0
လက်မောင်းသားလေးတွေ၊ ၀မ်းဗိုက်သားနဲ့ ပေါင်တန်လေးတွေ၊ သူ့ကိုယ်ခန်္ဓာအရေပြားပေါ် အနမ်းတွေ အဆက်မပြတ်ထိတွေ့ လှုပ်ရှား နေရင်း ကျွန်တော်တို့နှစ်ယောက် လိင်စိတ်နိုးကြားလာကြတယ်။
““ကိုယ်က အရမ်းနူးညံ့သိမ်မွေ့တာပဲ၊ ကိုယ်လဲအနုပညာဆန် တယ်””
““အင်း . . . ပစ်္စည်းကိုနမ်းမယ်လေ၊ အတွင်းခံချွတ်လိုက်နော်””
““အား . . . အရမ်းယားနေပြီ၊ ကိုရယ် တော်ပါတော့””

စာဖတ်သူများခင်ဗျာ။ အထက်ပါစာသားများမှာ ခိုးကြောင်ခိုးဝှက် ထုတ်ဝေသော အပြာစာအုပ်များထဲမှ စာသားများမဟုတ်ပါ။ ယခုတလော နာမည်ကြီးနေသော ကဗျာဆရာတယောက်၏လုံးချင်းဝတ်္ထုစာမျက်နှာ (၆၃)မှ ကောက်နုတ်ချက်စာသားများသာဖြစ်ပါသည်။

ယခုထက်ပို၍ရုန့်ရင်း ကြမ်းတမ်းသော အဖွဲ့အနွဲ့များပါရှိသေးသော်လည်း သူ့ကိုကြော်ငြာပေး သလိုဖြစ်မည်စိုးသည်.အပြင် စာဖတ်သူများကို လေးစားသောအားဖြင့် လုံးစေ့ပတ်စေ့ စာတမျက်နှာအပြည့်အ၀ မဖော်ပြတော့ပါ။

အမှန်စင်စစ် ကျွန်တော်သည် ရှေးရိုးစွဲဝါဒီ(ကွန်ဆာဗေးတစ်တဦး မဟုတ်ပါ)။ ထို့အတူ ဆန်းလျင်ပြီးရော၊ ခြေထောက်ပန်းပန်လဲဖြစ်သည် ဟု အနောက်တိုင်းက လူတွေလုပ်သမျှ ရောယောင်ထောက်ခံသူလည်း မဟုတ်ပါ။ အရာရာကိုမိမိ ကိုယ်ပိုင်ဉာဏ်ဖြင့် သင့်မသင့် ချင့်ချိန်တိုင်းထွာ ပြီးမှ လက်ခံသင့် မခံသင့်ဆုံးဖြတ်ပါသည်။

ပထမဆုံး ကျွန်တော်တို့ စဉ်းစားရမည်မှာ မြန်မာတနိုင်ငံလုံးက ချွေးနှင့်သွေးနှင့်ရင်း၍တိုက်ယူခဲ့သော လွတ်လပ်စွာရေးသားထုတ်ဝေခွင့် (င်္မနနိသာ သ် ဏမနျ) ဆိုသည်မှာ ဒါမျိုးမဟုတ်ပါ။ အနုပညာသမား သည် သူ၏အနုပညာလက်ရာတခုကို ဖန်တီးရာတွင် ဘောင်အကန့် အသတ်မရှိဘဲ လွတ်လပ်စွာဖန်တီးခွင့် (ဏသနအငခူငခနညခန)ရှိသည်ကို ကျွန်တော် သဘောတူလက်ခံပါသည်။ ထိုလွတ်လပ်ခွင့်အရ စာရေးဆရာ ချစ်ဦးညိုသည် ဒဿဂီရိဆိုသောဒဏ္ဍာရီထဲမှ လူဆိုးကြီးကို သနားစဖွယ် ဖြစ်လာအောင် အဓိကဇာတ်ဆောင်နေရာမှထားကာ ဖွဲ့နွဲ့ခဲ့သည်။ ဆရာ နိုင်ဝင်းဆွေသည် မဟူရာမေတ်္တာဝတ်္ထုထဲတွင် ပန်ထွာမင်းသမီးနှင့်စိတ်ကူး ယဉ်ဇာတ်ကောင် လူငယ်တဦးကို မေတ်္တာမျှစေခဲ့သည်။

အရာရာသည် စာရေးဆရာတို့၏ စိတ်ကူးစိတ်သန်းမှ ပေါက်ဖွားလာပါသည်။ စာရေး ဆရာသည် သူ့စိတ်ကူးထဲမှာရှိသမျှကို ဒီမိုကရေစီကျင့်စဉ်အောက်တွင် လွပ်လပ်စွာ ထုတ်ဖော်ခွင့်ရှိပါသည်။ သို့သော် မိမိဖန်တီးရုံမျှဖြင့်ပြဿနာ မရှိ၊ အများသိအောင်၊ မြင်အောင်၊ ဖတ်အောင်တရားဝင် ပုံနှိပ်ဖြန့်ချိ၊ ထုတ်ဝေပြီဆိုလျှင် ဖြစ်လာသမျှ ကွင်းဆက်များအားလုံးကို စာရေးသူ ကတာဝန်ယူရတော့မည်။ လွတ်လပ်ပြီဆိုပြီး လမ်းဘေးတွင် ဆေးရိုးလှမ်း ခြင်းကား မလုပ်သင့်သောလုပ်ရပ်ဖြစ်သည်။ စာပေစီစစ်ရေးအလိုမရှိဟု ကျွန်တော်တို့ အလေးအနက်တောင်းဆိုခဲ့ခြင်းမှာ အထက်ပါအရေးအသား များ တရားဝင်ရေးခွင့်ရချင်သောကြောင့်မဟုတ်။

ဒီမိုကရေစီ၌ျွငါ့အ ညေီကအပ ဟူ၍ရှိရာ အခွင့်အရေးနှင့်တာဝန်ကို အတူတကွ လက်သင့် ခံရပေမည်။ လွတ်လပ်မှုအခွင့်အရေးနည်းတူ တာဝန်ယူမှုဆိုသည်လည်း ရှိသင့်ပေသည်။ လိင်ဆက်ဆံခြင်းသည် လူတိုင်းနှင့်မကင်းသောကြောင့် လူတိုင်းသိအောင်ရေးခြင်းသည် အပြစ်မရှိဆိုသည်မှာ အရူးတယောက် လက်၌ ဓားအပ်လိုက်ပြီး လွတ်လပ်စွာခုတ်ခွင့်ပြုလိုက်သည်နှင့်တူပေ၏။ လူသည် အ၀တ်အစားမပါဘဲ၊ ကိုယ်လုံးတီးမွေးဖွားလာသူများဖြစ်ရာ ကိုယ်လုံးတီးနေခြင်းမှာ သဘာဝကျသည်ဟုယူဆကာ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် သွားရောက်နေပါချေက ဒီမိုကရေစီအထွန်း ကားဆုံး အမေရိကန်ပြည်ထောင်စုတွင်ပင် အများပြည်သူကို အနှောင့် အယှက်ပေးမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံရပေမည်။ ဆိုလိုသည်မှာ လူတယောက်ခြင်းတွင် ကိုယ်ကြိုက်တာ တွေးခွင့်၊ ရေးခွင့်၊ ပြောခွင့်ရှိ သော်လည်း လူသည်တယောက်တည်းနေသော သတ်္တ၀ါမဟုတ်၊ လူ့ အသိုင်းအ၀ိုင်းနှင့်နေသော သတ်္တ၀ါဖြစ်ရာ လူ့အသိုင်းအ၀ိုင်းကိုပါထည့် တွက်ရပေမည်။

ကိုယ်တယောက်ထဲအတွက်မှန်၍ အများဖြစ်ချင်ရာဖြစ် ဆိုသည်မှာ စစ်မှန်သောဒီမိုကရေစီမဟုတ်ချေ။ အစိုးရသည် နဂိုထဲကမှ တိုင်းသူပြည်သားများကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အပြည့် အ၀မပေးချင်ပေ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ၊ွကငိနီနာသခမခေပ စသည်ဖြင့် အာဏာရှင်ဒီမိုကရေစီကိုသာပေးဖို့ ကြိုးစား နေသည်မှာ ကမ်္ဘာကအသိဖြစ်သည်။ ထိုအချိန်မျိုးတွင် သည်လိုစာအုပ် မျိုးကို တရားဝင်ထုတ်ဝေလိုက်သည်မှာ အနုပညာသမားရှုထောင့်မှ မိမိ ဘာသာ မှန်သည်ဟုပင်ဆိုဦးတော့ အစိုးရဘက်မှ ဒီမိုကရေစီ၏ဖောက်လွဲ ဖောက်ပြန်ပျက်စီးမှုများဟု တံဆိပ်ကပ်ကာ ၀ါဒဖြန့်ခွင့်ရသွားမည်ဖြစ် သည်။ ဒီမိုကရေစီအကြောင်း အမြဲတမ်းမကောင်းပြောချင်နေကြသော စစ်အစိုးရဘက်တော်သားများ၊ ရမယ်ရှာအကြောင်းပြစရာဖြစ်သွားပေ လိမ့်မည်။

ဤစာအုပ်သာမဟုတ် မြန်မာနိုင်ငံတွင် အချိန်တိုအတွင်း ဟုန်းခနဲကျော်ကြားလာသော ခရိုနီအချို့ကို အမြဲတမ်း ရန်ထောင်ပုတ် ခတ်ရေးသားသော ဂျာနယ်တစောင်ကိုပင် စာပေလောကသားအစစ် များသည် အားပေးထောက်ခံမှုမရှိပါချေ။ အကြောင်းမှာ နုနယ်လှသေး သော စာပေလွတ်လပ်ခွင့်သည် ဤကဲ့သို့ ပတ်ကြမ်းတိုက်လာသော အမုန်းတရားတိုးပွားရေး စာစောင်ဂျာနယ်များကြောင့် ပျက်စီးပြိုကွဲသွား မှာကိုစိုးရိမ်၍ ဖြစ်သည်။ အစိုးရကို ဝေဖန်ခြင်းကိုထောက်ခံပေသည်။သို့သော် ပုဂ်္ဂိုလ်ရေးငယ်ကျိုးငယ်နာဖော်၍ ကလော်ဆဲခြင်းသည် ဂျာနယ် လစ်များ၊ စာရေးဆရာအစစ်များလုပ်ရမည့်အလုပ်မဟုတ်၊ ငါးစိမ်းတန်း မှ ဈေးသည်များရန်ဖြစ် နပန်းလုံးသောအခါ ကြားရလေ့ရှိသောစကား များသာဖြစ်၍ စာမဖတ်လဲ ကြားနေကြစာလုံးများဖြစ်ပေသည်။
ဒုတိယအချက်မှာ ညစ်ညမ်းစာပေများကို တစ်တစ်ခွခွ ထည့်သွင်း ရေးသားမှ အနုပညာမြောက်သလား၊ မော်ဒန်စာပေဖြစ်သလား ဟူသော မေးခွန်းဖြစ်သည်။ ဇာတ်လမ်းဇာတ်ကွက်အရလိုအပ်ပါက လိင်ဆက်ဆံ ခန်းများကို ထည့်သွင်းရေးသားသော အစဉ်အလာသည် ကမ်္ဘာ့စာပေမှာ လဲရှိခဲ့ပါသည်။

မြန်မာ့စာပေမှာလဲရှိခဲ့သည်။ သို့သော် အဓိကအချက်မှာ စာအုပ်တအုပ်လုံး အနုပညာမြောက်ဖို့အတွက် လိုအပ်လွန်း၍မရှိမဖြစ် အပြာဇာတ်ဝင်ခန်းများကို ခပ်ဖော့ဖော့ထည့်သွင်းထားခြင်းအား အနုပညာ ရှုထောင့်မှ လက်သင့်ခံနိုင်ဖွယ်ရှိသော်လည်း အနုပညာမြောက်မြောက် မမြောက်မြောက် လူစိတ်ဝင်စားအောင် အပြာခန်းများ ဖောဖောသီသီ ထည့်ထားလျှင်မူကား အပေါစားစာပေအဆင့်သို့ လျှောကျသွားပေမည်။ သံပရာရည်ဖျော်ရာတွင် သကြားနှင့်ဆားအနည်းငယ်လိုအပ်သော်လည်း ဆားနှင့်သကြားကို လိုအပ်သောပမာဏထက် ပိုထည့်ခဲ့လျှင် အော့နှလုံး နာစရာအဖြစ်သို့ ရောက်သွားပေမည်။

ကမ်္ဘာ့စာပေ၌ ထင်ရှားကျော်ကြားသေီာ.ူံတေမနညခန ဆိုသောစာရေးဆရာကြီးသည် ၁၉၂၈ တွင် လေဒီချာတာလီ၏ချစ်သူ (ူေိပ ဃ့အေအနမူနပျူသလနမ )ဟူသော ၀တ်္ထုကို အီတလီ၌ရေးသား ထုတ်ဝေခဲ့ပါသည်။ ဇာတ်လမ်းမှာ အထက်တန်းလွှာအသိုင်းအ၀ိုင်းမှ ချာတာလီဆိုသော လင်မယားနှစ်ယောက်ရှိကြပါသည်။ ယောက်ျားဖြစ် သူ ကလစ်ဖို့ဒ်ချာတာလီ(ဃူင်သမိ ဃ့အေအနမူနပ)သည် စစ်အတွင်းက ရသောဒဏ်ဖြင့် ခန်္ဓာကိုယ်အောက်တပိုင်း လေဖြတ်သွားသည်။ မယား ဖြစ်သူ လေဒီချာတာလီကိုလည်း သိပ်ပြီးကြင်ကြင်နာနာမဆက်ဆံ၊ မှန်တန်းသာဆက်ဆံသည်။ လူကတော့ ချမ်းသာသောလူကြီးလူကောင်း တယောက်ဖြစ်သည်။ သူ့တွင် အလွန်ကျယ်သော ဥယျာဉ်ကြီးတခုရှိရာ ထိုဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်ငှားထားသော အလုပ်သမား အိုလီဗာမယ်လာ(ဥူငလနမ နြူသမျ )ဆိုသော လူတယောက်သည် တော အုပ်ထဲတွင် သစ်လုံးအိမ်ကလေးဖြင့် တယောက်တည်းနေ၏။

ချမ်းသာ သော်လည်း မေတ်္တာငတ်နေသော လေဒီချာတာလီသည် တောထဲသို့ သွားလည်ရင်း အလုပ်သမားဖြစ်သော အိုလီဗာနှင့်ညိကြတော့သည်။ အဆင့်အတန်းတူသော်လည်း မေတ်္တာငတ်သောဘ၀၊ လိင်ကိစ်္စအလိုမကျ သောဘ၀ကတဖက်၊ အဆင့်အတန်းမတူသော်လည်း ကာမဂုဏ်အာရုံ ကို ကျေနပ်မှုပေးနိုင်သော ချစ်ခြင်းမေတ်္တာကတဖက်၊ စိတ်နှင့်ရုပ်။ ခန်္ဓာ ကိုယ်နှင့် စိတ်ခံစားမှု၊ ဇာတ်ခွဲခြားမှုနှင့် လူမှုရေးပဋိပက်္ခများကို စာရေး ဆရာ ဒီအိပ်ခ်ျလောရင့်(စ်)က ပွင့်ပွင့်လင်းလင်း အပြာခန်းများကိုပါထည့် ရေးခဲ့သည်။ ပွင့်လင်းသောလူ့အဖွဲ့အစည်းဖြစ်သည့် ဒီမိုကရေစီဘိုးအေ အင်္ဂလန်နိုင်ငံမှာပင် ၁၉၆၀ ၌ ပင်ဂွင်းစာအုပ်တိုက်က ဗြိတိန်တွင်ဖြန့်ချိ သောအခါ ၀တ်္ထုကိုလက်မခံဘဲ ၁၉၅၉ ညစ်ညမ်းစာပေထုတ်ဝေမှုတားဆီး ရေးဥပဒေဖြင့် စာရေးဆရာနှင့် စာအုပ်တိုက်ကို ရုံးတင်တရားစွဲခဲ့သည်။ ထိုဥပဒေမှာ ညစ်ညမ်းစာပေအဖြစ် တရားစွဲခံရသောစာအုပ်တအုပ်သည် စာပေအနုပညာလက်ရာမြောက်ကြောင်း ခိုင်လုံစွာသက်သေပြနိုင်လျှင် တရားစွဲခြင်းမှ ကင်းလွတ်ခွင့်ရနိုင်ပေသည်။ တရားစွဲသူများက လေဒီချာ တာလီစာအုပ်တွင် င်္ကခု ဆိုသောစာလုံး မကြာခဏပါနေခြင်း၊ အမျိုးသမီး တန်ဆာကိုရည်ညွှန်းသော ဃကညအ ဆိုသောစာလုံး မကြာခဏပါနေခြင်း တို့ကို ထောက်ပြကြသည်။

စာရေးဆရာ န.ြ င်္သျအနမ ၊ စာပေဝေဖန်ရေး ပညာရှင်ပါမောက်္ခံနူနညွမေိညနမ ၊ အင်္ဂလိပ်စာပေနှင့် လူမှုဗေဒပညာ ရှင်ျွငခ့မေိံသါါသမအ အတွေးအခေါ်ပညာရှင် ၽြေပာသညိ ၽႊငူူငော်၊ နိုင်ငံရေးသမား၊ ဥပဒေပညာရှင် သြမာညှေအဲသ့ည-ှအနလျေ စသည့် ဗြိတိန်နိုင်ငံ၏ဒိတ်ဒိတ်ကြဲပုဂ်္ဂိုလ်များကို သက်သေအဖြစ်ခေါ်ယူမေးမြန်း ခဲ့သည်။ နောက်ဆုံးတွင် ၁၉၆၀ ၌ အမိန့်ချခဲ့ရာ ဂျူရီလူကြီးများအနက် အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၉)ဦး၊ ပေါင်း (၁၂)ဦးက အပြစ်မရှိဆို သော မဲကိုပေးခဲ့ကြသဖြင့် ပင်ဂွင်းစာအုပ်တိုက်လည်း အရေးယူခံရမည့် ဘေးမှကင်းဝေးသွားသည်။
သြစတေးလျနိုင်ငံတွင်မူ ဤစာအုပ်ကို ထုတ်ဝေခွင့်ပိတ်ပင်ခဲ့သည့် အပြင် လေဒီချာတာလီ၏ချစ်သူ စာအုပ်အမှုရင်ဆိုင်ရခြင်း(ွှ့နွှမငေူ သ်ူေိပ ဃ့အေအနမူနပ) စာအုပ်ကိုလည်းပိတ်ပင်ခဲ့သည်။ ကနေဒါနိုင်ငံ တွင်လည်း လေဒီချာတာလီစာအုပ်ကို ညစ်ညမ်းစာပေဟုသတ်မှတ်ကာ ထုတ်ဝေပြီး နှစ်(၃၀)ခန့်ပိတ်ပင်ခဲ့သည်။

အမေရိကန်နိုင်ငံတွင်လည်း နိုင်ငံခြားစာအုပ်များထဲတွင်ွှမသစငခ သ် ဃညေခနမ ၊ င်္ကညညပံငူ စာအုပ် များနှင့်အတူ လေဒီချာတာလီ၏ချစ်သူစာအုပ်မှာ ပိတ်ပင်ခံခဲ့ရသည်။ ဂျပန်တွင် ထိုစာအုပ်ကို ဘာသာပြန်ထုတ်ဝေမိ၍ ၁၉၅၇ တွင် ထုတ်ဝေသူ ကို ယန်းနှစ်သိန်းခွဲ၊ ဘာသာပြန်သူကို ယန်းတစ်သိန်းစီ ဒဏ်ငွေပေး ဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ အိန်္ဒိယတွင်လည်း အငြင်းအခုံများစွာ ဖြစ်ပြီး ၁၉၆၄ တွင် ထိုစာအုပ်ကိုပိတ်ပင်ခဲ့သည်။

ဆိုလိုရင်းမှာ လွတ်လပ်ပါသည်ဟူသော ဒီမိုကရေစီဘိုးအေနိုင်ငံ တွေမှာပင် ညစ်ညမ်းစာပေကို လူ့အသိုင်းအ၀ိုင်းကလက်သင့်မခံပါ။ သူတို့နိုင်ငံမှာပင် ညစ်ညမ်းစာပေနှင့်အနုပညာကို တရားတပေါင်ရင်ဆိုင် ရသည်အထိ အငြင်းပွားခဲ့ကြရသည်။ လေဒီချာတာလေ၏ချစ်သူသည် စာပေအနုပညာတန်းဝင်နေ၍သာ ယနေ့အချိန်အထိ ကမ်္ဘာက လက်ခံ ထားသောလက်ရာဖြစ်သည်။ အနုပညာအရည်ခြုံ၍ အပြာစာအုပ်ဖြစ်ခဲ့ ပါက တိမ်မြုပ်ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုလက်ရာကို အားကျ ၍လောမသိ။ မြန်မာကဗျာဆရာအောင်ရင်ငြိမ်းကလည်း အပြာဆန်ဆန် စာအုပ်တအုပ်ထုတ်လာသည်။ သူကတော့ သူ့ဝတ်္ထုမှာ အပြာစာအုပ် မဟုတ်ပါဟုဆိုလာသည်။

ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲမည်ဟု ဆို၏။
တကယ်တော့ မြန်မာနိုင်ငံဝယ် ယခုကာလသည် နိုင်ငံရေးလမ်းဆုံ လမ်းခွသို့ရောက်နေသော အလွန်အရေးကြီးသည့်ကာလဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေး၊ ပုဒ်မ ၄၃၆ ပြုပြင်ရေးကိုြီူ နှင့် ပြည်သူများသည် တစိုက်မတ်မတ်တောင်းဆိုနေ၏။ ထိုနိုင်ငံရေး ရေ ချိန်မြင့်လာမှုကို တန်ပြန်သည့်အနေဖြင့် သက်ဆိုင်ရာအာဏာပိုင်တို့သည် မဟာသန်္တိသုခဆိုသော ဘာသာရေးဗုံးတလုံးကို ဖောက်ခွဲလိုက်၏။ဘုန်းတော်ကြီးများကို လူဝတ်လဲပြီး အင်းစိန်ထောင်သို့ပို့လိုက်ခြင်းဖြင့် ၂၀၀၇ သံဃာအရေးတော်ပုံလို ပြန်ဖြစ်စေရန်ဖန်တီး၏။ ဦးဆန်းဆင့် ကိုဖမ်းဆီးခြင်းဟူသော နောက်ထပ်အာရုံလွှဲပြောင်းမှု ဗုံးတလုံးကိုခွဲလိုက် ၏။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်မှအနားယူခွင့်ပြုသည်ဟူသော လှည့်ကွက်တခုပေါ်လာ၏။ နယ်စပ်ရေးရာဒုဝန်ကြီးဗိုလ်ချုပ်မောင်မောင် အုန်းကို ရခိုင်ပြည်နယ်လွှတ်တော်တပ်မတော်သားကိုယ်စားလှယ်အဖြစ် လွှတ်လိုက်၏။ ကြိုတင်ခွင်ဆင်ထားသည်.အတိုင်းပင် နောက်တရက်၌ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခန့်လိုက်၏။သာသနာရေးဒုဝန်ကြီးဦးစိုးဝင်းကို သာသနာရေးဝန်ကြီးခန့်လိုက်၏။ နဂိုထဲက စည်းဝါးရိုက်ခွင်ချထားသော တခါလာလဲမည်းပြာပုဆိုးကိစ်္စမို့ ပြည်သူလူထုက ဘာမှပြောင်းလဲသည်ဟုမမြင်ကြပေ။ ကုလားကြီးနှင့် အရာကြီး အတူတူပဲဖြစ်သည်။ ထိုအချိန်တွင် သခွပ်ပင်ကမီးတကျည် ကျည်ဆိုသလို ပြည်သူကြား၌ ပြောစရာစကားတစ်ခွန်းဖြစ်ပေါ်လာသည်။ ညစ်ညမ်းအရေးအသားများပါသော စာအုပ်တအုပ် တရားဝင်ထွက်ရှိလာ ခြင်းဖြစ်သည်။

အရေးကောင်းမှ ဒိန်းဒေါင်းဖျက်ခြင်းဖြစ်သည်။ တိုင်းပြည် အတွက် ငြင်းခုံမှုလမ်းကြောင်းလွဲသွားရုံကလွဲ၍ ဘယ်သူ့အတွက်မှ အကျိုး မရှိသောကိစ်္စဖြစ်ပါသည်။ ဒီမိုကရေစီဆိုသည်မှာ ဒါလားဟု ဆန့်ကျင် ဘက်ဂိုဏ်းသားများ စွပ်စွဲစရာအကွက်ရသွားနိုင်သော ကိစ်္စဖြစ်သည်။ ဒီလိုလက်ရာတွေကြောင့် စာပေစီစစ်ရေးလိုသည်ဟု နောက်ကြောင်းပြန် သမားများ စာပေကင်ပေတိုင်ရုံးကို ပြန်လည်တမ်းတလာစေသော လုပ်ရပ်ဖြစ်သည်။

အောင်ရင်ငြိမ်းသည် မော်ဒန်ကဗျာဆရာတဦးဖြစ်သည်။ သူသည် နြသ သြိနမည ဟူသော မော်ဒန်လက်သစ်ဂိုဏ်းကို အခြားကဗျာဆရာ အနည်းငယ်နှင့်ပူးတွဲတည်ထောင်ထား၏။ ယခုသူရေးလိုက်သောစာအုပ် မှာ မော်ဒန်ဝါဒဟု သူယုံကြည်ကာ ရေးလိုက်သည်လား။ နာမည်ကြီး ပြီးရော စတန့်ထွင်ကာ အနုပညာဆပ်ပြာပူပေါင်းဖောက်လိုက်တာလား။ အနောက်တိုင်းကလုပ်လျှင် ဘာမဆိုလိုက်လုပ်မယ်ဟု အနုပညာသူငယ် နာမစင်သော လုပ်ရပ်လား၊ သူကိုယ်တိုင်ပဲသိလိမ့်မည်။ ကိုယ်ရေးသော စာအုပ်အား ကိုယ့်အမေကိုပင် ပေးမဖတ်ဝံ့ပါက တခုခုတော့မှားနေပြီ ဟု ဆိုရတော့မည်။

လေဒီချာတာလီ၏ချစ်သူဝတ်္ထုတွင်လဲ ညစ်ညမ်းခန်းတွေပါသည်။ မာတာဟာရီဝတ်္ထုတွင်လဲ ညစ်ညမ်းခန်းတွေပါသည်။ ႀေ်ငခ ႈည်အငညခအ ရုပ်ရှင်တွင်လဲ လိင်ပြကွက်တွေပါပါသည်။ ဒဂုန်တာရာ၏ မေ၀တ်္ထုမှာလဲ လိင်ဆက်ဆံခန်းပါပေသည်။

ဦးနု၏ကာမတဏာဝတ်္ထုလည်း လိင်ကိစ်္စတွေပါဝင်၏။ သို့သော် ဒီအိပ်(ခ်ျ)လောရင့်(စ်)တို့၊ ဒဂုန်တာရာတို့၊ ဦးနုတို့နှင့် အပြာစာအုပ်ရေး သမားများကို အဓိကပိုင်းခြားထားသည်မှာ အနုပညာဆိုသောတံတိုင်း ကြီးဖြစ်သည်။ လူပြိန်းကြိုက် အပြာဝတ်္ထုရေးဆရာတွေတွင် ကာမ အကြောင်းတစ်တစ်ခွခွရေးသည်မှလွဲ၍ ဘာအနုပညာမှမပါပေ။ ညစ်ညမ်း ဇာတ်ဝင်ခန်းတွေထည်.ရေးမှ နြသ သြိနမည ဖြစ်မည်ဆိုပါက အောင်ရင် ငြိမ်းမှာ မည်သည့်အခါမှမော်ဒန်မဖြစ်နိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ဤညစ်ညမ်းစာပေအရေးအသားမျိုးကို မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်ဆယ်၊ အစိတ်ကပင် အပြာစာအုပ်ရေးသမား ရတနာဝင်းထိန်တို့ အဖွဲ့က အောင်မြင်စွာရေးသားခဲ့ပြီးသွား၍ဖြစ်ပေသည်။

သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်(အတွဲ၉-အမှတ် ၇ )

ACM Credit To : News Watch(စောင့်ကြည့်သတင်းဂျာနယ်)
http://www.ayechanmon-news1.com/
Photo: ညစ်ညမ်းစာပေရေးမှ အနုပညာလား
===============

Post a Comment

Top