ကဲ့ရဲ့တာကို ထည့်တွက်ပါရင်
ငဲ့ကွက်စရာတွေနဲ့ မဲ့ဘက်ပါလိမ့်မယ်။
အပြစ်ပြောချင်သူကတော့ . . .
“အလုပ်လုပ်ရင်လည်း” ပြောမှာပဲ။
“မလုပ်ရင်လည်း” ပြောမှာပဲ။
“အကောင်းလုပ်လည်း” ပြောမှာပဲ။
“မကောင်းလုပ်လည်း” ပြောမှာပဲ။
“ငြိမ်ငြိမ်နေလည်း” ပြောမှာပဲ။
“ငြိမ်ငြိမ်မနေလည်း” ပြောမှာပဲ။
ဒါဟာ သူတို့အတွက်တော့ “ရောဂါ” ပါပဲ။
ပြောချင်သူတွေ ပြောကြပါစေ။
အပြောခံရတာချင်း အတူတူတော့
♦မလုပ်ဘဲ အပြောခံရမယ့်အစား၊
လုပ်ပြီးအပြောခံလိုက်ပါ။
♦မဟုတ်ဘဲ အပြောခံရမယ့်အစား
ဟုတ်ပြီး အပြောခံလိုက်ပါ။
♦မကောင်းဘဲ အပြောခံရမယ့်အစား
“အကောင်းတွဲပြီး” အပြောခံလိုက်ပါ။
အပြောတွေကြားမှာ သဘောတွေမမှားဖို့
အမောပြေတရားနဲ့ပဲ ဖြေကြပါစို့။ ။
မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
Aye Chan Mon# Credit To : Young Buddhist's Association > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment