ပစ္စည်းလေးပါးနှင့် ဒကာဒကာမ
ပေါများရေးအတွက်သာ
ကြိုးစားအားထုတ်နေသော ရဟန်းသည်
လောကအလိုကျ ရဟန်းဖြစ်ပြီး၊
ကိလေသာကုန်ခမ်းရေးအတွက်
သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး
များပြားရေးအတွက်
ကြိုးစားအားထုတ်နေသော ရဟန်းသည်
ဗုဒ္ဓ အလိုကျရဟန်းဖြစ်၏။
လောကအလိုကျရဟန်းသည်
ဒကာ ဒကာမတို့ကို လူလိုပေါင်း၏။
အိမ်လည်၏။ ဗေဒင်ဟော၊ ဆေးကု၊
ဓာတ်ရိုက်လုပ်၏။
စီးပွားရေးလည်းလုပ်ပြီး ငွေစု၏။
ထို့ကြောင့်
လောကအလိုကျရဟန်းသည်
ခင်စရာသာ ကောင်း၏။
ကြည်ညိုစရာ မကောင်း။
ဗုဒ္ဓ အလိုကျရဟန်းသည်
လူများနှင့် ဝေးဝေးနေ၏။
စာပေ သို့မဟုတ် တရားအလုပ်ကို
ပျံတော်မူသည်အထိ အချိန်ပြည့်လုပ်သွား၏။
ဒကာ ဒကာမတို့နှင့်
ရောရောနှောနှော နေခြင်းမရှိ။
သာသနာရေးမှတစ်ပါး
အခြားမည်သည့်အလုပ်မှ မလုပ်။
ညောင်ကန်ဆရာတော်ဦးပုဒ်ဆိုလျှင်
စာကြည့်ပျက်မည်စိုးသဖြင့်
ကျောင်းဒကာ ကျောင်းအမဖြစ်သော
သာယာဝတီမင်းနှင့် နန်းမတော်မယ်နုတို့
ကျောင်းသို့ရောက်လာရာ၌ပင်
စကားတစ်ခွန်းမှ မပြော။
စာရေးပျက်မည်စိုးသဖြင့်
မယ်တော်ကြီး သေရာ၌ပင် မသွားခဲ့။
ထို့ကြောင့် ဗုဒ္ဓ အလိုကျရဟန်းများသည်
ကြည်ညိုစရာသာ ကောင်း၏။ ခင်စရာ မကောင်း။
အထူးသတိပြုရမည်ကား
ခင်မင်စရာကောင်းသော
လောကအလိုကျရဟန်းသည်
အပါယ်တံခါးကို ဖွင့်ပေးမည်ဖြစ်ပြီး
ကြည်ညိုစရာကောင်းသော
ဗုဒ္ဓ အလိုကျရဟန်းသည်
နိဗ္ဗာန်တံခါးကို ဖွင့်ပေးနိုင်မည်ဆိုသည်ကို
အထူးသတိပြုသင့်၏။
ဆရာတော် အရှင်ဇဝန
(မေတ္တာရှင် -ရွှေပြည်သာ)
(Credit to ကိုလှိုင်တိုး)
နှလုံးသားအာဟာရ
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.