0

မနက်ဖြန် အင်္ဂါနေ့မှာ အိမ်ရှင် ဘရာဇီးနဲ့ ဂျာမနီတို့ ဆီမီး ဖိုင်နယ်ပွဲကို ကစားကြမှာ ဖြစ်ပါတယ်။

ဘရာဇီးအသင်းအတွက် ကိုလံဘီယာ နဲ့ ပွဲမှာ အဝါကတ် ထိခဲ့လို့ ပွဲပယ် ခံထားရတဲ့ အသင်းခေါင်းဆောင် တီယာဂိုး ဆေးလ်ဗား ကစားနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ဘရာဇီးအသင်းက အယူခံ ဝင်ထားပြီး ဖီဖာကလည်း ဘရာဇီးရဲ့ အယူခံကို လက်ခံ စဉ်းစားနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဘရာဇီးအတွက် အားထားရတဲ့ နေမာ တစ်ယောက်လည်း ပြီးခဲ့တဲ့ ကိုလံဘီယာနဲ့ ကွာတားဖိုင်နယ်ပွဲမှာ ကျောဒဏ်ရာ ရခဲ့ပြီး ဆက်မစားနိုင်တော့လို့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကနေ ထွက်သွားရပါပြီ။

ဘရာဇီးနဲ့ ယှဉ်ပြိုင်မယ့် ဂျာမနီ အသင်းရဲ့ နည်းပြကတော့ လက်ရှိ ဘရာဇီး အသင်းဟာ အရင် ဘရာဇီး အသင်းတွေလို အစဉ်အလာ ဘရာဇီး စတိုင် ကစားဟန်နဲ့ ဘောလုံးပညာတွေ သိပ်မရှိဘူးလို့ ပြောပါတယ်။

ဘရာဇီးနဲ့ တွေ့ရင် တွန်းတွန်းတိုက်တိုက် ကစားရမယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း၊ ဘရာဇီးအသင်းဟာ ခပ်ကြမ်းကြမ်း ကစားတတ်တဲ့ အကြောင်း ဂျာမန် နည်းပြက ပြောပါတယ်။

ဆီမီးဖိုင်နယ် နောက်တစ်ပွဲကိုတော့ အာဂျင်တီးနားနဲ့ နယ်သာလန်တို့ ဗုဒ္ဓဟူးနေ့မှာ ကစားကြမှာ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းမှာတော့ အားထားရတဲ့ တောင်ပံ တိုက်စစ်မှူး အန်ဟဲလ် ဒီမာရီယာ ဒဏ်ရာကြောင့် မကစားနိုင်ပါဘူး။ ဒါပေမယ့် တိုက်စစ်မှူး အဂွဲရိုးကတော့ ပြန်လေ့ကျင့်နိုင်ပြီလို့ ဆိုပါတယ်။

ပုံစာ- ကိုလံဘီယာနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ တိုက်စစ်မှူး နေမာ ကျောဒဏ်ရာ ရခဲ့စဉ်။

ACM Credit To :
http://www.ayechanmon-news1.com/

Photo: အိမ်ရှင် ဘရာဇီးနဲ့ ဂျာမနီ ဆီမီးပွဲကြို အနေအထား

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

Top