0

ACM Re-Post 21-6-2014

ရန်ကုန်- ရန်ကုန်မြို့ လှည်းတန်းဈေးအနီးတွင် ယနေ့ညနေက ဓာတ်ကြိုးပြတ်ကျရာ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေး ၇လမ်းထဲရှိ ဖိနပ်ဆိုင်သို့ ဖိနပ်လာပို့သော ကားပေါ်သို့ Main Service လျှပ်စစ်ဓာတ်ကြိုးပြတ်ကျသောကြောင့် ဓာတ်လိုက်၍ လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် မျက်မြင်တွေ့ရှိသူများထံမှ သတင်းရရှိသည်။

‘‘ဖိနပ်လာပို့တဲ့ကားပေါ်ကို ကျသွားတာ ကံကောင်းသွားတာ အဲဒီကားသာမရှိရင် မိုးကရွာနေတော့ လမ်းထဲမှာ ဈေးရောင်းတဲ့လူတွေ အားလုံးတစ်သီကြီး သေသွားနိုင်တယ်’’ဟု ဓာတ်လိုက်သူများအား ရန်ကုန်ဆေးရုံကြီးသို့ လိုက်ပို့ခဲ့သူ ဦးဉာဏ်မြင့်ကဆိုသည်။

အခင်းဖြစ်ပွားသည့်အချိန်တွင် မိုးရွာနေပြီး လျှပ်စစ်မီးပြန်လာသည့်အချိန်၌ ဓာတ်ကြိုးပြတ်ကျခြင်းဖြစ်ကြောင်း ၇ လမ်းထဲတွင် ယိုးဒယားအကင်ရောင်းနေသည့် ဒေါ်ချိုကပြောသည်။

လက်ရှိတွင် လူနာများအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ထားပြီး နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားသလို ကျန်နှစ်ဦးမှာလည်း အရေးပေါ် အခြေ အနေတွင်ရှိကြောင်း ဓာတ်လိုက်သူများအား ဆေးရုံကြီးသို့ လိုက်ပို့ခဲ့သူ ကိုဉာဏ်မြင့်ကပြောသည်။ သေဆုံးသူနှစ်ဦးမှာ ဖိနပ်လာပို့သော ကားပေါ်မှ တစ်ဦးနှင့် ကုန်စိမ်းအရောင်းဆိုင်မှ တစ်ဦးတို့ဖြစ်သည်။ ဖိနပ်ဆိုင်သို့ ဖိနပ်လာဝယ်သူတစ်ဦးနှင့် ကုန်စိမ်းရောင်းသူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ပြတ်ကျခဲ့သည့် ဓာတ်ကြိုးမှာ လှည်းတန်းဈေး ၇ လမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ ဓာတ်တိုင်မှဖြစ်ပြီး မကြာသေးခင်ကလည်း တစ်ခါပြတ်ကျခဲ့ပြီး မကြာခဏပြတ်ကျလေ့ရှိကြောင်း ဒေါ်ချိုကပြောသည်။

ဓာတ်လိုက်၍ ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ရန် သယ်ယူနေစဉ်

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top