0

ရန်ကုန် ၊ ဇွန် ၃ရက်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းရှိ မြောက်တံငါရွာမှ လယ်သမားများသည် ၂၀၁၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင်
သိမ်းဆည်းခံလယ်ယာမြေများကို ထွန်းတုံးတိုက်ပွဲဆင်နွဲ၍ စိုက်ပျိုးခဲ့ကြပြီး စပါးရိတ်သိမ်းချိန် တွင် အာဏာပိုင်အဖွဲ့အစည်းမှ
ရိတ်သိမ်းခွင့် မပြုပဲ ဝင်ရောက်ရိတ်သိမ်းသူများကို တရားစွဲဆို သွားမည်ဟု ပြောဆိုခဲ့ကြောင်း ကြားသိရသည်။

၁၉၈၂-၈၃ ခုနှစ်တွင် ရေနံ့သာအဆင့်မြင့် ကုန်ထုတ်သမ အသင်းက လယ်ယာမြေဧက (၆၀၀)ကျော် သိမ်းယူခဲ့ပြီး သိမ်းဆည်းခံ
လယ်သမားများက လယ်မြေဧက ၅၇၈ ဧကကိုသာ ဝင်ရောက် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

“လယ်ယာမြေတွေကို ရေနံ့သာသမ အသင်းက ၁၉၈၂ ခုနှစ်မှာ သိမ်းယူခဲ့ပြီးတော့ ဘုံ မြေယာစနစ် ကျင့်သုံးမယ်ပြောပါတယ်။
အသင်းသားအဖြစ်လည်း ဝင်ရောက်ခိုင်းပါတယ်။ကိုယ့်လယ်ယာမြေကို အခကြေးငွေပေးပြီး ပြန်လုပ်ရမှာဆိုတော့ ဘယ်သူတစ်ဦး
တစ်ယောက်မှ အသင်းဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်း မရှိပါဘူး။ အခုလယ်ယာမြေတွေကို ဝင်ရောက်စိုက်ပျိုးတော့လည်း အားလုံး
စိုက်ပျိုးလို့မရပါဘူး။ တစ်ချို့လယ်ယာမြေတွေက ငါးကန်တွေတောင် ဖြစ်နေပါပြီ” ဟု ဒေသခံတစ်ဦးဖြစ်သည့် ကိုနေမျိုးဆေးမှ
ပြောကြားခဲ့သည်။

“မြို့နယ်အုပ်ချုပ်ရေးမှူး၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မရိတ်သိမ်းဖို့ လာရောက်တားမြစ်ပါတယ်။ ဘယ်လို့ပဲလာပြောပြော ကျွန်တော်တို့
စိုက်ပျိုးထားတဲ့ မြေယာတွေကိုတော့ ရိတ်သိမ်းမှာပါ။ကျွန်တော့် အဖေဆိုရင် ထွန်းတုံးတိုက်ပွဲ ဆင်နွဲခဲ့လို့ ပုဒ်မ ၅၀၅(ခ) နဲ့ဖမ်းဆီးခံထားရပါတယ်။
ကျွန်တော်တို့ စိုက်ပျိုးခဲ့တဲ့ အသီးအနှံတွေကိုတော့ ကျွန်တော်တို့ခံစားခွင့်ရသင့်တယ်လို့ထင်ပါတယ်” ဟု၎င်းကဆက်လက် ပြောကြားခဲ့သည်။

အဆိုပါလယ်ယာမြေများကို စတင်ရိတ်သိမ်းခဲ့သော တောင်သူ ၁၈ ဦးကို ပုဒ်မ ၄၄၇ ဖြင့်အမှုဖွင့် တရားစွဲဆို ထားကြောင်းသိရသည်။
ယခင်အုပ်ချုပ်ခဲ့သော အစိုးရများ လက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် လယ်မြေဧက ၆သန်းခန့်သိမ်းယူခဲ့ပြီး ၄ သန်းခန့်မှာ
တပ်ပိုင်မြေအဖြစ် သိမ်းယူ ထားကြောင်း သိရှိရသည်။

ချမ်းမင်းဟန်

ACM Credit To :http://www.mmanewsagency.com/
http://www.ayechanmon-news1.com/
Photo: ထွန်တုံးတိုက်ပွဲဆင်နွဲခဲ့ပြီး စိုက်ပျိုးခဲ့သော လယ်ယာမြေများကို မရိတ်သိမ်းရန် အာဏာပိုင်များမှ တားမြစ်

ACM Credit To :http://www.mmanewsagency.com
http://www.ayechanmon-news1.com/

Post a Comment

Top