ရန်ကုန်၊ ဇူလိုင် ၄- မတူကွဲပြားသည့် တိုင်း ရင်းသားများ၏ အမျိုးသားရေးလက္ခဏာ များကို ၄င်းတို့ ကျေနပ်လက်ခံလောက် အောင် ဖော်ထုတ်ဆောင်ရွက်မပေးနိုင်ပါ က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ပြန်လှည့် သွားနိုင်သဖြင့် ဂရုပြုလုပ်ဆောင်သွားရန်လို အပ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ နည်းပညာ အကြံပေး ဒေါ်နန်ရော်ကပြောသည်။
ငြိမ်းဖောင်ဒေးရှင်း၏ လက် ထောက်ဒါရိုက်တာ ဒေါ်နန်ရော်က "National Identity (အမျိုးသားရေးလက္ခဏာ) ကို ကောင်းမွန်စွာ တစ်နိုင်ငံလုံး၊ အားလုံး က ကျေနပ်လောက်တဲ့ အဆင့်ရာခိုင်နှုန်း ပြည့်တော့မဟုတ်ဘူးပေါ့။
ကျေနပ်လောက် တဲ့အဆင့် လုပ်နိုင်မယ်ဆိုရင်တော့ ခုသွား နေတဲ့ Peace Building (ငြိမ်းချမ်းရေးတည် ဆောက်မှု)ကိုလဲ နောက်ပြန်မလှည့်လာနိုင် ဘူး''ဟု ဆိုသည်။
အမျိုးသားရေးလက္ခဏာကို ဖော် ထုတ်ရာတွင် တိုင်းရင်းသားများကိုယ်တိုင် ပါဝင်ကာ မိမိတို့၏ ဘာသာ၊ စာပေ၊ ယဉ် ကျေးမှုတို့ကို ဆွေးနွေးဖော်ထုတ်နိုင်သည့် နည်းလမ်းကိုအသုံးပြုပါက ရေရှည်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် အောင်မြင်နိုင်ကြောင်း ဒေါ်နန်ရော်က ထောက်ပြပြောဆိုသည်။
''ဘယ်အုပ်ချုပ်ရေးစနစ်ကမှ ကျွန်မတို့နိုင်ငံရဲ့ မတူကွဲပြားတဲ့လူမျိုးစုအသီး သီးနေနေတဲ့နိုင်ငံမျိုးမှာ လုပ်သင့်တဲ့ အမျိုး သားရေးလက္ခဏာကို စနစ်တကျဖော်ထုတ် နိုင်ခဲ့တာမရှိခဲ့ဘူး။ ဒါဟာလူကို အပြစ်တင် တာထက် စနစ်ကြောင့်ဖြစ်ခဲ့တယ်လို့ ပြော ကြတယ်။ ဒီစနစ်တွေထဲမှာ ဘယ်လိုမှလုပ် လို့မရဘူး။ ဒါပေမဲ့ အခု ၂ဝ၁ဝနောက်ပိုင်း အစိုးရအသစ်နဲ့ လုပ်လာရင်တော့ ဒါလုပ် လို့ရတယ်'' ဟုပြောသည်။
အစိုးရ၏ အုပ်ချုပ်မှုစနစ်များ ကြောင့် တိုင်းရင်းသားအားလုံးက သဘော တူညီသည့် အမျိုးသားရေးလက္ခဏာကို မလုပ် နိုင်ခဲ့သည့်အတွက် လက်နက်ကိုင်အဖွဲ့များ နှင့် လက်နက်ကိုင်ပဋိပက္ခတို့ကို ပိုမိုအား ကောင်းစေခဲ့သည်။
တိုင်းရင်းသားအဖွဲ့အစည်းများ ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များန
ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ပင်လုံ)မှ နာယကဦးစိုင်းလုံက ''တိုင်းရင်း သားတွေရဲ့စာပေ၊ ယဉ်ကျေးမှုတွေကို အ သိအမှတ်ပြု၊ အလေးထားမယ်ဆိုရင်တော့ တိုင်းရင်းသားတိုင်းကျေနပ်သလို ခုလုပ်နေ တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေလဲ ပိုအောင် မြင်လာမယ်။ စည်းရုံးရေးရော အစိုးရအပေါ် အမြင်ပါ ပိုကောင်းလာနိုင်မယ်။ ခုကတော့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့် နေပါတယ်''ဟု ဖလားဝါးနယူးစ်၏မေးမြန်းမှု ကို ပြန်လည်ဖြေကြားသည်။
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ဖော်ဆောင်ရေးလုပ်ငန်းဗဟိုဌာနမှ ဦးလှ မောင်ရွှေက တိုင်းရင်းသားများ၏လိုလားချက် များကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်
''အခုအစိုးရလုပ်နေတာကတော့ အစုအဖွဲ့တစ်ခုတည်း လုပ်တာထက် အဖွဲ့ အစည်းတွေအများကြီး ပါဝင်ဆွေးနွေးစေ ပြီး ဆုံးဖြတ်ချက်တွေချမှတ်နေပါတယ်။ ခု လိုတိုင်းရင်သားတွေရဲ့ လိုအပ်ချက်တွေကို လွှတ်တော်၊ တပ်မတော်၊ အစိုးရ၊ နိုင်ငံရေး ပါတီ၊ တိုင်းရင်းသားတွေ အားလုံးပါဝင်နိုင် မယ့် Political Dialogue (နိုင်ငံရေးဆွေး နွေးပွဲ)မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင် ဖို့လုပ်ဆောင်နေပါတယ်'' ဟု ရန်ကုန်တိုင်းမ် သို့ ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အ ဆင့်များဖြစ်သည့် ပမာဏညှိနှိုင်းမှုအဆင့်၊ အပစ်အခတ်ရပ်စဲရေးအဆင့်၊ နိုင်ငံရေးဆွေး နွေးမှုအဆင့်၊ ငြိမ်းချမ်းရေးသဘောတူညီ သည့်အဆင့်၊ သဘောတူညီချက်အတိုင်း ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးသား ခြင်းအဆင့်နှင့် အကောင်အထည်ဖော်သင့် မသင့် အဆင့်(၆)ဆင့်ရှိရာ လက်ရှိအချိန် သည် အပစ်အခတ်ရပ်စဲရေးအဆင့်ကို မကျော်နိုင်သေးပေ။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန် လည်ဖော်ဆောင်ရေးလုပ်ငန်း ဗဟိုဌာနအ နေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သူအားလုံး မိမိတို့၏အမြင်သဘော ထားများကို တင်ပြဆွေးနွေးနိုင်သည့်"Communi
ACM Credit To:Yangon Media Group
http://
Post a Comment