By
ကျော်စွာ
တောင်ငူ− မီးလောင်ဆုံးရှုံးခဲ့ရသည့် တောင်ငူမြို့၊ မြို့မဈေးကြီးကို အဆင့်မြင့်ဈေးအဖြစ် ပြန်လည်တည်ဆောက်မည့်ကုမ္ပဏီကို တင်ဒါခေါ်ယူရာ မည်သူမျှ တင်ဒါ မလျှောက်သဖြင့် တောင်ငူဇာတိဖွားစီဘီဘဏ် ဥက္ကဋ္ဌဦးခင်မောင်အေးထံ ဈေးတည်ဆောက်ပေးရန် ဈေးသူ၊ ဈေးသားများက တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ဈေးသစ်ပြန်လည်တည် ဆောက်ရေးကော်မတီက မေလ ၁၉ ရက်တွင် နိုင်ငံပိုင်သတင်းစာ များမှ တစ်ဆင့် မြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါများခေါ်ယူခဲ့သော်လည်း နောက်ဆုံးသတ်မှတ်ရက်ဇွန်လ ၂၅ ရက်အထိ အဆိုပြု တင်ပြလျှောက် ထားခြင်းမရှိသောကြောင့်တင်ဒါခေါ်ယူမှုကို ရက်သတ္တနှစ်ပတ် ထပ်တိုးခေါ်ယူခဲ့ရာ ဇူလိုင် ၄ ရက်အထိ ပုဂ္ဂလိကလုပ်ငန်း ရှင်တစ်ဦးတစ်ယောက်မျှ လာ ရောက်လျှောက်ထားခြင်းမရှိခြင်း ကြောင့် တောင်ငူသားလုပ်ငန်းရှင် ဖြစ်သည့် ဦးခင်မောင်အေးအား ကမ်းလှမ်းခြင်းဖြစ်ကြောင်း ဈေး အကျိုးတော်ဆောင်ဦးတင်မောင်လှကပြောကြားသည်။
‘‘သူက တောင်ငူသားလည်း ဖြစ်တယ်။ ဘယ်ဆောက်လုပ်ရေး ကုမ္ပဏီမှ တင်ဒါတက်မလာဘူး ဆိုရင် ဆောက်မယ့်သူမရှိရင် သူ ဆောက်ပေးမယ်ဆိုတဲ့ သူ့ရဲ့ ကတိစကားလည်းရှိလို့ပါ’’ဟု ဦး တင်မောင်လှကဆက်လက်ပြော ကြားသည်။
မေလ ၁ ရက်က တော်ဝင် ကေတုမတီဟိုတယ်၌ ကျင်းပ သည့် ချေးငွေကိစ္စနှင့် စပ်လျဉ်း သည့် တွေ့ဆုံပွဲတွင် ဦးခင်မောင် အေးက ဈေးသူဈေးသားများအား အဆိုပါကတိစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ဈေးသစ်တည်ဆောက်ရေး တင်ဒါစည်းကမ်းများအရ မူလ ဈေးဆိုင်ခန်းပေါင်း ၁၃၅၉ ခန်း ကို မြေညီထပ်တွင် မူလအတိုင်း အနီးစပ်ဆုံးအခမဲ့ပြန်လည်ပေး အပ်ရမည်ဆိုသည့်အချက်မှာ ရင်းနှီးမြှုပ်နှံသူများအတွက် သေ ချာသည့် အကျိုးအမြတ်ရှိနိုင်မည့် အခွင့်အလမ်းနည်းပါးသော ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များစိတ်မ၀င်စားခြင်းဖြစ်နိုင် ကြောင်း လုပ်ငန်းရှင်အချို့က သုံး သပ်သည်။
တောင်ငူမြို့မဈေး မီးလောင်ခဲ့စဉ် (ဓာတ်ပုံ − ကိုထွဋ်)
ACM Credit To: 7 Day Daily
http://www.ayechanmon-news1.com/
Post a Comment