0
လှိုင်ထွေးအောင် - ရန်ကုန်တိုင်းမ် ဂျာနယ်- အတွဲ (၁၀)၊ အမှတ်(၂၅)။

မန္တလေး၊ သာသနာရေးယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ(သာ) အက္ခရာဖြင့် ယာဉ်အ မှတ်များပြုလုပ်ပေးထားရာ အဆိုပါ ယာဉ်များကို အင်္ဂလိပ်အက္ခရာ RLG ပါ နံပါတ်များသို့ပြောင်းလဲ ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း ကညန(မန္တလေး) ရုံးယာဉ် မှတ်ပုံတင်(ကနဦး)မှ သိရသည်။

သာသနာရေးယာဉ်အဖြစ် တင် သွင်းလာသော ယာဉ်များကိုစတင်တင် သွင်းရာတွင် အခွန်ကင်းလွတ်ခွင့်ရရှိ ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူတင် သွင်းပါကအကောက်ခွန်စာရွက်စာ တမ်းတွင် Exempted မှတ်ချက်ပေး ထားသဖြင့် အကောက်ခွန်၊ ကုန်သွယ် ခွန်များ ကင်းလွတ်ခွင့်ရရှိသည်။

''သာသနာရေးနံပါတ်ဆိုတာ များသောအားဖြင့် ဆရာတော်ကြီးတွေ စီးတဲ့ကား၊ သာသနာတော်ဆိုင်ရာအဖွဲ့ အစည်း လုပ်ငန်းသုံးတဲ့ ကားတွေပါ။ လိုအပ်တဲ့စာရွက်စာတမ်း ထောက်ခံ စာပြည့်စုံတဲ့ကားဖြစ်ရင် အကောက်အ ခွန်ကင်းလွတ်ခွင့်ပြုတယ်။ တရားဝင် တင်သွင်းခွင့်ရရှိပါတယ်''ဟု တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ မန်း တောင်၊ မြောက်ပိုင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်ခရိုင်ရုံးများတွင် (သာ) အက္ခ ရာပါ နံပါတ်ဖြင့် မှတ်ပုံတင်ထားသည့် ယာဉ် ၁ဝ စီးခန့်ရှိသော်လည်း အင်္ဂလိပ် အက္ခရာ RLG နံပါတ်လာ ပြောင်းသည့် ယာဉ်မရှိသေးကြောင်းသိရသည်။

ACM Credit To : Yangon Media Group
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top