0

အမျိုးသား တစ်ယောက် ရှိတယ်။ သူက အမျိုးသမီး သုံးယောက်ထဲက တစ်ယောက်ကို လက်ထပ်ဖို့အတွက် ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို အချိန်အတော် ကြာအောင် စဉ်းစားနေပါတယ်။

ထိုသုံးယောက်ကို စာမေးပွဲစစ်ဖို့ သူ ဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့် တစ်ယောက်စီကို ဒေါ်လာ ၅၀၀ စီပေး လိုက်ပါတယ်။

ပထမ တစ်ယောက်

ဆွဲဆောင်မှု ရှိပြီး အရမ်းလှတယ်။ သူပေးလိုက်သော ဒေါ်လာ ၅၀၀၀ ကို beauty salon သွားပြီး မျက်နှာ ပေါင်တင်တယ်၊ ဆံပင်ဆေးဆိုးတယ်၊ ခြေသည်း လက်သည်းတွေကို ဆေးခြယ်တယ်။ ဒီလိုနည်းနဲ့ သုံးလိုက် ပါတယ်။

ထို့နောက် အမျိုးသမီးက သူ့ကို အရမ်းချစ်တယ်ဟု ပြောလာပါတယ်။ အမျိုးသားဟာ ထိုမိန်းကလေးကို အရမ်းသဘောကျသွားတယ်။

ဒုတိယ တစ်ယောက်

ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောပါတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို Shoppig ထွက်တယ်။ မုန့်စားတယ်။ သူ့အတွက် လက်ဆောင်တောင် ဝယ်ပေးတယ်။ ထို့နောက် သူ့ကို မိန်းမချောလေးက I love you လို့ ပြောတယ်။ အမျိုးသားဖြစ်သူ ကြွေသွားတယ်။

တတိယ တစ်ယာက်က

ဆွဲဆောင်မှုတော့ မရှိဘူး။ မချေဘူး။ သဘော အလွန်ကောင်းတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံကို သူ့ကို ပြန်ပေးတယ်။ ပြီးတော့ သူမက ရှင့်ကို အရမ်းချစ်တယ်လို့ ပြောတယ်။ သူ့အတွက် လက်ဆောင်တစ်ခု ထပ်ပြီး ဝယ်ပေးတယ်။ သူအရမ်း အရမ်းကို ထိုအမျိုးသမီးကို ကြိုက်နှစ်သက်သွားတယ်။

ထိုအမျိုးသားသည် ဘယ်မိန်းကလေး ရွေးချယ်မည် ထင်ပါသနည်း။

(၁) ရုပ်ချောပြီး ဆွဲဆောင်မှု ရှိတယ်။

(၂) ဆွဲဆောင်မှုတော့ အရမ်းမရှိဘူး ချောတယ်။

(၃) ဆွဲဆောင်မှုလည်း မရှိဘူး။ မချောဘူး။ သဘောကောင်းတယ်။ သူ့အတွက်ပဲ ကြည့်တယ်။

ထိုသူသည် အရမ်းချောပြီး ဆွဲဆောင်မှု ရှိတဲ့ ပထမဆုံး တစ်ယောက် တစ်ယောက်ကို ရွေးချယ် လိုက်ပါတယ်။

ထို့ကြောင့် ယောင်္ကျားဟု ခေါ်သည်။

www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)

ACM Credit To :YoYarLay
http://www.ayechanmon-news1.com/
Photo: ထို့ကြောင့် ယောင်္ကျားဟု ခေါ်သည်

Post a Comment

Top