မောင်တော၊ ဇူလိုင် ၃- အမ်းမြို့ စစ်ဆေးရေးဂိတ်တွင် လွန်ခဲ့သည့် ဇွန် ၂၇ ရက် က ဖမ်းဆီးရမိခဲ့သည့် တရားမဝင်ဘင်္ဂါလီ ကိုးဦးနှင့် ဆက် စပ်ဖမ်းဆီးမိသည့် ဘင်္ဂါလီ ၁ဝဦး စုစုပေါင်း ဘင်္ဂါလီ ၁၉ဦးကို အမ်း မြို့နယ်တရားရုံးက လဝက ဥပဒေ ဖြင့် ထောင်ဒဏ် နှစ်နှစ်စီချမှတ်လိုက် ပြီး သယ်ဆောင်လာသည့် ရဲမှူးကြီး (ငြိမ်း)သမီးနှင့် အပေါင်းအပါများ ကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဇွန် ၂၇ ရက်က ဖမ်းဆီးရမိခဲ့ သည့် ဘင်္ဂါလီ ကိုးဦးကို အမ်းမြို့ နယ် တရားရုံးမှ ဇွန် ၃ဝရက်က အ မိန့်ချမှတ်ခဲ့ရာ ဘင်္ဂါလီ ရှစ်ဦးအား လဝကဥပဒေ၆(၂) ၆(၃) အရ အ လုပ်နှင့် ထောင်ဒဏ် နှစ်နှစ်၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈အရ ထောင် ဒဏ် တစ်လချမှတ်လိုက်ကြောင်း နှင့် ကျန် အသက် ၁၈နှစ်မပြည့်သူ ဘင်္ဂါလီ တစ်ဦးအား အလုပ်မဲ့ထောင် ဒဏ် တစ်နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈၈ အရ ထောင်ဒဏ် တစ်လ ချမှတ်လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့ ပဲပဒုံ စစ်ဆေးရေးဂိတ်၌ ဇွန် ၂၇ ရက်တွင် ဘင်္ဂါလီ ကိုးဦးနှင့် တရားခံ သုံးဦး အား ဖမ်းဆီးနိုင်ခဲ့ပြီး ဇွန် ၂၉ရက် တွင် ဆက်စပ်ဘင်္ဂါလီ ၁ဝဦးကို ထပ် မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်
ဇွန် ၂ရရက် နံနက် ၅နာရီခန့် က အမ်းမြို့ ပဲပဒုံစစ်ဆေးရေးဂိတ် တွင် ရဲမှူးကြီး ------(ငြိမ်း)၏ သား မျိုးထက်စိုးမောင်းနှင်ပြီး ရဲ မှူးကြီး ------(ငြိမ်း)၏သမီး မမွန် မွန်ချိုနှင့် လိုက်ပါစီးနင်းလာသည့် ကားနှင့်အတူ ဘင်္ဂါလီ ကိုးဦးကို ဖမ်း ဆီးရ မိခဲ့ပြီး ယင်းနေ့ တစ်ရက်တည်း တွင် ၎င်းအဖွဲ့၏ခေါင်းဆောင်တစ် ဦးဖြစ်သူ မမွန်မွန်ချို၏အစ်မ မခိုင် ခိုင်မြင့်အား မကွေးတိုင်းဒေသကြီး အဝင် ကြက်ရေ စမ်းစစ်ဆေးရေးဂိတ် ၌ ကားကိုထားကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးစဉ် ဖမ်းဆီး ရမိခဲ့ကြောင်း၊ ယင်းအပြင် အဆိုပါဂိုဏ်း အဖွဲ့ခေါင်း ဆောင် တစ်ဦးဖြစ်သော မမွန်မွန်ချို ၏အစ်ကိုဖြစ် သူ အောင်ကျော်ကျော် မှာ ရှေ့က ထွက်ခွာ သွား သည့်အဖွဲ့ များ ဖမ်းဆီး ခံရကြောင်းသတင်းရ ၍ အမ်းမြို့နယ် မရောက်မီ ၁၈မိုင် ခန့်အကွာ ရှောက်ခြုံကျေး ရွာအနီး တော ထဲတွင် ၎င်း သယ်ဆောင် လာ သည့် ဘင်္ဂါလီ ၁ဝဦးအားထားခဲ့ကာ တောင်ကုတ်လမ်းမှ ထွက်ပြေး လွတ် မြောက် သွားခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂါ လီ ၁ဝဦးအား သက်ဆိုင်ရာက ဇွန် ၂၉ရက်တွင် ကဇူးကိုင်းကျေးရွာ အနီး၌ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း၊ အဆိုပါ ဘင်္ဂါလီများ မှာ ကျောက်တော်မြို့နယ် ထဲမှဖြစ်ပြီး လူ ကုန်ကူးဂိုဏ်းတစ်ခုနှင့် ချိတ်ဆက်ကာ ရန်ကုန် အရောက် ဘင်္ဂါလီတစ်ဦးလျှင် ကျပ် သုံးသိန်းဖြင့် အကြွေး သယ်လာ ခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက်တွင် ဖော်ပြထားချက်အရ သိရသည်။
ထို့အပြင် ဘင်္ဂါလီများကို သယ် ဆောင်ရန်ရောက်ရှိနေသည့် မခိုင် ခိုင်မြင့်၏ယောက်ျား ဦးဘိုဘိုသိန်း ၏ညီနှင့်အဖွဲ့ကို ကားတစ်စီး၊ ဆိုင် ကယ်နှစ်စီးတို့နှင့်အတူ ကျောက် တော်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါဖမ်းဆီးရမိသည့် လူကုန်ကူး ဂိုဏ်းအဖွဲ့ဝင် သုံးဦးကို အမ်းမြို့မ ရဲစခန်းမှ (ပ)၃၂/၂၀၁၄ ပြစ်မှုပုဒ်မ- ၃၆ရအရ အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။
NT
[--Democracy today Daily Newspaper--]
ACM Credit To : Yangon Media Group
http://
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.