အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် မျက်စိနှစ်လုံး မပါရှိသည့် အမြွှာယောက်ျားလေး နှစ်ဦးကို မွေးဖွားခဲ့ကြောင်းနှင့် ယင်းဖြစ်ရပ်သည် ကြုံတောင့်ကြုံခဲသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်နှစ်ဦး၏ အမည်ကို ဂျိမ်းဆင်နှင့် ဂျက်ဆင်ဟု အမည်ပေးထားသည်။ ၎င်းတို့နှစ်ဦးသည် ရှားပါးသော Anoph-thalmia ရောဂါကို ခံစားနေရခြင်းကြောင့် ယခုကဲ့သို့ မွေးဖွားခဲ့ခြင်းဖြစ်သည်။ သို့သော် ဂျိမ်းဆင်သည် မျက်စိတစ်ဖက် မြင်ရသော်လည်း အခြားတစ်ဖက်မှာ အမြင်အာရုံ ချို့ယွင်းလျက်ရှိသည်။
ယခုအခါ အဆိုပါ ကလေးငယ်နှစ်ဦးကို ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးရန်အတွက် ၎င်းတို့၏ မိဘနှစ်ပါး ဖြစ်သူ ဆမ်းမားဟော်လင်ဆော့သ်နှင့် မိုက်ကယ်လ်လိုပက်ဇ်တို့က Gofund Me ဝက်ဘ်ဆိုက်တွင် အလှူငွေ များကို ရှာဖွေလျက် ရှိကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စုတွင် နှစ်စဉ် ယင်းကဲ့သို့ ရှားပါးသည့် ဝေဒနာ ခံစားနေရသူ ကလေး ၇၈ဝ ဦးခန့် မွေးဖွားလေ့ ရှိကြောင်း သိရသည်။
ACM Credit To : မြ၀တီ
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.