0

Byသိမ့်သိမ့်စိုး

ယာဉ်အဟောင်း အပ်နှံ ပြီး အစားထိုးတင်သွင်းသော ယာဉ်အမျိုးအစားအားလုံးကို ၂၀၁၅ ဇန်နဝါရီ ၁ ရက်မှ စတင်၍ အခွန်လျှော့ပေးတော့မည် မဟုတ် ဘဲ အစားထိုးတင်သွင်း၊ ၀ယ်ယူ ခွင့်သာပေးတော့မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယာဉ်အဟောင်းအစားထိုး တင်သွင်းသော ယာဉ်အားလုံးကို အခွန်လျှော့ပေါ့မပေးတော့ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက သတ်မှတ်လိုက် သောကြောင့် ကားဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးထက် မြင့် တက်သွားတော့မည်ဖြစ်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေး ပြုလုပ်နေကြသူများက ပြော သည်။

‘‘ကျွန်တော်ဝန်ကြီးလုပ်တဲ့ ကာလမှာ ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး မူဝါဒရှစ်ကြိမ်တိတိ ပြောင်းလဲခဲ့တယ်။ ဒါကြောင့် အခုကတိပေးပါတယ်။ ကားနဲ့ ပတ်သက်ပြီး မူဝါဒအပြောင်းအ လဲ ဘာမှမလုပ်တော့ပါဘူး’’ ဟု ၀န်ကြီးက မေလ ၈ ရက်တွင် ရန် ကုန်မြို့၌ ပြုလုပ်သည့် မာစီဒီး ဘင့်ဇ်ကားအရောင်းပြခန်းဖွင့်ပွဲ အခမ်းအနားတွင်ပြောခဲ့သည်။

ယခုပြောင်းလဲလိုက်သော မူဝါဒပါ ပါဝင်က ဦးဝင်းမြင့်၏ ၀န်ကြီးသက်တမ်းတွင်ပင် ကား တင်သွင်းခွင့် မူဝါဒပြောင်းလဲမှုမှာ ကိုးကြိမ်ထိ ပြောင်းလဲခဲ့ပြီဖြစ် သည်။

ပြည်ပတင်သွင်းယာဉ်မှတ်ပုံ တင်ခ ကောက်ခံခြင်းအပေါ်တွင် ‘‘စ’’မှ ‘‘ပ’’အက္ခရာအထိ အပ်နှံ ယာဉ်များကို ၄၀ ရာခိုင်နှုန်း၊ ‘‘ပ’’ အက္ခရာမှစ၍ ‘‘၂က’’အက္ခရာအ ထိ အပ်နှံယာဉ်များကို ၆၀ ရာခိုင် နှုန်း၊ လေလံပြန်လည်မှတ်ပုံတင် ယာဉ်များကို ၆၀ ရာခိုင်နှုန်း၊ တက္ကစီအငှားယာဉ်များ (ရာသက် ပန် တက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ရ ခြင်း)ကို ၈၀ ရာခိုင်နှုန်းလျှော့ပေါ့ ထားခြင်းမှာ ၂၀၁၄ နှစ်ကုန်အထိ သာဖြစ်သည်။

‘‘အခုကညနက ပေးနေတဲ့ သက်သာခွင့်မပေးတော့ရင် ကား ဈေးနှုန်းတွေကတော့ ပြန်တက် သွားမယ်။ တက်တဲ့အခါမှာလည်း အင်ဂျင်ပါဝါသေးတဲ့ ကားတွေက ပိုတက်သွားနိုင်တယ်’’ဟု မော် တော်ယာဉ်အရောင်းအ၀ယ်ပြု လုပ်နေသူတစ်ဦးကပြောသည်။

လက်ရှိတွင် ယာဉ်ဟောင်း အစားထိုးစနစ်ဖြင့် ပြည်ပမှ တင် သွင်းလာသောယာဉ်များကို မှတ် ပုံတင်ခလျှော့ပေါ့ကောက်ခံခြင်း သည် ယာဉ်ဟောင်းပိုင်ရှင်များကို သင့်တင့်သော ယာဉ်ပြန်လည်ပိုင် ဆိုင်စေရန်အတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကုန် လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦး စီးဌာနမှ တာဝန်ရှိသူက ပြော သည်။

သို့သော် အပ်နှံစလစ်ပေါ် တွင် စီးပွားရေးသမားများက ကိုယ်ကျိုးစီးပွားအတွက် လုပ်ကိုင် ဆောင်ရွက်နေခြင်းကြောင့် ထို ဆောင်ရွက်မှုအပေါ် တားဆီးရန် လိုအပ်ကြောင်း၊ အချို့ဖျက်သိမ်း ယာဉ်များကို ငွေကြေးအမြတ်အ စွန်းရယူလိုမှုဖြင့် ဆောင်ရွက်နေ ခြင်းတို့ကြောင့် ယခုကဲ့သို့ စီမံ လိုက်ခြင်းဖြစ်ကြောင်း ကညနက ဆိုသည်။

‘‘ဒီလိုကြေညာချက် ထုတ် လုပ်ရင် အရင်ကလိုဆို ဈေးတွေ အများကြီး တက်သွားနိုင်တယ်။ အခုလည်း ဈေးတက်မယ်ဆိုပေ မယ့် ကားဈေးကွက်မှာ ရောင်းလို အားနဲ့ ၀ယ်လိုအားက မမျှဘဲ ရောင်းအားများနေတော့ ဈေး တက်တယ်ဆိုပေမယ့် သိပ်ဆိုး ဆိုးရွားရွားကြီးတော့ မတက်သွား နိုင်ဘူး’’ဟု ကားဝယ်ရောင်း ဦး မင်းကပြောသည်။

သုံးဘီးယာဉ်များကိုလည်း ၂၀၁၄ သြဂုတ် ၁ ရက်မှစကာ ဖျက်သိမ်းခွင့်ပြု၍ အစားထိုးတင်သွင်းရာတွင် သုံးဘီးယာဉ်တင်သွင်းပါက ၄၀ ရာခိုင်နှုန်း လျှော့ပေါ့မည်ဖြစ်ပြီး မော်တော်ယာဉ်အစားထိုးတင်သွင်းလျှင် ယာဉ်တန်ဖိုး CIF ကန်ဒေါ်လာ တစ်သောင်းထက် လျော့နည်းသည့် အင်ဂျင်ပါဝင် ၁၃၅၀ စီစီနှင့် အောက်လူစီးယာဉ်များကိုသာ ၂၀ ရာခိုင်နှုန်း လျှော့ပေါ့တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

သုံးဘီးကားများကို အပ်နှံ ခွင့်ပြုတော့မည်ဖြစ်၍ လက်ရှိ တွင် ကျပ်သိန်း ၂၀ ခန့်ပေါက်နေရာမှ အနည်းငယ်မြင့်တက်သွားမည်ဖြစ်ကြောင်း မန္တလေးဈေးကွက်မှ ကားရောင်းဝယ်သူများက ပြောသည်။ သို့သော် သုံးဘီးဈေးကွက်မှာ နည်းသောကြောင့် ဈေးနှုန်းမြင့်တက်မှုမှာ များစွာ မြင့်တက်နိုင်ဖွယ် မရှိ ကြောင်း ကားရောင်းဝယ်သူများ က ပြောသည်။

ထို့အတူ သြဂုတ် ၁ ရက်မှ စကာ ယာဉ်တိုက်မှုကြောင့် ပျက် စီးသွားသော ယာဉ်များ၊ မီးလောင်ပျက်စီးယာဉ်များ၊ သဘာဝဘေး ဒဏ်ကြောင့် အန္တရာယ်ကင်းရှင်း စွာ မောင်းနှင်နိုင်သည့် အခြေအ နေမရှိသော ယာဉ်များဖျက်သိမ်း ခွင့်လျှောက်ထားလျှင်လည်း ခွင့် ပြုတော့မည်ဖြစ်သည်။ ထိုယာဉ် များကိုလည်း ဖျက်သိမ်းယာဉ်နှင့် CIF တန်ဖိုးတူညီသည့် ယာဉ်ကို သာတင်သွင်းခွင့်ပြုပြီး ၁၀ ရာခိုင် နှုန်း လျှော့ပေါ့ခွင့်ပြုမည် ဖြစ် သည်။

ထို့အပြင် လာမည့် စက်တင် ဘာ ၁ ရက်မှစ၍ မည်သည့်အက္ခ ရာမဆို မော်တော်ယာဉ် ထုတ် လုပ်သည့် ခုနှစ်ပုံစံအနှစ် ၂၀ ကျော်ယာဉ်များ အစားထိုးတင် သွင်းလျှင် ၂၀ ရာခိုင်နှုန်းသာ လျှော့ပေါ့ဆောင်ရွက်ခွင့်ပြုတော့ မည်ဖြစ်သည်။

လက်ရှိ ပြောင်းလဲသတ်မှတ် လိုက်သော ပုံစံများကြောင့် ကား ဈေးနှုန်းများ မြင့်တက်လာနိုင် သော်လည်း စလစ် ဈေးနှုန်းများမှာ ယခင်ထက် လျော့ကျလာမည်ဖြစ် ကြောင်းကား ရောင်းဝယ်သူများ က သုံးသပ်ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ် အစားထိုးတင်သွင်းခြင်းကို ၂၀၁၁ခုနှစ် စက်တင်ဘာတွင် စတင် ဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၄ ခုနှစ် မေလကုန်အထိ ပြည်ပမှ မော်တော်ယာဉ်စီးရေ ရှစ်သောင်း ကျော်ထိ တင်သွင်းခွင့်ပြုထားပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ACM Credit To: 7 Day Daily
http://www.ayechanmon-news1.com/
Photo: စလစ်ကားအားလုံး ယခုနှစ်ကုန်အထိသာ အခွန်လျှော့မည်

Post a Comment

Top