင်း သတင်းရရှိသည်။
ဖဆပလအစိုးရလက်ထက် ပါလီမန်ဒီမိုကရေစီခေတ်မှ တော် လှန်ရေးကောင်စီ အစိုးရတက် လာသည်အထိ အတွင်းဝန်ချုပ် နှင့် အတွင်းဝန်များကို ၀န်ကြီးဌာန များတွင် ခန့်အပ်ထားခဲ့ပြီး မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အရောက်တွင် အတွင်းဝန် ခန့် ထားမှုမရှိတော့ဘဲ ၀န်ကြီးဌာန၏ မူဝါဒရေးရာများကို ရုံးအဖွဲ့မှူး များကသာ ကိုင်တွယ်ခဲ့ခြင်းဖြစ် သည်။
‘‘အမြဲတမ်း အတွင်းဝန်က တော့ နိုင်ငံရေး ရာထူးမဟုတ်တဲ့ အရပ်ဘက်ဝန်ထမ်း (Civil Ser-vice)ထဲမှာဆိုရင် အဆင့်အမြင့် ဆုံးပဲ။ ၀န်ကြီးဌာနတစ်ခုလုံးကို ကိုယ်စားပြုရတာဖြစ်တယ်။ ဒါပေမဲ့ အခု သင်တန်းတက်ထားတဲ့ အထဲမှာတော့ အတွင်းဝန်တွေရဲ့ လုပ်ပိုင်ခွင့်တွေ တိတိကျကျမပါ သေးဘူး’’ဟု နိုင်ငံရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောသည်။
ရွေးကောက်ပွဲအပြီး တက် လာမည့် အစိုးရအဖွဲ့၊ လွှတ် တော်သုံးရပ် အပါအ၀င် ၀န်ကြီး ဌာနများနှင့် အစိုးရအဖွဲ့ရုံးများသို့ အဆိုပါအတွင်းဝန်များက အုပ် ချုပ်ရေးပိုင်းဆိုင်ရာ မူဝါဒများကို ရှင်းလင်းတင်ပြရမည်ဖြစ်သည်။
‘‘၀န်ကြီးဌာနတစ်ခုအောက် မှာဆိုရင် ဦးစီးဌာနတွေ၊ နောက် စီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ ဟာတွေ၊ စီမံခန့်ခွဲရေးလုပ်ငန်း တွေရှိတယ်။ ၀န်ကြီး၊ ဒုဝန်ကြီးဆို တာ ဒီသက်တမ်းတစ်ခုပဲရှိမှာ။ သူတို့ ပြောင်းတိုင်းနောက်လာ မယ့် လူတွေ၊ အစိုးရအဖွဲ့တွေကို လုပ်ငန်းတွေအားလုံးခြုံငုံတင်ပြ ဖို့၊ အဆက်မပြတ် လုပ်သွားနိုင်ဖို့ အတွင်းဝန်များ ရုံးဆိုတာ ဖွဲ့လိုက် တာပဲ။ အခုရွေးကောက်ပွဲပြီးလို့ လွှတ်တော်စပြီဆိုရင်လည်း အဲဒီ လွှတ်တော်က အသစ်ဖြစ်သွားပြီ လေ။ ဒီတော့ အတွင်းဝန်တွေက ပဲ လွှတ်တော်ကိုလာပြီး Report လုပ်ရမှာ’’ ဟု ရှေ့နေချုပ်ရုံးမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။
အတွင်းဝန်များကို ခန့်အပ် ရန် မလိုကြောင်း ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်ကိုယ် စားလှယ် အချို့က ဆွေးနွေးခဲ့ သော်လည်း အတွင်းဝန်များခန့် ထားရေးအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။
အုပ်ချုပ်ရေးပိုင်းက အဆင် ပြေစေရန် ပြုပြင်ပြောင်းလဲမှုကို ခိုင်လုံသည့် အကြောင်းမရှိဘဲ မကန့်ကွက်သင့်ကြောင်း အငြိမ်း စားတရားသူကြီး ဦးကျော်ဟိုးက ပြောသည်။

ACM Credit To ;7Day Daily
http://www.ayechanmon-news1.com/
http://www.ayechanmon-news1.com/
Post a Comment