ACM Re-Post 21-6-2014
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ယာဉ်တစီးဟာ ရဲတပ်ဖွဲ့အဆောက်အဦးထဲကို မောင်းဝင်ပြီး ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖောက်ခွဲခဲ့ပြီးတဲ့နောက်ဝင်တိုက်တဲ့ လူ ၁၃ ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ တရုတ်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
ဒီကနေ့တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရသွားပေမယ့် အရပ်သားတယောက်မှာ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ တရားဝင် အစိုးရ အင်တာနက်စာမျက်နှာတခုမှာ ပြောထားပါတယ်။
အခုဖြစ်ရပ်ဟာ သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ ရှင်ကျန်းဒေသပတ်ဝန်းကျင်မှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိခဲ့တဲ့ထဲက နောက်ဆုံး ထွက်လာတဲ့ဖြစ်ရပ်ပါ။ ရှင်ကျန်းဒေသခံ မူစလင်မ် Uighur တိုင်းရင်းသားတွေက သူတို့ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုပြီး လိုချင်နေတာဖြစ်ပါတယ်။
Aye Chan Mon Credit To: VOA
http://www.ayechanmon-news1.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.