ဘုန်းမြတ်(မြစ်မခ)- FLOWER NEWS journal အတွဲ(၁၀)၊ အမှတ်(၂၆)
ရန်ကုန်၊ ဇူလိုင် ၄- ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ကောက်ခံရာ၌ ဥပဒေနှင့်အညီဆောင်ရွက်ရန် မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့က ခေါ်ယူသတိပေးခဲ့သော်လည်း အရှိန်မြှင့်ဆောင်ရွက်မည်ဟု အမျိုး သားဒီမိုကရေစီပါတီအဖွဲ့ချုပ်(မန
မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးနှင့် တိုင်းဥပဒေချုပ်တို့က ဇွန် ၂၈ ရက်တွင် ၄၃၆ ပြင်ဆင်ရေးကို ဥပဒေအတိုင်းဆောင်ရွက်ရန် ခေါ်ယူသတိပေးခဲ့ခြင်းဖြစ်သည်။
''သူတို့က ကျွန်တော်တို့လုပ်နေတာ ဥပဒေနဲ့မညီဘူးပေါ့ဗျာ။ ဒါကို ဥပဒေ အတွင်းကလုပ်ဖို့သတိပေးတယ်။ နောက်ဆို အရေးယူမယ်ပေါ့ဗျာ။ ကျွန်တော်တို့က တော့ အရှိန်မြှင့်ဆောင်ရွက်မှာပါပဲ။ ပါတီဝင်တွေကိုတော့ ကိုယ့်ဘက်ကမကျွံမိဖို့ အသိပေးထားပြီးသားပါ''ဟု မန္တလေးတိုင်းဒေသကြီး NLD ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်န
''ခေါ်ယူတွေ့ဆုံတာ ဟုတ်ပါတယ်။ သူတို့လုပ်နေတာ ဥပဒေနဲ့အညီ လုပ်ဖို့ပေါ့နော်။ အစိုးရသတင်းစာမှာလဲ ဒါနဲ့ပတ်သက်ပြီးဖော်ပြထားပါတယ်'
မန္တလေးတိုင်းဒေသကြီးအတွင်း ပုဒ်မ-၄၃၆ ပြင်ဆင်ရေးအတွက် လူထု သဘောထား ဆန္ဒလက်မှတ်ကောက်ခံရာ၌ ပါတီရုံးများတွင်လည်းကောင်း၊ အများ သူငါသွားလာရာ ပလက်ဖောင်းများ၌လည်းကောင်း၊ ပါတီခေါင်းဆောင်များ၏ ဟောပြောချက်များကိုဖွင့်လှစ်၍ ဆောင်ရွက်နေခြင်းများကို သတိပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄၃၆
ACM Credit To: Yangon Media Group
http://
Post a Comment